မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Wed, 03/13/2024 - 09:07 -- bordertrade

              မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ(၅) ရက်နေ့မှ (၉)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၀၂၆၀) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၉၈၃) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁.၁၂၄၂) သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်းမှ မတ်လ(၅) ရက်နေ့ မှ (၉) ရက်နေ့ အထိ လယ်ယာထွက်ကုန် ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၃၁၅.၄၄) တန်၊ (၀.၀၈၈၄) ဒေါ်လာသန်း၊ ငရုတ်သီး (၈၁၇.၁၄၁) တန်၊ တန်ဖိုး (၀.၅၅၁၁) ဒေါ်လာသန်း၊ ငှက်ပျောသီး (၃၅) တန်၊ တန်ဖိုး (၀.၀၁၀၆) သန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၂၂၈.၅၆၀) တန်၊ တန်ဖိုး (၀.၃၆၂၈) ဒေါ်လာသန်း၊  သစ်တောထွက်ပစ္စည်းအနေဖြင့် ဓနိဖက် (၁၈) တန်၊ တန်ဖိုး (၀.၀၀၂၄) ဒေါ်လာ သန်း၊ စက်မှုကုန်ချောပစ္စည်းအနေဖြင့် တံမြက်စည်း (၅၄) တန်၊ တန်ဖိုး (၀.၀၁၀၇) ဒေါ်လာသန်း တင်ပို့ နိုင်ခဲ့ပါသည်။ သွင်းကုန်တင်သွင်းမှုအနေဖြင့် သစ်သီးမျိုးစုံ (၄၈) တန်၊ တန်ဖိုး (၀.၀၁၆၅) ဒေါ်လာသန်း၊ ကြွေပြား (၁၁၉၃၅) M2 ၊ တန်ဖိုး (၀.၀၂၈၅) ဒေါ်လာသန်း၊ကျောက်ပြား(၁၇၇၀၀၀) M2 ၊ တန်ဖိုး (၀.၀၃၄၄) ဒေါ်လာသန်း၊ ကော်ဇော (၃)  တန်၊ တန်ဖိုး (၀.၀၀၁၇) ဒေါ်လာသန်း၊  ငါးသေတ္တာဘူးခွံ (၅) တန်၊ တန်ဖိုး (၀.၀၀၁၆) ဒေါ်လာသန်း၊ ပုစွန်သားပေါက် (၅၀၀) တန်၊ တန်ဖိုး (၀.၀၀၂၈) ဒေါ်လာသန်း၊ A4 စက္ကူ (၈) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ဖိနပ် (၂၃.၂) တန်၊ တန်ဖိုး (၀.၀၀၂၇) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်ပို့ကုန်ပစ္စည်းများ၏(၁)တန်ဈေးနှုန်း များမှာ ငါးမျိုးစုံ (၈၂၂.၁၅၀) ဒေါ်လာနှုန်း၊ ပုစွန် (၁၅၈၆.၀၀) ဒေါ်လာနှုန်း၊ ကဏန်း (၁၉၄၅.၁၅၅) ဒေါ်လာ နှုန်း၊ ကင်းမွန် (၁၇၈၉.၉၈) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၄၂၉.၂၄၁) ဒေါ်လာနှုန်း၊ ငရုတ်သီး (၆၇၄.၄၂၅) ဒေါ်လာနှုန်း၊ ဓနိဖက် (၁၃၃.၃၃) ဒေါ်လာနှုန်း၊ တံမြက်စည်း (၁၉၈.၁၄၈) ဒေါ်လာနှုန်း၊ ငှက်ပျောသီး (၃၀၂.၈၅၇) ဒေါ်လာနှုန်း ဖြစ်ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ - သစ်သီး (၃၄၃.၇၅) ဒေါ်လာနှုန်း၊ ကြွေပြား (၂.၃၉) ဒေါ်လာနှုန်း၊ ကျောက်ပြား(၃၅) ဒေါ်လာနှုန်း၊ ကော်ဇော (၅၆၆.၆၇) ဒေါ်လာ၊ ငါးသေတ္တာဘူးခွံ (၃၂၀) ဒေါ်လာနှုန်း၊ ပုစွန်သားပေါက် (၅.၆) ဒေါ်လာနှုန်း၊  A4 စက္ကူ (၁၂၆၂.၅) ဒေါ်လာနှုန်း၊ ဖိနပ် (၁၁၆.၃၇၉) ဒေါ်လာနှုန်း ဖြစ်ပါသည်။

              မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်းသိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

Border Trade News

Pages