မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Fri, 03/08/2024 - 05:38 -- DotBorderdep

           မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ (၃) ရက်နေ့မှ မတ်လ(၄) ရက်နေ့ ထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၂၇၁)သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၉၄၀)သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၃၂၁၁) သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

            မောတောင်ကုန်သွယ်ရေးစခန်းမှ မတ်လ(၃) ရက်နေ့ မှ (၄) ရက်နေ့အထိ လယ်ယာထွက်ကုန် ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၂၁၀.၆) တန်၊ (၀.၀၇၇၈) ဒေါ်လာသန်း၊ ငရုတ်သီး (၁၂၄.၂၂၀) တန်၊ တန်ဖိုး (၀.၀၈၁၃) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြား ရေထွက်ပစ္စည်းများ (၄၇.၄၁၀) တန်၊ တန်ဖိုး (၀.၀၆၇၁) ဒေါ်လာသန်း၊  သစ်တောထွက်ပစ္စည်း အနေဖြင့် ဓနိဖက် (၆)တန်၊ တန်ဖိုး (၀.၀၀၀၈) ဒေါ်လာသန်း၊ တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှု အနေဖြင့် သစ်သီးမျိုးစုံ (၁၃.၅) တန်၊ တန်ဖိုး (၀.၀၀၄၃) ဒေါ်လာသန်း၊ အမွှေးဆီ (၇၅.၈၁၆) တန်၊ တန်ဖိုး (၀.၀၈၉၈) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်း များမှာ ငါးမျိုးစုံ(၈၇၀.၃၂၀)ဒေါ်လာနှုန်း၊ ပုစွန်(၇၁၅၀.၃၄၀)ဒေါ်လာနှုန်း၊ ကဏန်း(၂၅၄၈.၇၂၀)ဒေါ်လာ နှုန်း၊ ကင်းမွန် (၂၂၃၂.၁၃၄) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၃၆၉.၈၉၆) ဒေါ်လာနှုန်း၊ ငရုတ်သီး (၆၅၄.၄၅၄) ဒေါ်လာနှုန်း၊ ဓနိဖက် (၁၃၃.၃၃) ဒေါ်လာနှုန်းဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ - သစ်သီး (၃၁၈.၄၈၄) ဒေါ်လာနှုန်း၊ အမွှေးဆီ (၁၁၈၄.၄၄၆)  ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

          မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၄-၃-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာ ငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၀၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၀၀.၀၀) ကျပ်ခန့်ရှိပါ ကြောင်းနှင့် ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။

Border Trade News

Pages