မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်(၂၇-၆-၂၀၂၃) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Wed, 07/05/2023 - 04:24 -- DotBorderdep

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၂၇-၆-၂၀၂၃)ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန်ဒေါ်လာ (၁.၃၄၃)သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ(၁.၆၄၇)သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၂.၉၉၀)သန်း ဆောင်ရွက်နိုင်ခဲ့သည်။

အများဆုံးအမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာခဲသွပ်အရောသတ္တု (၅၁၁.၀၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၃၇၂)သန်း၊မြေထောက်ပဲ (၁၃၄.၅၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၂၀၀)သန်း၊ ငါးရှဉ့် (၄၅.၁၂၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၆၃)သန်း၊ ပုစွန်ဖွဲ (၂၄၅.၀၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၇)သန်း၊ ကဏန်း (၂၃.၉၇၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၁၀၁)သန်း၊ထောပတ်ပဲ(၆၈.၀၀၀)တန်၊ တန်ဖိုး (၀.၀၇၅)ဒေါ်လာသန်း၊ နနွင်းတက်(၁၂၄.၈၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၇)သန်း၊ ဝါဂွမ်း (၃၃.၀၁၇)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၅၈)သန်း၊ သရက်သီး(၁၀၇.၂၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၅)သန်း၊ သကာရည်(၁၀၂.၀၀၀) တန်၊ တန်ဖိုး (၀.၀၃၀) ဒေါ်လာသန်းတို့ဖြစ်သည်။

အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဓာတ်ဆီ ကန်ဒေါ်လာ (၀.၂၆၂)သန်း၊ ဆိုလာပြား တန်ဖိုးကန်ဒေါ်လာ (၀.၂၁၅)သန်း၊ သွပ်လိပ် တန်ဖိုးကန်ဒေါ်လာ (၀.၁၂၄)သန်း သံပိုက် တန်ဖိုး ကန်ဒေါ်လာ(၀.၁၀၃)သန်း၊ ယာဉ်နှင့်ယာဉ်ယန္တရားများ တန်ဖိုးကန်ဒေါ်လာ(၀.၀၇၁)သန်း၊ ဒီဇယ်ဆီ တန်ဖိုးကန်ဒေါ်လာ (၀.၀၄၆)သန်း၊ ဘက္ထရီ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၂)သန်း၊ သံဘောင် တန်ဖိုး ကန်ဒေါ်လာ(၀.၀၄၂)သန်း၊ စပျစ်သီး တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၅)သန်း၊ စီးကရက်ကုန်ကြမ်း တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၀) သန်းတို့ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှ (2၇) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၃၈.၂၂၆)သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၅၂.၄၇၆)သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၉၀.၇၀၂)သန်း ဆောင်ရွက် နိုင်ခဲ့ပြီးဖြစ်ပါသည်။ MACCSစနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၉၃.၇၈၂)ကျပ်ဖြင့် တွက်ချက်ထားရှိခြင်း ဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခ ကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့် ရှိသည်။

 (၂၇-၆-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ခဲသွပ်အရော သတ္တု (၁)တန်လျှင် အမေရိကန်ဒေါ်လာ(၇၂၇.၃၀၀)နှုန်း၊ မြေထောက်ပဲ (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၄၈၅.၈၃၇)နှုန်း၊ ငါးရှဉ့်(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၃၆၁၂.၂၅၁)နှုန်း၊ ‌ပုစွန်ဖွဲ(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၄၇၈.၁၇၈)နှုန်း၊ ကဏန်း(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၂၀၄.၄၄၀)နှုန်း၊ ထောပတ်ပဲ(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၉၉.၃၀၄)နှုန်း၊ နနွင်းတက် (၁)တန်လျှင် အမေရိကန် ဒေါ်လာ (၅၃၉.၇၂၀)နှုန်း၊ ဝါဂွမ်း(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၇၅၆.၃၁၃)နှုန်း၊ သရက်သီး(၁) တန်လျှင် အမေရိကန်ဒေါ်လာ(၄၂၂.၄၂၁)နှုန်း၊သကာရည် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၉၃.၇၈၂၀)နှုန်းဖြင့် တင်ပို့နိုင်ခဲ့သည်။

Border Trade News

Pages