ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့လျက်ရှိသောဆန်ကြာဆံ

Wed, 11/16/2022 - 08:29 -- DotBorderdep

    ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်

      မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက် ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းများတင်ပို့လျက်ရှိရာတွင်ဆန်ကြာဆံအားပြည်ပပို့ကုန်အဖြစ် မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ် ဈေးကွက်သို့ ထိုးဖောက်ရောင်းချနိုင်ခဲ့သည်။

      ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(Mini Budget) (၆) လတာကာလအတွင်းဆန်ကြာဆံတင်ပို့မှုတန်ချိန် (၂.၈) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်းသာတင်ပို့နိုင်ခဲ့ပြီး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလ မှ စက်တင်ဘာလအထိ) (၆) လတာကာလအတွင်းဆန်ကြာဆံ တန်ချိန် (၉.၇) တန်၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာသန်းဖိုး တင်ပို့နိုင်ခဲ့ပါသဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget)ကာလထက် (၀.၀၀၈) ဒေါ်လာသန်းပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဆန်ကြာဆံများသည် တစ်ဖက်နိုင်ငံဘင်္ဂလားဒေ့ရှ်ဈေးကွက် တွင် ဝယ်လိုအားရှိသည့် ကုန်ပစ္စည်းတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

Border Trade News

Pages