ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့လျက်ရှိသော မြန်မာ့ရေချိုငါးငါးမြစ်ချင်း

Tue, 12/13/2022 - 06:38 -- DotBorderdep

၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့

         မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုဒေသအလိုက် အဓိကစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အချို့တွင် ငါးမွေးမြူရေးကန်များကို စီးပွားဖြစ် တူးဖော်လုပ်ကိုင်လျက်ရှိသည်။

       မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ စက်မှုကုန်ချောပစ္စည်းများ တင်ပို့လျက်ရှိရာတွင်ရေထွက်ပစ္စည်း တစ်မျိုးဖြစ်သည့် မြန်မာ့ရေချိုငါး ငါးမြစ်ချင်းများအား မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ တင်ပို့လျက်ရှိပါသည်။

      ၂၂၁-၂၀၂၂ ဘဏ္ဍာနှစ်(Mini Budget) (၆) လတာကာလအတွင်း မြန်မာ့ရေချိုငါး ငါးမြစ်ချင်းတန်ချိန် (၅၁၈၀.၆) တန်၊ တန်ဖိုး (၆.၃၁၄) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလ မှ စက်တင်ဘာလအထိ) (၆) လတာကာလအတွင်းမြန်မာ့ရေချိုငါးငါးမြစ်ချင်းတန်ချိန် (၅၁၉၅.၂) တန်၊ တန်ဖိုး (၆.၄၉၄) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ကာလထက် (၀.၁၈) ဒေါ်လာသန်းပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

Border Trade News

Pages