ဘင္ဂလားဒေ့ရှ်သို့ တင်ပို့လျက်ရှိသောဆီးယိုထုပ်

Tue, 12/27/2022 - 03:54 -- DotBorderdep

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့

     မောင်တောကုန်သွယ်ရေးစခန်းမှ စက်မှုကုန်ချောပစ္စည်းတစ်မျိုးဖြစ်သည့် ဆီးယိုထုပ်များအား ပြည်ပပို့ကုန်အဖြစ် မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါသည်။

     ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) (၆) လတာကာလအတွင်း ဆီးယိုထုပ်တန်ချိန် (၃၇၈၇.၃၅) တန်၊ တန်ဖိုး (၁.၂၅) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလ မှ စက်တင်ဘာလ အထိ) (၆)လတာကာလအတွင်း ဆီးယိုထုပ် တန်ချိန် (၃၅၆၄.၃) တန်၊ တန်ဖိုး (၁.၁၇၆) ဒေါ်လာ သန်း တင်ပို့နိုင်ခဲ့ပါသဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ကာလထက် (၀.၀၇၄) ဒေါ်လာ သန်း တင်ပို့မှုလျော့နည်းခဲ့သည်။ Mini Budget ကာလထက် တင်ပို့မှုလျော့နည်းခဲ့သော်လည်း ဆီးယိုထုပ်များအား တစ်ဖက်နိုင်ငံဘင်္ဂလားဒေ့ရှ် ဈေးကွက်တွင် အမြဲတမ်းဝယ်လိုအားရှိသည့် ကုန်ပစ္စည်းတစ်မျိုးဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

Border Trade News

Pages