ဘင္ဂလားဒေ့ရှ်တွင်စျေးကွက်ရရှိနေသော ြမန်မာ့ကော်ဖီမစ်

Tue, 11/01/2022 - 03:52 -- DotBorderdep
  • မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ တင်ပို့နေသောစက်မှုကုန်ချော ပစ္စည်း များအနက် ကော်ဖီမစ်သည်လည်း ပို့ကုန်အမယ်တစ်ခုအဖြစ် ပါဝင်လျက်ရှိသည်။ မြန်မာ့ ကော်ဖီမစ်များအားပြည်ပပို့ကုန်အဖြစ် ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ မောင်တောကုန်သွယ်ရေးစခန်းမှ တင်ပို့လျက်ရှိသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(Mini Budget) (၆) လတာကာလအတွင်းကော်ဖီမစ် တန်ချိန် (၁၀.၄) တန်၊ တန်ဖိုး (၀.၀၃၀) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့သော်လည်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလ မှ စက်တင် ဘာလ အထိ) ကော်ဖီမစ် တန်ချိန် (၅) တန်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်းသာ တင်ပို့နိုင် ခဲ့သဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ကာလထက် (၀.၀၁၅) ဒေါ်လာသန်းတင်ပို့မှု လျော့နည်း ခဲ့ကြောင်း သိရသည်။

Border Trade News

Pages