ပို့ကုန်တိုးပွား အေးချမ်းသာယာသော မြို့ကော့သောင်း

Tue, 11/08/2022 - 09:32 -- DotBorderdep

ကော့သောင်းကုန်သွယ်ရေးစခန်းမှ (၂-၁၁-၂၀၂၂) ရက်နေ့တွင် ပို့ကုန်အနေဖြင့် ငါးမျိုးစုံ (၃၈၇) တန်၊ တန်ဖိုး (၀.၃၉၉) ဒေါ်လာသန်းနှင့် ဆီအုန်းကြိတ်ဖတ် (၁၀၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။ သွင်းကုန်အနေဖြင့် ကန့် (၃၂)တန်၊ တန်ဖိုး (၀.၀၁၀)ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။ (၃-၁၁-၂၀၂၂) ရက်နေ့တွင် ပို့ကုန်အနေဖြင့် ငါးမျိုးစုံ (၆၉၇) တန်၊ တန်ဖိုး (၀.၈၀၃) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် အနေဖြင့် ကန့် (၃၂) တန်၊ တန်ဖိုး (၀.၀၁၀)ဒေါ်လာသန်း  တင်သွင်းခဲ့သည်။

(၄-၁၁-၂၀၂၂) ရက်နေ့တွင် ပို့ကုန် အနေဖြင့် ငါးမျိုးစုံ (၆၄၅) တန်၊ တန်ဖိုး (၀.၆၄၇) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။ သွင်းကုန်အနေဖြင့် ကျောက်ချဉ် (၃၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း တင်သွင်းခဲ့သည်။ (၅-၁၁-၂၀၂၂) ရက်နေ့နှင့် (၆-၁၁-၂၀၂၂) ရက်နေ့များတွင် တန်ဆောင်မုန်းလအခါ သမယကာလ စီးပွားရေးတိုးတက်မှုနှင့် နယ်မြေ တည်ငြိမ်အေးချမ်းမှုများကြောင့် ကထိန်သင်္ကန်း ဆပ်ကပ်ခြင်း၊ ဌာနပေါင်းစုံ အဖွဲ့အစည်းများ၏ ပဒေသာပင် လှည့်လည်လှူဒါန်းခြင်းများဖြင့် တည်ငြိမ် အေးချမ်းလှသည့် နယ်စပ်မြို့ကော့သောင်း၏ ကျွန်းစုအလှအပ များကို လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။

Border Trade News

Pages