ထိုင်းနိုင်ငံတွင်အဝယ်လိုက်နေသည့် မြန်မာ့ရှပ် (ခေါ်) ဂုံး

Thu, 12/08/2022 - 04:04 -- DotBorderdep

     ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှတင်ပို့သော ပင်လယ်စာများအနက် မြန်မာ့ရှပ် (ခေါ်) ဂုံးများကိုလည်း နှစ်သက်စွာစားသုံးကြပါသည်။ မြန်မာ့ရှပ် (ခေါ်) ဂုံးများကို စားသုံးပါက ကျန်းမာရေးကောင်းမွန်သည့် အပြင် ခွန်အားအမြန်ပြည့်စေသည့် အစားအစာဖြစ်ကြောင်း ယုံကြည့်ကြသည့်အလျောက် တစ်နိုင်ငံလုံး နီးပါးစားသုံးကြပါသည်။ ရိုးရာအစားအစာများနှင့် တွဲဖက်စားသောက်ကြသည့်အပြင် အမျိုးမျိုးချက်ပြုတ် စားသောက်ကြပါသည်။ အဆိုပါ ရှပ်အားထိုင်းပြည်တွင်းစားသုံးသူများပါမက ထိုင်းနိုင်ငံအတွင်းသို့ လာရောက် လည်ပတ်ကြသော နိုင်ငံခြားခရီးသွားများမှာလဲ ကြိုက်နှစ်သက်စွာ စားသုံးကြကြောင်း သိရှိရသည်။

       ယခုအခါထိုင်းနိုင်ငံသည် ဒီဇင်ဘာလဖြစ်၍ ၎င်းတို့၏ထုတ်ကုန်များကို ဈေးနှုန်းလျှော့ချ၍ ဈေးရောင်းပွဲတော်များကျင်းပလျက်ရှိရာ အဆိုပါဈေးရောင်းပွဲတော်များသို့ ပြည်တွင်းပြည်ပခရီးသွား များ အများအပြားလာရောက်လည်ပတ်ကြပါသည်။ သို့ဖြစ်၍ ဈေးရောင်းပွဲတော်ရှိ စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ ဈေးဆိုင်များတွင် ပင်လယ်စာဖြစ်သည့် မြန်မာ့ရှပ် (ခေါ်) ဂုံးများမှာ ဈေးကွက်လိုအပ်ချက်မြင့် မားနေသော အမယ်တစ်ခုဖြစ်လာပါသည်။ တစ်ဖက်နိုင်ငံမှ ပစ္စည်းအရည်အသွေး သတ်မှတ်ချက်အနေဖြင့် သီးခြားထုတ်ပြန်ထားခြင်းမရှိသော်လည်း လတ်ဆတ်သည့် ရှပ် (အရှင်) များသာ ဈေးကောင်းရရှိကြောင်း သိရှိရသည်။ အကောက်ခွန်နှင့်ပတ်သက်သည့် သွင်းကုန်အခွန်အနေဖြင့်လည်း ပင်လယ်စာများအပေါ် (Duty rate) အခွန်ပမာဏ (၁) ရာခိုင်နှုန်းအောက်သာ သတ်မှတ်ထားကြောင်း သိရှိရသည်။

Border Trade News

Pages