ထိုင်းစျေးကွက်အကြိုက်မြန်မာ့ငါးမျိုးစုံ

Tue, 12/27/2022 - 04:11 -- DotBorderdep

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းမှ ဖမ်းဆီးရမိသည့် ရေထွက်ပစ္စည်းများအနက် ငါးမျိုးစုံ ကိုအဓိကဖမ်းဆီးကြသည်။ ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်သဖြင့် ပြည်တွင်းစားသုံးသူများ သာမက အိမ်နီးချင်းနိုင်ငံများမှာလည်း နှစ်သက်စွာစားသုံးကြသည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက် ပစ္စည်းများအား ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိရာ ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန် သည့်ငါးမျိုးစုံမှာလည်း နေ့စဉ်နှင့်အမျှတင်ပို့နေရသည်။ ငါးမျိုးစုံတွင်အဓိကအားဖြင့် ငါးခွေးလျှာ၊ ပလာတူး၊ ငါးပလွေ၊ ငါးမျက်ကျယ်၊ ငါးဓါးလွယ်၊ ငါးခေါင်းပွ တို့မှာ အများဆုံးတင်ပို့ရသည့် ငါးအမယ်များ ဖြစ်ကြ သည်။

    မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်နိုင်ငံသို့ ငါးမျိုးစုံတင်ပို့မှုအနေဖြင့် နေ့စဉ် (၁၀၀၀၀) kg မှ (၁၃၀၀၀) kg ထိ တင်ပို့နေရပြီး 1 Kg ဈေးနှုန်းအနေဖြင့် ငါးအမျိုးအစားအပေါ်မူတည်၍ အမျိုးမျိုးရှိ ကြသည်။ ငါးတင်ပို့မှုအပေါ် အရည်အသွေး သတ်မှတ်ချက်သီးသန့်ထုတ်ပြန်ထားခြင်းမရှိသော်လည်း လတ်ဆတ်သည့်ငါးများသာ ဈေးကောင်းရရှိကြောင်း သိရှိရသည်။ ရေထွက်ပစ္စည်းတင်ပို့နေသည့်ကုမ္ပဏီ များအနေဖြင့် ဈေးနှုန်းကောင်းမွန်သည့် ငါးမျိုးစုံကို ပိုမိုတင်ပို့သင့်ပါကြောင်း တွေ့ရှိရ သည်။

Border Trade News

Pages