ထိုင်းစျေးကွက်တွင်ဝယ်လိုအားမြင့်မားလာသည့် ြမန်မာ့ကဏန်းငယ် (ခေါ်) ကဏန်းချေးပုံး

Tue, 12/20/2022 - 06:08 -- DotBorderdep

    ထိုင်းနိုင်ငံ၏ရိုးရာအစားအစာများအနက် သင်္ဘောသီးထောင်းသည် နာမည်ကျော်ကြားလှသည့် အစားအစာတစ်ခုဖြစ်ပါသည်။ ပြည်တွင်းစားသုံးသူများသာမက နိုင်ငံအတွင်းသို့ လာရောက်လည်ပတ်ကြ သည့် နိုင်ငံခြားခရီးသည်များပါ နှစ်သက်စွာစားသုံးကြပါသည်။ နာမည်ကျော်ကြားပြီး လူကြိုက်များသည့် အဆိုပါသင်္ဘောသီးထောင်းတွင် မပါမဖြစ် ထည့်သွင်းစားသုံးကြသည့် ကဏန်းငယ်လေးများမှလဲ ဈေးကွက်လိုအပ်ချက်မြင့်မားလာပါသည်။ ထိုကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဒေသမှထွက်ရှိသည့် ကဏန်းငယ်လေးများဒေသအခေါ် ကဏန်းချေးပုံးကို မောတောင်နယ်စပ်ဒေသမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ အပတ်စဉ် တင်ပို့နေရကြောင်း တွေ့ရှိရသည်။

          လက်ရှိပေါက်ဈေးအနေဖြင့် ကဏန်းချေးပုံး 1 Kg လျှင် (၃၂) ဘတ်မှ (၃၅) ဘတ် အကြားရှိပြီး အပတ်စဉ် (၁.၅) တန်မှ (၂) တန် အကြား တင်ပို့နေရပါသည်။ တစ်ဖက်နိုင်ငံမှ ကဏန်းချေးပုံးအပေါ် အရည် အသွေးသတ်မှတ်ချက်သီးခြားထုတ်ပြန်ထားခြင်းမရှိကြောင်း သိရှိရပြီး အကောက်ခွန်သက်သာခွင့် (Form D) ဖြင့် တင်ပို့လျက်ရှိသည်။ ရေထွက်တင်ပို့နေသည့် ကုန်သည်များအနေဖြင့် ဈေးကွက်လိုအပ်ချက် မြင့်မားနေသည့် ကဏန်းချေးပုံးအား ပိုမိုတိုးမြှင့်တင်ပို့သင့်ပါကြောင်း လေ့လာတွေ့ရှိရသည်။

Border Trade News

Pages