တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Tue, 03/12/2024 - 06:14 -- mocadmin

   တာချီလိတ်ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်မှုလုပ်ငန်း များဆောင်ရွက်လျက်ရှိရာ ၂-၃-၂၀၂၄ မှ ၈-၃-၂၀၂၄ ရက်နေ့အထိ ပြောင်း ၁၄,၇၄၆.၆၄၃ တန်၊ ကြက်သွန်နီ ၁၈၀.၇၅၀ တန်၊ လိမ္မော်သီး ၁၈၄.၈၀၀ တန်၊ ထောပတ်သီး ၃၀၂.၀၀ တန်၊ ငရုတ်သီး ခြောက် ၁၃.၀၀ တန်၊ Manganese Dioxide ၃၀၀.၀၀ တန်၊ တံမြက်စည်း ၁၃၀.၉၀ တန်၊ စက္ကူဖြတ်စ ၂၀၂.၀၀ တန်နှင့် ပလတ်စတစ်ဖြတ်စ ၁၀.၀၀ တန် တင်ပို့နိုင်ခဲ့သည်။

   သွင်းကုန်တင်သွင်းမှုအနေဖြင့် ၂-၃-၂၀၂၄ မှ ၈-၃-၂၀၂၄ အထိ ဘိလပ်မြေ၊ လယ်ထွန် စက်များ၊ စက်နှင့် စက်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းများ၊ သုတ်ဆေး၊ ပေါလစ်များ၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ အခြားစက္ကူများ၊ ဆပ်ပြာ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် အခြားပစ္စည်းများ တင်သွင်းခဲ့သည်။

DOT (တာချီလိတ်)

Border Trade News

Pages