တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Fri, 04/05/2024 - 03:30 -- bordertrade

           တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလ မှ မတ်လထိ) ပို့ကုန် ကန်ဒေါ်လာ (၆၁.၆၀၉) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၁၀၈.၄၂၇) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၁၇၀.၀၃၆) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ (၁-၄-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၂,၆၀၅.၂၅၀) တန်၊ တန်ဖိုး (၀.၅၈၇) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ ထောပတ်သီး  (၁၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၄၂.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၆၀၄) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၁-၄-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင် (၉၅၀.၀၃၀) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

          တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိက တင်သွင်းလျက်ရှိပြီး (၁-၄-၂၀၂၄) ရက်တွင် ဒီဇယ် (၀.၀၂၉)ဒေါ်လာသန်း၊ ဓာတ်ဆီ (၀.၀၅၉)​ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၀၇) ဒေါ်လာသန်း၊ စားသောက်ကုန် ​(၀.၀၀၉) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်း (၀.၀၆၈) ဒေါ်လာသန်း၊ အခြားပစ္စည်း  (၀.၀၀၇) ဒေါ်လာသန်း အပါအဝင် (၀.၁၇၉) ဒေါ်လာသန်း တင်သွင်း ခဲ့ပါ သည်။

Border Trade News

Pages