တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ဘိလပ်မြေ တင်သွင်းမှုပိုမို

Tue, 10/18/2022 - 06:02 -- DotBorderdep

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့နေသော ကုန်ပစ္စည်းများမှာ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းမျိုးစုံတို့ တင်ပို့နေပြီး ယခုလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမိုဆောက်လုပ်နေမှုများကြောင့် ဘိလပ်မြေတင်သွင်းမှု ပိုမိုလျက်ရှိသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ လအတွင်း ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် (၁၆၆၂၀)တန်၊ တန်ဖိုး (၁.၃၄၁)ဒေါ်လာသန်းခန့် ရှိသည်။ ဘိလပ်မြေကို တရုတ်နိုင်ငံမှလည်း တင်သွင်းနိုင်သော်လည်း ထိုင်းနိုင်ငံမှ ဘိလပ်မြေကိုသာ တာချီလိတ် ဒေသ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အဓိကထား တင်သွင်းကြကြောင်း သိရှိရသည်။

Border Trade News

Pages