စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့မှ (၂၃) ရက်နေ့အတွင်းပို့ကုန်တင်ပို့နိုင်အခြေအနေ

Fri, 06/30/2023 - 10:56 -- DotBorderdep

မြန်မာ-ဘင်္ဂလားဒေ့ရှ့်နှစ်နိုင်ငံတို့အကြားကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ့်နယ်စပ်ရှိရခိုင်ပြည်နယ်၊စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ဖွင့်လှစ်၍ နယ်စပ်မှတဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ 

စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့မှ (၂၃) ရက်နေ့အထိပို့ကုန် ဒေါ်လာသန်း (၀.၀၂၁၀) သန်းဆောင်ရွက် နိုင်ခဲ့ပါသည်။ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်သွင်းစာရင်းအရ သွင်းကုန်ဆောင်ရွက်ခြင်း မရှိကြောင်းသိရှိရပါသည်။တင်ပို့ခဲ့သည့် ကုန်ပစ္စည်းမှာမန်ကျဉ်းစေ့၊ ဇီးဖတ်၊ချင်းအစို၊ နနွင်းတက်၊အုန်းသီး၊ အုန်းသီးခြောက်တို့ဖြစ်သည်။

အဆိုပါ ပို့ကုန်ပစ္စည်းများ၏ ဈေးနှုန်းမှာ မန်ကျဉ်းစေ့ (၁)တန်လျှင် အမေရိကန် ဒေါ်လာ (၁၀၀) ဒေါ်လာ ၊ ဇီးဖတ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ(၁၁၅)ဒေါ်လာ၊ ဂျင်းအစို (၁)တန်လျှင် အမေရိကန်ဒေါ်လာ(၄၅၀)ဒေါ်လာ၊နနွင်းတက်(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၁၂၀၀)ဒေါ်လာဦအုန်းသီး(အစို၊အခြောက်) (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၃၀၀)ဒေါ်လာဖြစ်ကြောင်း သိရှိရသည်။

ငွေဈေးနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင် (၁၁၄) တာကာနှင့် (၁)တာကာလျှင် (၂၆) ကျပ်ဖြစ် ကြောင်း သိရှိရပြီး၊ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ငွေဈေးပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

ကုန်ပစ္စည်းသယ်ယူစရိတ်မှာ ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ်(၁)ပိသာ (၃၅၀)ကျပ်နှင့် ကုန်ပွ(၁)ပိသာလျှင် (၄၀၀-၄၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။ စစ်တွေ-တက္ကနဗ် သင်္ဘောတင်ခမှာ (၁)ပိသာလျှင် ကုန်ကျစ်(၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ(၁၂၀)ကျပ်ခန့် ရှိကြောင်း သိရှိရသည်။

ရန်ကုန်-စစ်တွေကားလမ်းမှာမိုးရာသီတွင် (၂၂) ဘီးကုန်ကားကြီးများတက်နိုင်မှုနည်းပါးပြီး (၁၂) ဘီးနှင့် (၆)ဘီးယာဉ်များသာသွားလာနိုင်ကြောင်းသိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ့်နှစ်နိုင်ငံအကြားရေမိုင်(၇၀)ခန့် ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်း အခြေအနေမှာမိုးရာသီကာလအတွင်းပင်လယ်ပြင်ရာသီဥတုအခြေအနေပေါ်မူတည်၍ ပုံမှန်အချိန်များထက် ကုန်တင်လှေများသွားလာနိုင်မှုနည်းပါးကြောင်းသိရှိရှိသည်။

Border Trade News

Pages