စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင္ဂလားဒေ့ရှ်နိုင်ငံသို့ စစ်တုံဥ (ဆင်နားရွက်ပိန်းဥ) တင်ပို့မှုဆက်တိုက်မြင့်မားလျှက်ရှိ

Wed, 12/21/2022 - 04:00 -- DotBorderdep

စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန် ပစ္စည်းများ၊ သစ်တောထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ပို့လျက်ရှိသည်။

ရခိုင်ပြည်နယ် စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေသည့်လယ်ယာထွက်ကုန် အုပ်စုအောက်မှ တင်ပို့နေသည့် စစ်တုံဥတင်ပို့သည့်ပမာဏမှာ ယခု၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် နိုဝင်ဘာ လတွင်တန်ချိန်(၅၈၄)တန်တင်ပို့နိုင်ခဲ့ပြီး၊ယခင်လအောက်တိုဘာလနှင့်နှိုင်းယှဉ်လျှင်တန်ချိန်(၂၆၃)တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် ၂ဆ ပိုမိုတင်ပို့နိုင်ခဲ့သည်။

ယခုဒီဇင်ဘာလ ဒုတိယအပတ်ဖြစ်သည့် (၃-၁၂-၂၀၂၂)မှ(၉-၁၂-၂၀၂၂)အတွင်းတွင်လည်း စစ်တုံဥ တန်ချိန်(၂၅၃)တန်အထိ တင်ပို့နိုင်ခဲ့ပြီး၊ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ(၂၆၅၆၅) ဝန်းကျင် (တစ်တန် လျှင် မြန်မာကျပ်ငွေ ၂၂၀၀၀၀)ခန့် ရရှိခဲ့သည်ဟု သိရှိရသည်။

Border Trade News

Pages