ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့မှ ဇွန်လ(၂၃) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု အနီးစပ်ဆုံးကာလထက် ပိုမိုဆောင်ရွက်

Wed, 07/05/2023 - 04:39 -- DotBorderdep

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုတစ်ပတ် ၂၀၂၃ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့မှ ဇွန်လ(၂၃)ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန်ဆောင်ရွက်မှုပို့ကုန် (၇.၂၁၂) ဒေါ်လာသန်းနှင့် သွင်းကုန်ဆောင်ရွက်မှု(၁၇.၄၇၀)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် (၂၄.၆၈၂)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီးယာဉ်စီးရေအနေဖြင့် ပို့ကုန် (၅၅၄)စီး၊ သွင်းကုန် (၁၂၁၀)စီးဆောင်ရွက်နိုင်ခဲ့သည်။

          ယခင်တစ်ပတ် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့မှဇွန်လ(၁၆)ရက်နေ့ အတွင်းလုပ်ငန်း ဆောင်ရွက်မှုမှာ ပို့ကုန်ဆောင်ရွက်မှုပို့ကုန် (၆.၃၅၆) ဒေါ်လာသန်းနှင့် သွင်းကုန်ဆောင်ရွက်မှု (၁၈.၀၁၃)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် (၂၄.၃၆၉) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သည်။

          အဓိကပို့ကုန်ဖြစ်သည့် စွန်တာနီပဲ၊ မြေထောက်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ ရာဘာကြမ်း၊ ရာဘာ၊ ပြောင်းချဉ်ဖက်၊ ကွမ်းသီးတို့တင်ပို့မှုပိုမိုခဲ့သောကြောင့် ပို့ကုန်ပိုင်းတွင် ယခင်အပတ်ထက် (၀.၈၅၆) ဒေါ်လာသန်းပိုမိုခဲ့သည်။

          သွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စုမှ ဖန်ဆောက်လုပ်ရေးပစ္စည်းများ၊ သတ္ထုကုန်ချော ဆောက်လုပ်ရေးပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ဝါယာကြိုးများ၊ အခြားပစ္စည်းများ တင်သွင်းမှုပိုမိုခဲ့သော်လည်းလယ်ထွန် စက်များ၊ လေအေးစက်များ၊ အင်ဂျင်များ၊ စက်နှင့် စက်ပစ္စည်းများ၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ တွင်းထွက် (သတ္တုမှအပ)၊ ဆောက်လုပ်ရေးပစ္စည်းများ၊ တင်သွင်းမှုလျော့နည်းခြင်းကြောင့် (၁.၀၃၆)ဒေါ်လာသန်း လျော့နည်း ဆောင်ရွက်နိုင်ခဲ့သည်။

          လုပ်ငန်းသုံးကုန်ကြမ်းအုပ်စုတွင် အခြားစက္ကူများ၊ ဓာတုဗေဒချည်ခင်များ၊ သတ္ထုကုန်ကြမ်း ပစ္စည်းများ၊ သွပ်ပြား၊ တာယာနှင့်ကျွတ်များ၊ အခြားပစ္စည်းများ တင်သွင်းမှုပိုမိုသော်လည်း ဓာတုဗေဒပစ္စည်းများ၊ ဓာတ်ဆေးဆိုးဆေးများ၊ ဓာတ်မြေဩဇာများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ သားရေသားရေတုဖြင့် ပြုလုပ်သောပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ အခြားချည်ခင်များ၊ သံနှင့်သံမဏိ ပစ္စည်းများ တင်သွင်းမှုလျော့နည်းခဲ့ခြင်းကြောင့် (၀.၉၆၀)ဒေါ်လာသန်း လျော့နည်းဆောင်ရွက်နိုင်ခဲ့သည်။

          လူသုံးပစ္စည်းများအုပ်စုတွင် လျှပ်စစ်မီးသီးနှင့်မီးချောင်းများ၊ ဆပ်ပြာ၊ ပရိဘောဂများ၊ အလှကုန် ပစ္စည်းမျိုးစုံ၊ အခြားပစ္စည်းများ တင်သွင်းမှုလျော့နည်းသော်လည်း ဘက်ထရီအခြောက်များ၊ အချိုမှုန့်၊ ချည်ထည်များ၊ အပ်ချည်ကြိုးများ၊ ဆေးဝါးပစ္စည်းများ၊ဇာနှင့် ဇာထိုးထားသောအထည်အလိပ်များ၊ မီးဖိုချောင်သုံးပစ္စည်းများ တင်သွင်းမှုပိုမိုခဲ့ခြင်းကြောင့် (၁.၄၅၃)ဒေါ်လာသန်း ပိုမိုဆောင်ရွက် နိုင်ခဲ့သည်။

          သွင်းကုန်ပိုင်းတွင် ယခင်အပတ်ထက် (၀.၅၄၃)‌ဒေါ်လာသန်း လျော့နည်းခဲ့၍ ကုန်သွယ်မှု ပမာဏအနေဖြင့် (၀.၃၁၃) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

          ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ ယခုအပတ်တွင် အတက်ကုန်ကားခ တစ်ပိဿာလျှင် (၈၁) ကျပ် ရှိကြောင်း သိရှိရသည်။ အဆင်းကုန် ကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၉)ကျပ်၊ ကုန်ပွကားခ တစ်ပိဿာလျှင် (၁၆၃)ကျပ်ရှိကြောင်း သိရသည်။ လယ်ယာ ထွက်ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်းမှာ ဆန် (၄၅၇) ဒေါ်လာနှုန်း၊ ဆန်ကွဲ (၄၄၂) ဒေါ်လာနှုန်း၊ ပဲတီစိမ်း (၈၄၂) ဒေါ်လာနှုန်း၊ မြေထောက်ပဲ (၁၁၄၂) ဒေါ်လာနှုန်း၊ ပဲလွန်းဖြူ (၆၇၁) ဒေါ်လာနှုန်း၊ ပြောင်း (၃၂၈) ဒေါ်လာနှုန်း၊ နှမ်း (၁၇၁၄) ဒေါ်လာနှုန်း၊ ရော်ဘာ (၁၁၄၂) ဒေါ်လာနှုန်း၊ ငရုတ်အစို (၇၁၄) ဒေါ်လာနှုန်း၊ ငရုတ်ခြောက် (၁၂၈၅) ဒေါ်လာနှုန်းရှိခဲ့ကြောင်း သိရှိရသည်။

          မန္တလေး၊ လားရှိုး၊ သိန္ဒီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြောင်း သိရှိရသည်။ 

Border Trade News

Pages