ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Thu, 11/10/2022 - 04:05 -- DotBorderdep

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ဆန်ကွဲ၊ ရော်ဘာ၊ နှံစားပြောင်း၊ ပြောင်း တို့ကိုအဓိကထားတင်ပို့လှျက်ရှိပြီးဝဥအစို၊ ဝဥအခြောက်၊ (ရော်ဘာကြမ်း) တို့ကိုလည်း တင်ပို့လျက်ရှိသည်။ ယခုရက်ပိုင်းအတွင်း ပြောင်းရာသီ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် ပြောင်းတင်ပို့မှုများပြား လာလျက်ရှိသည်။ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ တစ်ပတ် အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်ဆောင်ရွက်မှု (၄.၁၅၅) ဒေါ်လာသန်းဖြစ်ပြီး ယခင်တစ်ပတ် ပို့ကုန်ဆောင်ရွက်မှု (၂.၁၉၇)ဒေါ်လာသန်းဖြစ်သည့်အတွက် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါကပို့ကုန်ပိုင်းတွင် (၁.၉၅၈) ဒေါ်လာသန်း ပိုမိုခဲ့ကြောင်းသိရသည်။

          သွင်းကုန်တင်သွင်းမှုအနေဖြင့် စားသောက်ကုန်၊ ဆေးနှင့်ဆေးဝါး ပစ္စည်းများ၊ လယ်ယာသုံးပစ္စည်းတို့ကို အဓိကတင်သွင်းလျက်ရှိသည်။ ယခုတစ်ပတ်အတွင်း အိမ်ရိုက်သံ၊ သံပိုက်၊နန်းခွေ၊ အပင်ပိုးသတ်ဆေးများ၊ မြေဆီ၊ စောင်၊ ကြွေပြား၊ စက်ဘီးအပိုပစ္စည်းများ၊ စက်အပို ပစ္စည်း များ၊ ကြက်အူချောင်း၊ စတီးချိုင့်၊ စတီးလင်ဗန်း၊စတီးဇွန်း/ခက်ရင်း၊ စတီးဇလုံ၊စတီးခွက်၊ ကော်စေ့များ စသည့် လူသုံးကုန်ပစ္စည်းများ၊ ဆေးနှင့်ဆေးဝါးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများဆုံးတင်သွင်းနိုင်ခဲ့သည်။ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ တစ်ပတ်အတွင်း သွင်းကုန်လုပ်ငန်း ဆောင်ရွက်မှုမှာ (၁.၄၄၃)ဒေါ်လာသန်းဖြစ်ပြီး ယခင်တစ်ပတ်သွင်းကုန်ဆောင်ရွက်မှုမှာ (၄.၈၂၉) ဒေါ်လာသန်းဖြစ်သည့်အတွက် ယခင်တစ်ပတ်နှင့်နှိုင်း ယှဉ်ပါက(၃.၃၈၆) ဒေါ်လာသန်းလျော့နည်းခဲ့သည်။ လက်ရှိကာလတွင် ချင်းရွှေဟော်မြို့၏ ဒေသပေါက် ဈေးအရယွမ်ငွေ ၁ ယွမ် လျှင် ၄၂၇ကျပ်၊ ၄၃၅ကျပ် ဝန်းကျင်ဖြစ်ပေါ်လျက်ရှိပြီး ငွေလဲနှုန်းပြောင်းလဲမှုအရ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းဈေးနှုန်း အနည်းငယ်ပြောင်းလဲမှုရှိကြောင်းသိရသည်။

Border Trade News

Pages