ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Sat, 04/13/2024 - 10:57 -- bordertrade

          ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဧပြီလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (27.420) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.15၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (29.570) ဒေါ်လာသန်း ဖြစ်ပါသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ၊ ဧပြီလ(၈) ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၁၁.၆၈၅) ဒေါ်လာ သန်း၊ သွင်းကုန်(၁.၇၃၉)ဒေါ်လာသန်း၊ စုစုပေါင်း(၁၃.၄၂၄)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက် အပေါ် (၄၅.၃၉၇%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလ(၈)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ပဲယင်း၊ ပဲကြီး၊ ပဲနီကြား၊ မြေထောက်ပဲ၊ နိုင်လွန်ပဲ၊ ထောပတ်ပဲ၊ မတ်ပဲ၊ ဖရဲသီး၊ ရွှေဖရုံသီး၊ငရုတ်သီး၊ ငရုတ်ခြောက်၊ မကျည်းသီး(အစေ့ပါ)၊ ကြက်သွန်နီ၊ အင်ကြင်းကျောက်၊ စကျင်ကျောက်ဆင်းတုနှင့် လောင်စာတောင့်ိိတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီးများနှင့် CMP ပစ္စည်းများတင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ဧပြီလ(၇)ရက်မှ ဧပြီလ(၈) ရက်နေ့အထိ ပို့ကုန် ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၄၃၅၃) တန်၊ တန်ဖိုး (၁.၅၀၇) ဒေါ်လာသန်း၊ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပဲနီကြား တန်ချိန် (၃၄) တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း၊ သစ်သီးဝလံ တင်ပို့မှုအနေဖြင့် ရွှေဖရုံသီး တန်ချိန် (၇၅) တန်၊ တန်ဖိုး(၀.၀၀၇)ဒေါ်လာသန်း၊ ဖရဲသီး တန်ချိန် (၁၀၃၄)တန်၊ တန်ဖိုး (၀.၁၀၇) ဒေါ်လာသန်း၊ ငရုတ်သီး တန်ချိန် (၁၀၂) တန်၊ တန်ဖိုး(၀.၀၄၄)ဒေါ်လာသန်း၊ငရုတ်ခြောက် တန်ချိန် (၁၆၀)တန်၊ တန်ဖိုး (၀.၂၃၈) ဒေါ်လာသန်း၊ ကြက်သွန်နီ  တန်ချိန် (၃၀၃.၅) တန်၊ တန်ဖိုး (၀.၁၃၅) ဒေါ်လာသန်းနှင့် မကျည်းသီး(အစေ့ပါ)  တန်ချိန် (၃၂) တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း တင်ပို့နိုင် ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊လိမ္မော်သီး နှင့် လူသုံး အဝတ်အထည်များဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်း တန်ချိန် (၄၁.၂၀၀) တန်၊ တန်ဖိုး (၀.၀၃၉)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၇၄) တန်၊ တန်ဖိုး (၀.၀၉၄) ဒေါ်လာသန်းနှင့် လူသုံးကုန်ပစ္စည်း တန်ချိန် (၁၄၆.၅) တန်၊ တန်ဖိုး (၀.၁၂၂) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

          ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

Border Trade News

Pages