ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Sat, 04/13/2024 - 11:02 -- bordertrade

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ၇ရက်နေ့မှ ၈ရက်နေ့အထိ ပို့ကုန်တန်ချိန် (၃၄၀၄.၉၄၂)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၂.၉၂၄)သန်းနှင့်သွင်းကုန် (၆၈၁.၃၆၃)တန်၊ (၁၃၉၇)U၊ (၁၄၃၃၃၆. ၁၆၀)M2၊ (၉၄၈၀၀) 2U၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၅၉၀)သန်းဖြစ်ပြီးကုန်သွယ်မှုပမာဏမှာ (၃.၅၁၄)သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

                 ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ၇ရက်နေ့မှ ၈ရက်နေ့အထိ ရေထွက်ကုန်ပစ္စည်းအုပ်စုတွင် (၁၄၀၆.၇၉၃)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၀၇၃)သန်း၊ လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုတွင် (၈၇၄.၂၄၉)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၂၆၁)သန်းနှင့် အခြားပစ္စည်းအုပ်စုတွင်(၁၁၂၃.၉၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁.၅၉၀)သန်းတင်ပို့နိုင်ခဲ့ပါသည်။ပို့ကုန်တိုးမြှင့်ရေးအဓိကဆောင်ရွက်လျက်ရှိရာပြောင်းသီးနှံအားတစ်ဘက်ထိုင်းနိုင်ငံမှ Quotaကာလအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ(၁)ရက်မှ ဩဂုတ်လ (၃၁)ရက်နေ့အထိခွင့်ပြုထားသဖြင့် မိမိနိုင်ငံထွက်ပြောင်းများကိုပင်လယ်ရေကြောင်းရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် ရနောင်းဆိပ်ကမ်းသို့တိုက်ရိုက်တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်းကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်းဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ(၈) ရက်နေ့အထိနယ်စပ်ကုန်သွယ်မှုအနေဖြင့် ကော့သောင်းမှရနောင်းသို့ ပြောင်းတန်ချိန်(၁၄၇၁၅.၆၆၉) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၃.၃၅၇)သန်းအားတင်ပို့နိုင်ခဲ့ပါသည်။ယခုတစ်ပတ်အတွင်းငါးဈေးနှုန်းများမှာအောက်ပါအတိုင်းဖြစ်ပါသည် -

          စဉ်      အမည် အရေအတွက်  ဈေးနှုန်း

          (၁)     စစ်ကလပ်(200-300 gm)      ၁ ကီလိုဂရမ်   ၁.၀၀၀ဒေါ်လာ

          (၂)    ကြိမ်မွှေ့ဒေါင်း ၁ ကီလိုဂရမ်   ၀.၈၁၀ ဒေါ်လာ

                 (800 gm down)

          (၃)     ငါးနီငယ်        ၁ ကီလိုဂရမ်   ၀.၈၈၂ဒေါ်လာ

          (၄)     ဘီးဇင်း          ၁ ကီလိုဂရမ်   ၃.၅၂၀ဒေါ်လာ

          (၅)     ဇလုံး(500-1000 gm) ၁ ကီလိုဂရမ်   ၁.၁၀၀ဒေါ်လာ

          (၆)     တာဝမ်(100-200 gm) ၁ ကီလိုဂရမ်   ၀.၇၉၀ဒေါ်လာ

          (၇)     ကဗျက်(150-200 gm)          ၁ ကီလိုဂရမ်   ၀.၉၆၂ဒေါ်လာ

          (၈)     ပလာလန်း     ၁ ကီလိုဂရမ်   ၁.၁၀၀ဒေါ်လာ

          (၉)     ငါးပုလွေ(100-200gm)         ၁ ကီလိုဂရမ်    ၁.၀၁၀ဒေါ်လာ

          (၁၀)     စလွယ်(600-800 gm)    ၁ ကီလိုဂရမ်   ၁.၁၃၀ဒေါ်လာ

သွင်းကုန်ပိုင်းအနေဖြင့်၂၀၂၄ ခုနှစ်၊ဧပြီလ၇ရက်နေ့မှ ၈ရက်နေ့အထိ ရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စုတွင် (၄၇၁.၂၂၃)တန်၊ (၅၃၅)U၊ (၁၄၃၃၃၆.၁၆၀)M2၊တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၄၂၃) သန်း၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုတွင် (၁၅၂.၉၆၀) တန်၊ (၈၆၂)U၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၁၁၆) သန်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင် (၅၇.၁၈၀)တန်၊ (၉၄၈၀၀)2U ၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၀.၀၅၁)သန်းတင်သွင်းခဲ့ပါသည်။

          ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာနှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကိုသက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။(၈-၄-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာမြန်မာငွေကျပ် (၁)သိန်းလျှင် (၉၆၁.၅၀) ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ(၁၀၄)ကျပ်ခန့် (၇-၃-၂၀၂၄)ရက်နေ့ နှိုင်းယှဉ်လျှင်တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၄၁၇၅) ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၄၄၀၀) ကျပ်ဖြင့် တည်ငြိမ်လျက်ရှိသည်။

Border Trade News

Pages