ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Fri, 04/05/2024 - 03:35 -- bordertrade

            ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကဖြစ်သည်။

             ၂၀၂၄ ခုနှစ်၊မတ်လကုန်သွယ်မှုလျာထားချက်မှာအမေရိကန်ဒေါ်လာ (၂၄ .၅၀၀) သန်းဖြစ်ပြီး (၃၁-၃-၂၀၂၄)ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာ (၃၆.၀၆၃)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ် (၁၄၇.၁၉၆ % ) ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ မတ်လ၃၁ရက်နေ့မှ ဧပြီလ ၁ရက်နေ့အထိ ပို့ကုန်တန်ချိန် (၃၃၁၅. ၃၅၀)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၉၀၀)သန်းတင်ပို့နိုင်ခဲ့ပြီးသွင်းကုန်ပိုင်းတွင် တင်သွင်းခြင်းမရှိပါ။ကုန်သွယ်မှုပမာဏအနေဖြင့် (၁.၉၀၀)သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

                      ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ၃၁ရက်နေ့မှ ဧပြီလ ၁ ရက်နေ့အထိရေထွက်ကုန်ပစ္စည်းအုပ်စုတွင် (၁၈၀၂.၂၈၈)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၅၆၂)သန်း၊ လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုတွင် (၁၄၉၈.၀၆၂)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၃၃၆)သန်းနှင့် အခြားပစ္စည်းအုပ်စုတွင်(၁၅.၀၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၀၂)သန်းတင်ပို့နိုင်ခဲ့ပါသည်။ပို့ကုန်တိုးမြှင့်ရေးအဓိကဆောင်ရွက်လျက်ရှိရာပြောင်းသီးနှံအားတစ်ဘက်ထိုင်းနိုင်ငံမှ Quota  ကာလအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ(၁)ရက်မှ ဩဂုတ်လ (၃၁)ရက်နေ့အထိခွင့်ပြုထားသဖြင့် မိမိနိုင်ငံထွက်ပြောင်းများကိုပင်လယ်ရေကြောင်းရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် ရနောင်းဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်းကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်းဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ မတ်လ(၃၀) ရက်နေ့အထိနယ်စပ်ကုန်သွယ်မှုအနေဖြင့် ကော့သောင်းမှရနောင်းသို့ ပြောင်းတန်ချိန်(၁၂၄၀၅.၀၆၂)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၂.၈၃၇)သန်းအားတင်ပို့နိုင်ခဲ့ပါသည်။

             ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာနှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကိုသက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။(၃၀-၃-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာမြန်မာငွေကျပ် (၁)သိန်းလျှင် (၉၅၂.၄၀) ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ(၁၀၅)ကျပ်ခန့် (၂၉-၃-၂၀၂၄)ရက်နေ့ နှိုင်းယှဉ်လျှင်တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၅၀၀) ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၄၄၀၀) ကျပ်ဖြင့် တည်ငြိမ်လျက်ရှိသည်။

Border Trade News

Pages