ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Fri, 04/05/2024 - 03:22 -- bordertrade

               ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများ ကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက ဖြစ်သည်။

             ၂၀၂၄ ခုနှစ်၊မတ်လ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၂၄ .၅၀၀) သန်း ဖြစ်ပြီး (၃၀-၃-၂၀၂၄)ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ (၃၄.၁၅၈)ဒေါ်လာသန်း ဆောင်ရွက်နိုင် ခဲ့သဖြင့် လျာထားချက်အပေါ် (၁၃၉.၄၂၀ % ) ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ မတ်လ၂၆ ရက်နေ့မှ ၃၀ရက်နေ့အထိ ပို့ကုန်တန်ချိန် (၆၈၉၃.၉၄၂)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၃.၃၅၆)သန်းနှင့် သွင်းကုန်တန်ချိန်(၂၃၄၆.၃၅၁)တန်၊ (၃၆၅၈)U၊ (၉၆၄၃၂) 2U၊ (၆၅၀၅)BBL၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၂.၃၄၃)သန်းဖြစ်ပြီး ကုန်သွယ်မှု ပမာဏမှာအမေရိကန်ဒေါ်လာ(၅.၆၉၉) သန်းဖြစ်ပါသည်။

                      ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ၂၆ ရက်နေ့မှ၃၀ရက်နေ့အထိ ရေထွက်ကုန် ပစ္စည်းအုပ်စုတွင် (၂၆၂၂.၀၅၆)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၂.၃၂၇)သန်း၊ လယ်ယာထွက် ကုန်ပစ္စည်းအုပ်စုတွင် (၃၈၈၉.၉၅)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၉၂၆)သန်းနှင့် အခြားပစ္စည်း အုပ်စုတွင်(၃၈၁.၉၃၆)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၁၀၃)သန်း တင်ပို့နိုင်ခဲ့ပါသည်။ပို့ကုန် တိုးမြှင့်ရေး အဓိကဆောင်ရွက်လျက်ရှိရာ ပြောင်းသီးနှံအား တစ်ဘက်ထိုင်းနိုင်ငံမှ Quota  ကာလ အနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ(၁)ရက်မှ ဩဂုတ်လ (၃၁)ရက်နေ့အထိ ခွင့်ပြုထားသဖြင့် မိမိနိုင်ငံ ထွက်ပြောင်းများကို ပင်လယ်ရေကြောင်းရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် ရနောင်းဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်းကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်း ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ မတ်လ(၃၀) ရက်နေ့အထိ နယ်စပ်ကုန်သွယ်မှုအနေဖြင့် ကော့သောင်းမှရနောင်းသို့ ပြောင်းတန်ချိန်(၁၀၉၀၇.၀၀)တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၂.၅၀၁)သန်းအား တင်ပို့နိုင်ခဲ့ပါသည်။ ကော့သောင်းကုန်သွယ်ရေးစခန်း၌ တင်ပို့မှုပျောက်ကွယ်ခဲ့ သော လယ်ယာထွက်ကုန်ဖြစ်သည့် နှမ်းညို (၂၆.၉၅၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၀၃၉) သန်းအားလည်း တင်ပို့နိုင်ခဲ့ပါသည်။

          သွင်းကုန်ပိုင်းအနေဖြင့်၂၀၂၄ ခုနှစ်၊မတ်၂၆ရက်နေ့မှ ၃၀ရက်နေ့အထိ ရင်းနှီးမြှုပ်နှံမှု ပစ္စည်းအုပ်စုတွင် (၁၇၉၀.၇၀၈)တန်၊ (၂၀၅၈)U၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁.၀၇၇) သန်း၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုတွင် (၁၅၀.၉၀၀) တန်၊ (၆၅၀၅)BBL၊(၁၆၀၀)U၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၀.၈၁၃) သန်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင် (၄၀၄.၇၄၃)တန်၊ (၉၆၄၃၂)2U ၊  တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၄၅၃)သန်း တင်သွင်းခဲ့ပါသည်။

Border Trade News

Pages