ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှု အ​ြေခအနေ

Thu, 04/20/2023 - 06:26 -- DotBorderdep

                   ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။

          ၂၀၂၃ ခုနှစ်၊ ဧပြီလ ၀၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၉၀၄)၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၉၄၆) သန်း၊ သွင်းကုန်တန်ချိန် (၅၃၈)၊ (၅၀၇၀) BBL၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၇၀၈) သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၅၄ သန်း ဖြစ်သည်။ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းမှာ ငါးမျိုးစုံနှင့် ကင်းမွန်၊ ပဂဲ၊ ကဏန်းချေးပုံး၊ ဆီအုန်းစေ့ တို့ဖြစ်ပြီး၊  အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများ မှာ ပီလောပီနံမှုန့်၊ ဆား၊ ဒီဇယ်၊ ဓာတ်ဆီ၊ ဆော်ဒါမှုန့်၊ ဆိုဒီယမ်ကာဗွန်နိတ်၊ ကျောက်ချဉ်၊ ထုံးမှုန့်၊  ဆိုးဆေးမှုန့် တို့ဖြစ်ကြောင်း သိရှိရသည်။

Border Trade News

Pages