ကုန်သွယ်မှု စဥ်ဆက်မပြတ် ကောင်းမွန်တည်တံ့စေရေးတွင် အမျိုးသမီးထုသည် အမျိုးသားများနည်းတူ တန်းတူညီမျှ ပါဝင်နိုင်ရေးနှင့် ပတ်သက်သောကိစ္စကို ဆွေးနွေးမည့် ကမ္ဘာ့ပထမဦးဆုံး ညီလာခံအား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ြကီးမှူးကျင်းပသွားမည်

Thu, 11/10/2022 - 03:36 -- DotBorderdep

၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့

ကုန်သွယ်မှုစဉ်ဆက်မပြတ်ကောင်းမွန်တည်တံ့စေရေးတွင်အမျိုးသမီးထုသည်အမျိုးသားများနည်းတူတန်းတူညီမျှပါဝင်နိုင်ရေးနှင့်ပတ်သက်သောကိစ္စကိုဆွေးနွေးကြမည့်ညီလာခံအား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှကြီးမှူး၍၂၀၂၂ခုနှစ်ဒီဇင်ဘာ၅ရက်နေ့မှ၇ရက်နေ့အထိဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရုံးချုပ်တွင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရပါသည်။

ဤကဲ့သို့သောညီလာခံသည်နိုင်ငံတကာအဆင့်အနေဖြင့်ပထမဦးဆုံးသောသုတေသနပြုညီလာခံတစ်ခုဖြစ်ပြီး၊ရည်ရွယ်ချက်မှာကမ္ဘာတစ်ဝှမ်းကျော်ကြားသောသုတေသနပညာရှင်များမှကုန်သွယ်မှုတွင် အမျိုးသား/အမျိုးသမီးတန်းတူညီမျှအားလုံးပါဝင်ရေးကိစ္စအပေါ်သုတေသနပြုမှုများတိုးမြှင့်လာစေပြီး၊နောက်ဆုံးတွေ့ရှိချက်/ဖေါ်ထုတ်ချက်များကိုချပြရှင်းလင်းစေလိုရန်ရည်ရွယ်ကြောင်းသိရသည်။ဤသို့ယောကျ်ား/မိန်းမဖြစ်တည်မှုနှင့်သက်ဆိုင်သည့်ကုန်သွယ်မှုကိစ္စများအပေါ်သုတေသနပညာရှင်တို့၏အမြင်နှင့်သုတေသနပြုမှုများမှတစ်ဆင့်မူဝါဒချမှတ်သူ(Policy Makers)  များကိုလည်းအမျိုးသမီးထု၏တန်ဖိုး/လိုအပ်ချက်များကိုအသားပေး/အလေးပေးသောကုန်သွယ်မှုဆိုင်ရာမူဝါဒများကိုချမှတ်စေရန်အတွက်လည်းရည်ရွယ်ပါသည်။

ဤညီလာခံတွင်ကုန်သွယ်မှုနှင့်ယှဉ်တွဲ၍ယောကျ်ား/မိန်းမဖြစ်တည်မှု ( Gender Issue) ကိစ္စနှင့်ပတ်သက်သောသုတေသနစာတမ်းအစောင်(၂၀)အားချပြရှင်းလင်းဆွေးနွေးကြမည်ဖြစ်ပြီး၊ယင်းမှတစ်ဆင့်ဒေသဆိုင်ရာကုန်သွယ်မှုသဘောတူစာချုပ်များ ( Regional Trade Agreements) တွင်ပါဝင်သည့်လိင်ပိုင်း(Gender) ဆိုင်ရာသတ်မှတ်ပြဌန်းချက်များ၊စွန့်ဦးတီထွင်အမျိုးသမီးလုပ်ငန်းရှင်များ၊အမျိုးသမီးထုကိုအသားပေး/အလေးပေးသောကုန်သွယ်မှုဆိုင်ရာမူဝါဒများနှင့်ကိုဗစ်(၁၉)ကြောင့်ရိုက်ခတ်နေမှုကိစ္စများကိုလေ့လာဖေါ်ထုတ်အဖြေရှာဆွေးနွေးသွားကြမည်ဖြစ်ကြောင်းသိရသည်။

ဤညီလာခံအားကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ညွှန်ကြားရေးမှူးးချုပ်ဒေါက်တာနိုဂိုဇီအိုခွန်ဂျိုမှအဖွင့်အမှာစကားပြောကြားသွားမည်ဖြစ်ပြီး၊အစိုးရပိုင်းဆိုင်ရာ၊ပုဂ္ဂလိကပိုင်းဆိုင်ရာနှင့်နိုင်ငံတကာအဖွဲ့အစည်းများမှတာဝန်ရှိကိုယ်စားလှယ်များမှတက်ရောက်သွားကြမည်ဖြစ်ကြောင်းသိရသည်။

 

ရင်းမြစ်-wto.org

Border Trade News

Pages