ကမ္ဘာ့ကုန်သွယ်မှုတွင် ကွမ်းသီးအရေးပါလာပုံနှင့် ကွမ်းသီးအသုံးဝင်ပုံ

Tue, 11/15/2022 - 04:10 -- DotBorderdep

ကမ္ဘာ့ကုန်သွယ်မှုတွင်ကွမ်းသီးအရေးပါလာပုံနှင့်ကွမ်းသီးအသုံးဝင်ပုံ

၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့

  ကွမ်းသီးသည်လယ်ယာထွက်ကုန်အုပ်စုဝင်သီးနှံတစ်ခုဖြစ်သည်။ကွမ်းသီးကိုအာရှတိုက်ရှိနိုင်ငံများ၊အထူးသဖြင့် အရှေ့တောင်အရှနိုင်ငံများတွင် ရိုးရာအစဉ်အလာတစ်ခုအနေဖြင့် ရိုးရာပွဲတော်များတွင် စားစရာသီးနှံတစ်ခုအနေဖြင့် လည်းကောင်း၊ သက်ဆိုင်ရာယဉ်ကျေးမှုနှင့်ဘာသာရေးအလိုက်အသုံးပြုသည့်ပုံစံများ အနည်းငယ်စီကွဲပြားကာ ကွမ်းသီးကို တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိကြသည်။ သို့သော်လည်း ယခုခေတ်မီဖွံ့ဖြိုးသော နည်းပညာတိုးတက် သည့်ခေတ်တွင်ကွမ်းသီး၏အသုံးဝင်ပုံမှာ များပြားလှသဖြင့် ကမ္ဘာ့ကုန်သွယ်မှုတွင် ကွမ်းသီးသည်အရေးပါသည့်သီးနှံတစ်ခုဖြစ်လာသည်။

         ကွမ်းပင်သည်အပူပိုင်းဒေသတွင်ကြီးထွားသောအပင်ဖြစ်သဖြင့်အာရှနိုင်ငံအများစုဖြစ်သည့်အိန္ဒိယ၊အင်ဒိုနီးရှား၊တရုတ်၊မလေးရှား၊မြန်မာ၊ဘင်္ဂလားဒေ့ရှ်၊ထိုင်းနိုင်ငံ၊ဘူတန်၊သီရိလင်္ကာ၊နီပေါလ်နှင့်အာဖရိကတိုက်တွင်ကင်ညာ၊ မောလ်ဒိုက်စသည့် နိုင်ငံတို့တွင်စိုက်ပျိုးဖြစ်ထွန်းသည်။ အိန္ဒိယနိုင်ငံသည်ကမ္ဘာတွင်ကွမ်းသီးစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံတစ်ခုဖြစ်ပြီး၊ကမ္ဘာ့စျေးကွက်သို့လည်းစျေးကွက်ဝေစု၏ တစ်ဝက်ခန့်ကိုဖြန့်ဝေလျှက်ရှိသည်။အရှေ့တောင်အာရှနိုင်ငံများဖြစ်သောအင်ဒိုနီးရှား၊မလေးရှား၊မြန်မာနှင့်သိရိလင်္ကာစသည့်နိုင်ငံများမှလည်းကွမ်းသီး၏ကမ္ဘာ့စျေးကွက်ဝေစုကိုအများဆုံးရယူထားသည့်နိုင်ငံများအဖြစ်ရပ်တည်လျက်ရှိကြသည်။

          နိုင်ငံတစ်ကာတွင်ကွမ်းသီးကုန်သွယ်မှုကိုလေ့လာမည်ဆိုပါက၁၉၆၅ခုနှစ်နောက်ပိုင်းမှစ၍ကွမ်းသီးကုန်သွယ်မှုများရှိလာပြီး၊ကွမ်းသီးစိုက်ပျိုးသည့်နိုင်ငံများတွင်လည်းစိုက်ပျိုးဧရိယာများတိုးချဲ့စိုက်ပျိုးလာကြသည်။ ကွမ်းသီး စိုက်ပျိုးမှုနှင့် ပတ်သက်၍ လေ့လာထားသည့်စာတမ်းတစ်ခုတွင်သုတေသနပြုထားသည်မှာကမ္ဘာတွင်ကွမ်းသီးစိုက်ပျိုးမှုသည်၁၉၆၁ခုနှစ်မှစ၍၂၀၂၀ခုနှစ်အထိနှစ်စဉ်ပျမ်းမျှစိုက်ပျိုးမှုနှုန်းမှာ(၃.၆၆%) စီတိုးတက်နေသည်ဟုဖေါ်ပြထားသည်။

          ကမ္ဘာ့ကုန်သွယ်မှုတွင်ကွမ်းသီးကိုအဓိကတင်ပို့နေသည့်ထိပ်တန်း(၅)နိုင်ငံမှာအင်ဒိုနီးရှား၊မြန်မာ၊အိန္ဒိယ၊ သိရိလင်္ကာနှင့်မလေးရှားတို့ဖြစ်ပြီး၊အဓိကတင်သွင်းနေသည့်ထိပ်တန်း(၅)နိုင်ငံမှာထိုင်းနိုင်ငံ၊ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊အီရန်၊တရုတ်တို့ဖြစ်ကြပြီး၊အာရှနိုင်ငံများမဟုတ်သည့်အာရပ်စော်ဘွားများနိုင်ငံ၊မော်လ်ဒိုက်နှင့်အမေရိကန်ပြည်ထောင်စုတို့မှလည်းကွမ်းသီးတင်သွင်းမှုများကိုဆောင်ရွက်လာကြောင်းသိရပါသည်။ဤသို့ကွမ်းသီးလိုအပ်သည့်စျေးကွက်များပြားလာခြင်းကြောင့်ထိုင်းနိုင်ငံတွင်အချိန်တိုတိုအတွင်းအသီးသီးနိုင်ပြီးရောဂါ/အပြစ်အနာကင်းစင်သောကွမ်းသီးများထုတ်လုပ်နိုင်ရေးသုတေသနပြုနေကြောင်းနှင့်အင်ဒိုနီးရှားတောင်ပိုင်းဒေသများတွင်လည်းကွမ်းပင်စိုက်ပျိုးသောဧရိယာများကိုယခင်နှစ်များထက်(၂၀%) တိုးမြှင့်လိုက်ကြောင်းသိရှိရသည်။

           ဤသို့ကွမ်းသီးကုန်သွယ်မှုစျေးကွက်များပြားလာခြင်းအကြောင်းရင်းများမှာကွမ်းသီးမှအခြေခံကုန်ကြမ်းကိုအသုံးပြုပြီး၊မိတ်ကပ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းနှင့် ဆေးဆိုးခြင်းလုပ်ငန်းတို့တွင် အဓိက အသုံးပြုကြောင်းသိရသည်။

              တရုတ်နိုင်ငံတွင်ကွမ်းသီးကိုချောကလက်မုန့်လုပ်ငန်းတွင်လည်းကောင်း၊အိန္ဒိယနိုင်ငံတွင်နည်းစနစ်ကိုအသုံးပြု၍ဆာရီများတွင် အရောင်ကာလဆိုးခြင်းနှင့်ဆေးဝါးထုတ်လုပ်ခြင်းများတွင် လည်းကောင်း အသုံးပြုကြပြီး အမေရိကန်နိုင်ငံတွင်ယင်းတို့အသုံးပြုမှုများနှင့်မတူပဲသစ်သားထုတ်လုပ်ခြင်းလုပ်ငန်း၊သတ္တုဆေးမှုတ်ခြင်းလုပ်ငန်းများတွင်အသုံးပြုကြကြောင်းသိရသည်။ထို့အပြင်ကွမ်းသီးကိုအမှုန့်အဖြစ်ကြိတ်ပြီး၊တစ်ခြားသောဓါတုပစ္စည်းများ ပေါင်းစပ်ကာ(ရေမွှေးသုံး)ရနံ့အဆီအဖြစ်လည်းထုတ်လုပ်ကြောင်းသိရသည်။မြန်မာနိုင်ငံမှ ကွမ်းသီးကိုတရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံများမှတင်သွင်းသူများအနေဖြင့်အခွန်ကင်းလွတ်ခွင့် (၀%) ဖြင့်တင်သွင်းနိုင် ပါသဖြင့်မြန်မာနိုင်ငံမှ ကွမ်းသီးတင်ပို့သူများအနေဖြင့်ပိုမိုတင်ပို့နိုင်မည့်အခွင့်အလမ်းကောင်းများရှိပါကြောင်း ။

Border Trade News

Pages