၂၀၂၂ ဒုတိယနှစ်ဝက်ကာလနှင့် ၂၀၂၃ ခုနှစ်တို့တွင် ကမ္ဘာ့ကုန်သွယ်မှုအခြေအနေအား လေ့လာြခင်း

Wed, 11/02/2022 - 09:26 -- DotBorderdep

၂၀၂၂ခုနှစ် ဒုတိယနှစ်ဝက်ကာလနှင့် ၂၀၂၃ခုနှစ်တို့တွင် ကမ္ဘာ့ကုန်သွယ်မှုအခြေအနေအား လေ့လာခြင်း

၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့

 

၂၀၂၂ခုနှစ်၏ပထမနှစ်ဝက်တွင် ကမ္ဘာ့ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ(၇.၇)ထရီလီယံ ဝန်းကျင်ထိမြင့်တက်ခဲ့ပြီး၊ ၂၀၂၁ခုနှစ်၏ကာလတူတွင် ကမ္ဘာ့ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ(၁)ထရီလီယံခန့်သာရှိခဲ့သည်။ဤသို့ကုန်သွယ်မှု တန်ဖိုးမြင့်တက်ခဲ့ခြင်းသည် ၂၀၂၂ခုနှစ်တွင် ကုန်စည်စျေးနှုန်းများ မြင့်တက်လာခဲ့ခြင်းကြောင့်ဟု သိရသည်။

၂၀၂၂ခုနှစ်၊ ဒုတိယနှစ်ဝက်ကာလများနှင ၂၀၂၃ခုနှစ်တို့တွင် ကုန်သွယ်မှုအခြေအနေမှာ မူလက ခန့်မှန်းထားသည့်အတိုင်း ဖြစ်လာနိုင်ဖွယ်မရှိဘဲ နှေးကွေးလာနိုင်ဖွယ်ရှိကြောင်း၊ အဘယ်ကြောင့် ဆိုသော် စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာခြင်း၊ ငွေဖောင်းပွနှုန်းများ မြင့်တက်လာခြင်း၊ အတိုးနှုန်းများ မြင့်တက်လာခြင်းနှင့် တခြားဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကြွေးမြှီကိစ္စများ ရှိလာနိုင်ခြင်း ကြောင့်ဟု ခန့်မှန်းထားကြောင်း သိရသည်။

သို့သော်လည်း နိုင်ငံတကာကုန်သွယ်မှုအနေဖြင့် အစားအသောက်နှင့် စွမ်းအင်ကဏ္ဍထွက် ပစ္စည်းများမှာ မဖြစ်မနေလိုအပ်ချက်ကြောင့် ဝယ်ယူတင်သွင်းမှုများရှိနေသဖြင့် ကုန်သွယ်မှု တန်ဖိုးအနေဖြင့် မြင့်တက်နိုင်ဖွယ်ရှိသော်လည်း ကုန်သွယ်မှုပမာဏမှာ ပထမနှစ်ဝက်နှင့် နှိုင်းယှဉ်လျှင် ကျဆင်းနိုင်ဖွယ်ရှိကြောင်း သိရသည်။

၂၀၂၂ခုနှစ်နှောင်းပိုင်းနှင့် ၂၀၂၃ခုနှစ်တွင်ကမ္ဘာ့အင်အားကြီးနိုင်ငံများမှ ပင်တင်သွင်းမှုပမာဏများ လျော့နည်းလာဖွယ်ရှိကြောင်း၊ ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ဥရောပနိုင်ငံများတွင် စက်သုံးဆီ စျေးနှုန်းများမြင့်တက်ခဲ့၍ ထုတ်လုပ်မှုကဏ္ဍတွင် ကုန်ကျစရိတ်များ မြင့်တက်လာခြင်း ကြောင့်လည်းကောင်း၊ အမေရိကန်ပြည်ထောင်စုတွင် တင်းကျပ်သည့်ငွေကြေးမူဝါဒကြောင့် အတိုးနှုန်းမြင့်မားခြင်းသည် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအပေါ်တွင် များစွာအကျိုးသက်ရောက်မှုများ ရှိနေခြင်းကြောင့်လည်းကောင်း၊ တရုတ်နိုင်ငံတွင် ကိုဗစ်ကပ်ရောဂါကြောင့် ထုတ်လုပ်မှုကဏ္ဍတွင် ကျဆင်းနေခြင်းများကြောင့်ဟု ခန့်မှန်းလေ့လာထားသည်ကို တွေ့ရသည်။အခြားတစ်ဖက် တွင်အစားအသောက်ကုန်စည်များ ကုန်သွယ်မှုတိုးတက်များပြားလာခြင်းသည် နောင်တွင်အစား အသောက်မလုံလောက်မှု/ ပြတ်လတ်မှုအခြေနေများကို ကြုံတွေ့နိုင်ကြောင်းကို သုံးသပ်ထား သည်ကို တွေ့ရပါသည်။

သို့ဖြစ်၍ ကမ္ဘာ့တစ်ဝှမ်းရင်ဆိုင်နေကြရသည့် ဖော်ပြပါပြဿနာများကို စည်းဝါးကျကျ ဟန်ချက်ညီညီကိုင်တွယ် ဖြေရှင်းနိုင်ရေးသည် နိုင်ငံတိုင်းတွင်အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင် လာလျှက်ရှိကြောင်းတင်ပြလိုက်ရပါသည်။

ရင်းမြစ်-indoasiancommodities.com/ wto.org

Border Trade News

Pages