တနင်္လာနေ့  ၁၈ မတ်လ  ၂၀၁၃ 01 း 48 PM

နိုင်ငံ တစ်နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်ရေးမှာ ကုန်သွယ်မှု ကဏ္ဍဟာ အဓိကကျတဲ့ အခန်း ကဏ္ဍတစ်ခု အဖြစ် ပါဝင် လျက်ရှိတာကို အားလုံး အသိဘဲ ဖြစ်ပါတယ်။ ကုန်သွယ်မှု တိုးတက်မှ နိုင်ငံတော် အနေနဲ့ အခွန်ငွေ ပိုမို ရရှိပြီး နိုင်ငံ့ ဝင်ငွေ တိုးတက်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အစိုးရသစ် လက်ထက် မှာ ကုန်သွယ်မှု တိုးတက်ရေး အတွက် ဖြေလျော့မှုတွေ တဖြည်းဖြည်းချင်း လုပ်ဆောင် ခဲ့ပြီး ယနေ့ ကာလမှာ တော့ ပို့ကုန် ပစ္စည်း (၁၅၂) မိုျး၊ သွင်းကုန် ပစ္စည်း (၁၆၆) မိုျး ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မှာ လိုင်စင် ဆောင်ရွက်ဖို့ မလိုဘဲ တင်ပို့တင်သွင်းခွင့်ပြု လိုက်ပြီ ဖြစ်ပါတယ်။

.........ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကိုနှိပ်ပါ

အထူး သဖြင့် သွင်းကုန်ပိုင်းမှာ အမိန့်အမှတ် ၉/၉၉ နဲ့ကန့်သတ် တားမြစ်ခဲ့တဲ့ သွင်းကုန် ပစ္စည်း (၁၅) မျိုး အနက်က အချိုမှုန့်၊ အချိုရည်၊ ဘီစကွက် မျိုးစုံ၊ စည်သွပ်ဗူးများ၊ အသားနှင့် အသီးစုံ၊ ခေါက်ဆွဲခြောက် အမျိုးမျိုး ကို အမိန့် အမှတ် ၂/၂ဝ၁၁ နဲ့ ဖြေလျော့ တင်သွင်း ခွင့်ပြုခဲ့ ပါတယ်။ ၂ဝ၁၃ ခုနှစ်၊ ဖေဖော် ဝါရီလ မှာတော့ အမိန့် အမှတ် ၉/၂ဝ၁၃ နဲ့ Chewing Gum ၊ ကိတ်မုန့်၊ ဝေဖာနဲ့ ချောကလက် တို့ကို ထပ်မံ ဖြေလျော့ တင်သွင်းခွင့်ပြု ခဲ့ပြီးဖြစ် ပါတယ်။ ဒါကြောင့် ယခု အခါမှာ တင်သွင်းခွင့် ကန့်သတ် ထားတဲ့ ပစ္စည်း တွေကတော့ အရက်၊ ဘီယာ၊ စီးကရက် နဲ့ တည်ဆဲ ဥပဒေ အရ ကန့်သတ် ထားတဲ့ ပစ္စည်းတွေဘဲ ကျန်ပါတော့တယ်။

မြန်မာနိုင်ငံရဲ့ သွင်းကုန် ဆိုင်ရာ အခြေခံ မူကတော့ နိုင်ငံတော် အတွက် အဓိက လိုအပ်တဲ့ ရင်းနှီးမြှုပ်နံှမှု ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများ၊ အခြား အရေးကြီး ကုန်ပစ္စည်းများ နဲ့ ပြည်သူ့ ကျန်းမာရေး အထောက် အကူပြု ပစ္စည်းများ၊ ပြည်ပ ပို့ကုန် တိုးမြှင့် တင်ပို့ရေး အထောက် အကူပြု ပစ္စည်း တွေကို ဦးစား ပေး တင်သွင်း ဖို့နဲ့ ပြည်ပ သွင်းကုန် အစားထိုး ကုန်ထုတ် လုပ်ငန်းများ ကိုအားပေး ဖို့ဖြစ်ပါတယ်။ မြန်မာ နိုင်ငံ အနေနဲ့ သွင်းကုန် ဆောင်ရွက်မှု ကိုတော့ ပုံမှန် ကုန်သွယ်မှု နည်းလမ်းနဲ့ နယ်စပ် ကုန်သွယ်မှု နည်းလမ်း ဆိုပြီး (၂) မိုျး ရှိပါတယ်။ သွင်းကုန် တင်သွင်းခွင့်ပြုတဲ့နည်းလမ်းတွေ ကတော့ သာမန် ငွေလွဲှစာတမ်း ဖွင့်လှစ်သည့် နည်းလမ်း (Normal LC) ၊ အခမဲ့ တင်သွင်းခြင်း (FOC) ၊ သွင်းကုန်ပါမစ် (Import Permit) ၊ လက်ခစား စနစ် (Cutting Making Packaging - CMP) ၊ Payment in kind, Capital in kind, Loan in kind, Draw Back, Transit Trade, Account Trade , Counter Trade, Barter Trade Revolving Fund, Consignment Basic, Re- Ecport နဲ့ အခြား နည်းလမ်းများနဲ့ တင်သွင်း ပါတယ်။

ပြည်ပမှ ကုန်ပစ္စည်းများ တင်သွင်းခွင့်ပြုတဲ့ စနစ်တွေ ကတော့ CIF (Cost, Insurence & Freight)၊ CFR (Cost and Freight)၊ FOB (Free on Board) တို့ဘဲဖြစ်ပါတယ်။ ဒီမိုကရေစီ အစိုးရသစ် လက်ထက်မှာ ကုန်သွယ်မှု မြှင့်တင်ရေး အတွက် ဖြေလျော့ တင်သွင်းခွင့်ပြု ခဲ့တဲ့ အခြေအနေ တွေကို လေ့လာမယ် ဆိုရင် ပထမ အဆင့် အနေနဲ့ အမိန့်အမှတ် ၉/၉၉ ပါ ကန့်သတ် ကုန်ပစ္စည်း တွေထဲက (၉) မိုျးကို ပင်လယ်ရေ ကြောင်းနဲ့ နယ်စပ် ဒေသမှ အကန့်အသတ်နဲ့ ဖြေလျော့ တင်သွင်းခွင့်ပြု ခဲ့တဲ့ အတွက် ကုန်သွယ်မှု ပမာဏ တိုးတက်လာတဲ့ အပြင် တရား မဝင် ကုန်သွယ်မှု လျော့နည်း အောင် ဆောင်ရွက် နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပြည်နယ်နှင့် တိုင်းဒေသ ကြီးတွေရှိ နယ်စပ် ဒေသများမှ ပြည်သူ လူထုစားသုံးမှု ဖူလုံရေး လိုအပ် ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေး အတွက် FDA စစ်ဆေး ထောက်ခံချက် နဲ့ စားသုံးဆီများကို လည်း တင်သွင်း ခွင့်ပြု ခဲ့ပါတယ်။ ဒါ့အပြင် ခြင်း လိမ္မော် (လိမ္မော်သီးသေး) နှင့် ပျား လိမ္မော်များကို မြန်မာ နိုင်ငံ သစ်သီးဝလံ၊ ပန်းမာန်လ် နှင့် ဟင်းသီး ဟင်းရွက် စိုက်ပိုျး ထုတ်လုပ် တင်ပို့ရောင်းချသူ အသင်းရဲ့ ထောက်ခံချက် အရ (၁) နှစ်ပတ်လုံး တင်သွင်း ခွင့်ပြုခဲ့ ပါတယ်။ နဂါးမောက်သီးနဲ့ ဆန်းကစ်သီး တွေကိုတော့ နိုင်ငံတွင်း စိုက်ပိုျး ထွက်ရှိ ကာလဖြစ်သော အောက်တို ဘာလမှ ဇန်နဝါရီလ အထိ ကန့်သတ် တင်သွင်းခြင်း မပြုဘဲ ကျန်ကာလများ မှာတော့ လုပ်ထုံး လုပ်နည်းနဲ့ အညီ တင်သွင်းခွင့်ပြု ခဲ့ပါတယ်။ ပန်းသီး၊ သစ်တော်သီး၊ စပျစ်သီး၊ ချယ်ရီသီး၊ မန်ကျည်း ချိုသီးနဲ့ စွန်ပလွန်သီး တွေကိုလည်း နယ်စပ် ကုန်သွယ်မှု နည်းလမ်းနဲ့ တင်သွင်း ခွင့်ပြု ခဲ့လို့ ပြည်သူ လူထုတွေ ပေါပေါ သီသီ စားသုံးနိုင် တာကို တွေ့နေရပါပြီ။

မြန်မာ နိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ သွင်းကုန် လုပ်ထုံး လုပ်နည်းတွေကို လေ့လာ နှိုင်းယှဉ် တွေ့ရှိချက်များကို ဖော်ပြ ပေးလိုက် ရပါတယ် -

တရုတ်နိုင်ငံ၏ သွင်းကုန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ

တရုတ် နိုင်ငံမှာ သွင်းကုန်မှာ FOB စနစ်ကို အများစု အသုံးပြုပြီး အနည်းစုသာ CIF စနစ်ကို သုံးစွဲပါတယ်။ အဓိက ငွေပေးငွေယူ စနစ်ကိုတော့ L/C စနစ်ကို သုံးကြပါတယ်။ တရုတ် နိုင်ငံက တင်သွင်းမှုကို လမ်းဖွင့် ပေးထား ပေမယ့် နိုင်ငံခြား ကုန်သွယ်မှု ဥပဒေနဲ့ အကောက်ခွန် ဥပဒေ တွေနဲ့တော့ သွင်းကုန် တင်သွင်းမှု ကို ထိန်းခုျပ် ထားပါတယ်။ သွင်းကုန် အားလုံးကို လွတ်လပ်စွာ တင်သွင်းခွင့် ရှိပေမယ့် ဥပဒေ၊ စည်းမျဉ်း တွေနဲ့ ဆန့်ကျင် တဲ့ ကုန်သွယ်ရေး နဲ့ ငွေပေးချေမှု တွေကိုတော့ ခွင့်မပြုပါဘူး။ သွင်းကုန် လုပ်ထုံး လုပ်နည်း တွေရဲ့ ရည်ရွယ်ချက် ကတော့ တရုတ်ကို တင်ပို့ရာမှာ ကြုံတွေ့ရမဲ့ ရှုပ်ထွေးမှု တွေကို ထောက်ပံ့ ကူညီပေးဖို့ပဲ ဖြစ်ပါ တယ်။ WTO အဖွဲ့ဝင် မဖြစ်ခင် ကတော့ တရုတ် နိုင်ငံက ကုမ္ပဏီ တွေက သွင်းကုန် တင်သွင်းဖို့ တင်းကျပ်တဲ့ စည်းမျဉ်းတွေ ရှိခဲ့ပေမယ့် အဖွဲ့ဝင် ဖြစ်ပြီးတဲ့ နောက်ပိုင်း မှာတော့ ကုမ္ပဏီ တွေအနေနဲ့ သွင်းကုန် တင်သွင်း ချင်တယ် ဆိုရင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန ဒါမှမဟုတ် နိုင်ငံခြား ကုန်သွယ်ရေး ဥပဒေအရ အခွင့် အာဏာရှိတဲ့ ဒေသဆိုင်ရာ ရုံးတွေမှာ မှတ်ပုံတင် ရပါတယ်။

တရုတ် ကုမ္ပဏီ တွေနဲ့ နိုင်ငံခြား ကုမ္ပဏီ တွေအားလုံးဟာ ထုတ်ကုန် တော်တော် များများကို တင်သွင်းခွင့် ရှိ ပေမယ့် တခို့ျ ကန့်သတ်ကုန် ပစ္စည်းတွေ ကိုတော့ နိုင်ငံပိုင် လုပ်ငန်းတွေက တစ်ဆင့် တင်သွင်းရပါတယ်။ တရုတ် နိုင်ငံအနေနဲ့ တားမြစ်ပစ္စည်း၊ ကန့်သတ် ပစ္စည်းနဲ့ ခွင့်ပြု ပစ္စည်းဆိုပြီး အမိုျးအစား (၃) မိုျး ခွဲခြား ထားပါတယ်။ တားမြစ် ကုန်ပစ္စည်း တွေကတော့ စွန့်ပစ် ပစ္စည်းနဲ့ အဆိပ်တို့လို ပစ္စည်းတွေ ဖြစ်ပြီး ကန့်သတ် ပစ္စည်းတွေ ကိုတော့ တင်သွင်းခွင့် ခွဲတမ်း သို့မဟုတ် လိုင်စင် လိုအပ် ပါတယ်။ သွင်းကုန် တင်သွင်းသူ တွေ အနေနဲ့ ခွင့်ပြု ကုန်ပစ္စည်းကို တော့ အချိန် ကာလနဲ့ အရေအတွက် စိတ်ကြိုက် တင်သွင်းခွင့် ရှိပါတယ်။ စီးပွားရေးနဲ့ ကူးသန်း ဝန်ကြီး ဌာနက စက်ပစ္စည်းနဲ့ လျှပ်စစ် ပစ္စည်း ကဲ့သို့သော ပစ္စည်းတွေရဲ့ အစိတ် အပိုင်းများ တင်သွင်းမှုကို Automatic Licensing စနစ်နဲ့ ထိန်းခုျပ်ထား ပါတယ်။ ကုန်ပစ္စည်း တော်တော် များများကို အကောက်ခွန် ကောက်ခံပြီး WTO ကို ဝင်ရောက်တဲ့ အချိန်က စလို့ သွင်းကုန်ခွန် နှုန်းထား တွေ ကျဆင်းခဲ့ပါတယ်။ ၂ဝဝဝ ခုနှစ်မှာ ပျမ်းမျှ အခွန် နှုန်းထား ၁၅ ဒသမ ၃ ရာခိုင်နှုန်း ကတော့ ၂ဝဝ၉ မှာတော့ ၉ ဒသမ ၈ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ ပါတယ်။

သွင်းကုန် တော်တော် များများ ကို Value Added Tax (VAT) ကောက်ခံပြီး အချို့ ကိုတော့ Consumption Tax ကောက်ခံ ပါတယ်။ VAT နှုန်းထားက ၁၃ ရာခိုင်နှုန်းနဲ့ ၁၇ ရာခိုင်နှုန်း ကြား ရှိပြီး ကန့်သတ် သွင်းကုန် တွေဖြစ်တဲ့ ဆေးရွက်ကြီး၊ အရက်နဲ့ အလှကုန် တွေကတော့ Consumption Tax ၁ ရာခိုင်နှုန်းကနေ ၄ဝ ရာခိုင်နှုန်း အထိ ကောက်ခံ ပါတယ်။ တရုတ်နိုင်ငံမှာ လွတ်လပ်သော ကုန်သွယ်ရေးဇုန် (၁၅) ခုရှိပြီး ၎င်းဇုန် တွေမှာ အကောက်ခွန် လုပ်ထုံး လုပ်နည်း တွေနဲ့ အခွန် ပေးဆောင်မှု ကင်းလွတ်ခွင့်တွေ ကျင့်သုံးခွင့် ပေးထားပါတယ်။ ကန့်သတ် ကုန်ပစ္စည်းတွေ တင်သွင်းရာမှာ သွင်းကုန်လိုင်စင်လို အပ်ပါတယ်၊ ဥပမာ-စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းတွေ ကဲ့သို့သော အချို့ ပစ္စည်းတွေကို Automatic စနစ်နဲ့ လိုင်စင်ပေးပြီး အန္တရာယ်ရှိတဲ့ ကုန်ပစ္စည်း တွေ တင်သွင်းခြင်းကိုတော့ Non -Automatic လိုင်စင်စနစ်နဲ့ ထိန်းချုပ်ပါတယ်။

ထိုင်းနိုင်ငံ၏သွင်းကုန်ဆိုင်ရာ မူဝါဒလုပ်ထုံးလုပ်နည်းများ

၁၉၉၇ ခုနှစ်တွင် ထိုင်းနိုင်ငံ အနေဖြင့် ပြင်းထန်သော စီးပွားရေး အကြပ်အတည်းကို ရင်ဆိုင်ခဲ့ ရပေမယ့်လည်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နံှမှုပိုင်းမှာ တံခါးဖွင့် ဝါဒကို မပြောင်းလဲပဲ ကျင့်သုံးခဲ့ပါတယ်။ တံခါးဖွင့် ကုန်သွယ်ရေး မူဝါဒ အရ သွင်းကုန် ပစ္စည်းအတော် များများကို လွတ်လပ်စွာ တင်သွင်းခွင့်ပြု ခဲ့ပါတယ်။ ကန့်သတ်ထားတဲ့ ကုန်ပစ္စည်း အချို့ ကတော့ ပြည်တွင်း စက်မှု လုပ်ငန်းများကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အနေနဲ့ ကန့်သတ်ကုန် ပစ္စည်း အရေ အတွက်ကို လျော့ချ ခဲ့ပေမယ့် မော်တော် ဆိုင်ကယ်၊ အမြန်နှုန်းသွား ဒီဇယ် အင်ဂျင်၊ စက်သုံးဆီနှင့် အခြား မော်တော်ယာဉ် သုံးလောင်စာများ၊ ဒီဇယ်၊ ဓာတ်ဆီ၊ သဘာဝ ဓာတ်ငွေ့ရည် အစရှိတဲ့ ပစ္စည်းတွေ ကိုတော့ သွင်းကုန် လိုင်စင် စနစ်နဲ့ ထုတ်ပေး ပါတယ်။ ဒါ့အပြင် ပိုးထည်များ၊ ဘတ်စ်ကားများ၊ မော်တော် ယာဉ်များ၊ ဆောက်လုပ်ရေး သုံးပစ္စည်းများနဲ့ စိုက်ပိုျးရေး ထွက်ကုန် (၂၃) မိုျးကိုတော့ Non -Automatic Licensing စနစ်နဲ့ထုတ်ပေး ကြောင်းသိရပါတယ်။ အစိုးရ အနေနဲ့ အဓိက သွင်းကုန် ထိန်းခုျပ်မှု တွေကို အခွန်ခွဲတမ်း စနစ် (The Tariff Quota) နဲ့ သွင်းကုန် တားမြစ် ခြင်းနဲ့ သွင်းကုန် လိုင်စင် စနစ်တွေနဲ့ ဆောင်ရွက် ပါတယ်။

WTO ရဲ့ သဘော တူညီချက်အရ ထိုင်းနိုင်ငံက ယခုလက်ရှိမှာ စိုက်ပိုျးရေး ထွက်ကုန် များဖြစ်တဲ့ အုန်းသီး ဆန်ခြောက်၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အုန်းသီး၊ ကော်ဖီ၊ လ္ဘက်၊ ငြုပ်ကောင်း၊ ပြောင်းဖူး၊ ဆန်၊ ပဲပုတ်၊ ကြက်သွန် နီစေ့၊ ပဲပုပ်ဆီ၊ ကြံ၊ အုန်းဆီ၊ စားအုန်းဆီ၊ ကော်ဖီမစ်၊ ဆေးရွက်ကြီး တို့ကို အခွန် ခွဲတမ်း စနစ်နဲ့ ထိန်းခုျပ်ပါတယ်။ ဒါပေမယ့် အာဆီယံ နိုင်ငံတွေက တင်သွင်းမှု ကိုတော့ အခွန်ခွဲတမ်း စနစ် မထား ရှိကြောင်း သိရပါတယ်။ စီးပွားရေးနဲ့ ကူးသန်း ဝန်ကြီးဌာန ကတော့ စက်မှု လုပ်ငန်းသုံး ပစ္စည်းတွေ တင်သွင်း ခြင်းကို တားမြစ် ပိုင်ခွင့်ရှိတဲ့ အခွင့်အာဏာ ရှိပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နံှမှု မြှင့်တင်ရေး ဥပဒေ အရ ကျန်းမာရေးနဲ့ လုံခြုံ စိတ်ချမှု အကြောင်းပြချက်များ အတွက်လည်း ပြည်ပမှ သွင်းကုန် တင်သွင်းခြင်း ကို ဥပဒေအရ တားမြစ် ပိုင်ခွင့် ရှိပါတယ်။ ပို့ကုန် သွင်းကုန် ဥပဒေအရ စီးပွားရေးနဲ့ ကူးသန်း ဝန်ကြီး ဌာနက စီးပွားရေး တည်ငြိမ်မှု၊ ပြည်သူ့ အကိုျးစီးပွား၊ ပြည်သူ့ ကျန်းမာရေး၊ နိုင်ငံတော် လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး အတွက် ထိခိုက် မယ်ဆိုရင် အစိုးရ အဖွဲ့ရဲ့ အတည်ပြုချက် ရယူပြီး ဆောင်ရွက် ပိုင်ခွင့် ရှိပါတယ်။ ဒီလုပ်ထုံးလုပ်နည်း တွေကို ခိုျးဖောက်ပြီး သွင်းကုန် ဆောင်ရွက် မယ်ဆိုရင် သတ်မှတ် ထားတဲ့ ငွေဒဏ်နဲ့ ထောင်ဒဏ် တွေကို ကျခံရမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ပို့ကုန် သွင်းကုန် ဆောင်ရွက်မယ် ဆိုရင်တော့ ပို့ကုန် သွင်းကုန် လိုင်စင် အဖြစ် သတ်မှတ်ထားတဲ့ အကောက်ခွန်ကတ် လိုအပ်ပါတယ်။ ဒီကတ်ရဲ့ သက်တမ်းက (၃) နှစ်ဖြစ်ပြီး လုပ်ပိုင်ခွင့်ကို အရောင် အမိုျးမိုျးနဲ့ ခွဲခြား သတ်မှတ် ထားပါတယ်။ ရွှေရောင်ကတ်က သွင်းကုန် ပို့ကုန် လုပ်ငန်းရှင်များ အတွက် ဖြစ်ပြီး အကောက်ခွန် ဝန်ဆောင်မှု လုပ်သူ တွေကတော့ ငွေရောင် ကတ်သုံး ရပါတယ်။ အဝါရောင်ကတ် ကတော့ မန်နေဂျာနှင့် အုပ်ခုျပ်သူတွေ အတွက်၊ ဥပဒေ အကိုျးဆောင် တွေကတော့ အစိမ်းရောင် ကတ်နဲ့ အကောက်ခွန် ရှင်းလင်းရေး အတွက် ပန်းရောင်ကတ် အသီးသီး သုံးစွဲရတယ်လို့ သိရပါတယ်။ သွင်းကုန် ဆိုင်ရာ လုပ်ထုံး လုပ်နည်း တွေကတော့ သွင်းကုန် ကြေငြာလွှာ ဖြည့်စွက်ခြင်း၊ လိုအပ်သော စာရွက်စာတမ်း အထောက် အထားများ ပြင်ဆင်ခြင်း၊ သွင်းကုန် ကြေငြာလွှာနဲ့ စာရွက်စာတမ်းများ စစ်ဆေးခြင်း၊ သွင်းကုန်ခွန် အကောက်ခွန် ပေးဆောင်ခြင်းနဲ့ ပစ္စည်း စစ်ဆေးပြီး ကုန်တင်သွင်းခြင်းတို့ ဖြစ်ပါတယ်။ သွင်းကုန်ဆိုင်ရာ ကုန်ပစ္စည်း အများစုက လိုင်စင် လုပ်စရာမလိုပဲ အခွန်ဆောင်ပြီး ပစ္စည်း တင်သွင်းခွင့် ရှိပေမယ့် စီးပွားရေးနဲ့ ကူးသန်း ဝန်ကြီး ဌာနမှာ သွင်းကုန် လိုင်စင် လျှောက်ထားဖို့ လိုအပ်တဲ့ ကုန်စည် အမိုျး (၄ဝ) ခန့် ရှိသေးကြောင်း သိရပါတယ်။

အိန္ဒိယ နိုင်ငံ၏ သွင်းကုန် မူဝါဒနှင့် လုပ်ထုံး လုပ်နည်းများ

အိန္ဒိယ နိုင်ငံမှာ လူလတ်တန်းစားတွေ တိုးပွားလာတာနဲ့ အမျှ ကုန်စည်အမိုျးမိုျး သုံးစွဲနိုင်မှု အဆင့် ပွားများ လာပြီး အဲဒီ အကိုျးဆက် အနေနဲ့ အိန္ဒိယနိုင်ငံရဲ့ သွင်းကုန် လုပ်ငန်း တွေ လျင်လျင် မြန်မြန် တိုးတက် လာခဲ့ပါတယ်။ အိန္ဒိယရဲ့ အဓိက သွင်းကုန်တွေ ကတော့ နံှစားသီးနံှ၊ စားသုံးဆီ၊ စက်ပစ္စည်း၊ ဓါတ်မြေသြဇာနဲ့ ရေနံထွက် ပစ္စည်းတွေ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ ပို့ကုန် သွင်းကုန် လုပ်ငန်းတွေ ကိုတော့ အစိုးရ အဖွဲ့အစည်း ဖြစ်တဲ့ နိုင်ငံခြား ကုန်သွယ်ရေး ဦးစီး ဌာန (Direcotorate General of Foreign Trade- DGFT) က ထိန်းခုျပ် ဆောင်ရွက် ပါတယ်။ DGFT နဲ့ သူ့ရဲ့ ဒေသဆိုင်ရာ ရုံးခွဲတွေ ကတော့ ကူးသန်း ရောင်းဝယ် ရေးနဲ့ စက်မှုဝန်ကြီး ဌာန လက်အောက် မှာ ရှိပါတယ်။ အိန္ဒိယ မှာတော့ ပို့ကုန် သွင်းကုန် လုပ်ငန်းလုပ်ခွင့် လိုင်စင်ကို ဂဏန်း (၁ဝ) လုံးပါတဲ့ Code နဲ့ မှတ်ပုံတင်ပြီး ၎င်းကို Import Export Code (IEC Code) လို့ခေါ်ပါတယ်။ IEC Code ရှိသူ မှသာ ပို့ကုန် သွင်းကုန်ဆောင်ရွက် ခွင့်ရှိပါတယ်။ လွတ်လပ်စွာ တင်သွင်းခွင့် ရှိတဲ့ ကုန်သည်တွေ အားလုံးက အကောက်ခွန် စစ်ဆေးမှု ခံယူပြီး အခွန် ပေးဆောင် တင်သွင်းခွင့် ရှိပါတယ်။ အကယ်၍ IEC Code မရှိခဲ့ ဘူးဆိုရင်တော့ အကောက်ခွန် ဌာနက သွင်းကုန် တင်သွင်းခွင့် မပြုဘူးလို့ သိရပါတယ်။ ချွင်းချက် အနေနဲ့ IEC Code မလိုဘဲ တင်သွင်းတဲ့ ပစ္စည်းတွေ ကတော့ တစ်ဦး တစ်ယောက် ပုဂ္ဂလိကသုံးပစ္စည်း (Personal Goods) တွေသာ ဖြစ်ကြောင်း သိရပါတယ်။

လွတ်လပ်စွာ တင်သွင်းခွင့် ရှိတဲ့ ကုန်စည်တွေမှ အပ တားမြစ် ကန့်သတ်ထားတဲ့ ပစ္စည်းတွေကို တင်သွင်းမယ် ဆိုရင် DGFT မှ လိုင်စင် ရယူရန် လိုအပ်ပါတယ်။ အိန္ဒိယမှာ သွင်းကုန် လိုင်စင် ထုတ်ပေးခွင့် အာဏာရှိ သူကတော့ DGFT ရဲ့ ညွှန်ကြားရေးမှူးခုျပ်ပဲ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နံှမှု ပစ္စည်းတွေ အတွက် သွင်းကုန် လိုင်စင် သက်တမ်း (၂၄) လဖြစ်ပြီး ကုန်ကြမ်း ပစ္စည်းတွေ၊ စားသုံးသူ ကုန်စည်နဲ့ အပို ပစ္စည်းတွေရဲ့ လိုင်စင် သက်တမ်း (၁၈) လရှိပြီး သက်တမ်း တိုးခွင့်ရှိတယ်လို့ သိရပါတယ်။ လွတ်လပ်စွာ တင်ပို့ခွင့်ရှိတဲ့ ပစ္စည်းတွေ အတွက် လိုင်စင် မလိုအပ်ဘဲ လိုင်စင်လိုအပ်တဲ့ ပစ္စည်းတွေကတော့ လက်ဝတ် ရတနာများ၊ လုံခြုံရေးနှင့် ကယ်ဆယ်ရေး ဆိုင်ရာ ပစ္စည်းများ၊ မိုျးစေ့၊ အပင်နဲ့ တိရိစ္ဆာန်များ၊ ပိုးသတ်ဆေးများ၊ ဆေးဝါးများ၊ ဓါတုပစ္စည်းများနဲ့ ပြည်တွင်း လုပ်ငန်း ငယ်တွေက ထုတ်လုပ် နိုင်တဲ့ ပစ္စည်းများနဲ့ သောင်းပြောင်း ထွေလာ ပစ္စည်း (၁၇) မိုျးတို့ပဲ ဖြစ်ပါတယ်။ ကန့်သတ် ကုန်စည်တွေ ကတော့ အစိုးရဌာန ဒါမှမဟုတ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းကမှ တဆင့်သာ တင်သွင်း ခွင့်ရှိပါတယ်။ ဒီကုန်စည်တွေကတော့ ရေနံထွက် ပစ္စည်းများ၊ ဓါတု ပစ္စည်းများ၊ ဓါတု ဓါတ်မြေသြဇာ များ၊ ဗီတာမင်-ဗ ဆေးဝါးများ၊ စားသုံးဆီနဲ့ မိုျးစေ့များ၊ နံှစားသီးနံှများ ဖြစ်ပါတယ်။ တင်သွင်းခွင့် မရှိတဲ့ တားမြစ် ကုန်စည် တွေကတော့ (၄) မိုျးသာရှိပါတယ်။ ၎င်းတို့ ကတော့ တိရိစ္ဆာန် အဆီများ၊ တိရိစ္ဆာန်နဲ့ တိရိစ္ဆာန် အသားများ၊ ရှားပါး တိရိစ္ဆာန်များနဲ့ ဆင်စွယ် တို့ဖြစ်ကြပါတယ်။

သွင်းကုန ်ဆိုင်ရာ လုပ်ထုံးလုပ်နည်း တွေကတော့ သွင်းကုန် တင်သွင်းခွင့် ဘီလ် လျှောက်ထားခြင်း (Bill of Entry)၊ သွင်းကုန် တင်သွင်းခွင့် ဘီလ်ပြင်ဆင်ခြင်း၊ အကောက်ခွန် စစ်ဆေး ရှင်းလင်းမှု ဆောင်ရွက်ခြင်း (Green Channel Facility)၊ အခွန်ပေးဆောင်ခြင်း (Payment of Duty)၊ ကုန်ပစ္စည်း တင်သွင်းခြင်းနဲ့ သိုလှောင်ရုံတွင်း သိမ်းဆည်းခြင်း တို့ ဖြစ်ကြပါတယ်။ အခို့ျသော နာမည်ကောင်း ရှိတဲ့ သွင်းကုန် တင်သွင်းသူ တွေ အနေနဲ့တော့ ကုန်ပစ္စည်း တွေပေါ်မှာ ပုံမှန် စစ်ဆေးစရာ မလိုဘဲ Bill of Entry ဖြည့်သွင်းပြီးတာနဲ့ တစ်ပြိုင်နက် သွင်းကုန် ကြေငြာလွှာ ဆောင်ရွက်ပြီး သွင်းကုန် တင်သွင်းခွင့်ရှိကြောင်း သိရပါတယ်။ Bill of Entry ဆောင်ရွက်ပြီး ရက် (၃ဝ) အတွင်း ကုန်စည်တွေ ဝင်ရောက် ပိုင်ခွင့် ရှိတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သွင်းကုန်မူဝါဒနှင့်လုပ်ထုံးလုပ်နည်းများ

ဘင်္ဂလားဒေ့ရှ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကတော့ အားလုံးသော ကုန်သွယ်ရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဆိုင်ရာ လှုပ်ရှားမှုတွေ အတွက် တာဝန်ရှိတဲ့ ဌာန ဖြစ်ပါတယ်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံရဲ့ သွင်းကုန် ဆောင်ရွက်ရာမှာ မည်သည့်ကုန်စည်အတွက်မဆို လိုင်စင်မလိုအပ်ဘဲ အကောက်ခွန် စစ်ဆေး အခွန်ဆောင်ပြီး တင်သွင်းလို့ ရပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော် ကတည်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ပို့ကုန် သွင်းကုန် လုပ်ထုံး လုပ်နည်းတွေမှာ စာရွက်စာတမ်း ထောက်ခံချက် အရေအတွက် တွေကို လျှော့ချပေးခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ပို့/သွင်းလုပ်ငန်းဆောင်ရွက်ဖို့ ထောက်ခံချက် ၂၅ ခုလောက် လိုအပ်ခဲ့ရာကနေ ၂ဝဝ၂ ခုနှစ်မှာတော့ ၅ ck လောက်သာလိုအပ်ခဲ့ပြီး အကောက်ခွန် ဆိုင်ရာ လုပ်ထုံးလုပ်နည်း တွေကိုလည်း တတ်နိုင်သမျှလျှော့ချကာ   Automation စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ ယခင်က ၁ဝဝ ရာခိုင်နှုန်း စစ်ဆေးခဲ့ရာမှ ၂ဝဝ၂ ခုနှစ်ကစပြီး အကောက်ခွန်စစ်ဆေးမှုကို ကုန်ပစ္စည်းတွေရဲ့ ၁ဝ ရာခိုင်နှုန်းကိုသာ စစ်ဆေး ခဲ့ပါတယ်။ သွင်းကုန်တင်သွင်း ဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့ ကုန်တင်လွှာ (Bill of Loading) ကုန်စည်ထွက်ခွာခွင့် လက်မှတ် (Cargo Release Order)၊ ပင်ရင်းဒေသသက်သေခံလက်မှတ် (Certificate of Country    Origin)၊ ကုန်ပို့လွှာ (Certificate of Country Origin)၊ သွင်းကုန်ကြေငြာလွှာ (Import Decleration) နဲ့ ထုပ်ပိုးမှု စာရင်း (Packing Lists) တို့ဖြစ်ကြပါတယ်။

တားမြစ်ထားတဲ့ ပစ္စည်းတွေ ကတော့ တရားမဝင် ဆေးဝါးများ၊ လက်နက်နှင့် ပေါက်ကွဲ စေတတ်သော ပစ္စည်းများ၊ ဓါးနှင့် သေစေနိုင်သော လက်နက်များ၊ ကုန်ကြမ်း သို့မဟုတ် ကုန်ချော မဖြစ်သေးသော သွင်းကုန် အားလုံး၊ သံနှင့် သံမဟုတ်သော သတ္တုများ၊ ရေနံနဲ့ ရေနံထွက် ပစ္စည်းများ၊ ဆီထွက် အစေ့အဆံနဲ့ စားသုံး ဆီများ၊ ဂုံလျှော်စေ့၊ ဆန်ထွက်ကုန်နှင့် ဂုံျထွက် ကုန်အပါအဝင် သီးနံှထွက် အစားအစာများ၊ နို့နှင့် နို့ထွက် ပစ္စည်းများ၊ သကြား၊ သက်ရှိ တိရိစ္ဆာန်များ၊ ရှားပါး တိရိစ္ဆာန်များ၊ မြေပုံနှင့် ဇယားများ၊ အမဲသား၊ ဆိတ်သားနှင့် တိရိစ္ဆာန် အဆီများ၊ အုန်းသီး စိမ်းနဲ့ အုန်းသီး ခြောက်များ၊ ရှေးဟောင်း သမိုင်းဝင် ရှားပါး ပစ္စည်းများ၊ လူအရိုး များ၊ ပဲမိုျးစုံ၊ ဥအမိုျးမိုျးနဲ့ ကြက်သား၊ ပုစွန်နှင့် ပုစွန်ဆိတ်များ၊ ဘင်္ဂလားဒေ့ရှ် ဆင်ဆာ အဖွဲ့ရဲ့ ခွင့်ပြုချက် မရှိသော ရုပ်ရှင်များ၊ ကြက်သွန်နီ၊ ဝါး၊ ကြိမ်နဲ့ သစ်များ၊ ဖား အမိုျးအစားများ အားလုံး၊ ငွေစက္ကူနှင့် ကုန်စည် အတုများ၊ အညှီ အဟောက် စာပေ၊ ရုပ်ရှင် စတဲ့ ကုန်စည်များ ဖြစ်ကြပါတယ်။ ကန့်သတ်ကုန် ပစ္စည်းတွေ ကတော့ ကာကွယ်ရေး ဝန်ကြီးဌာန ရဲ့ တင်သွင်းခွင့် ထောက်ခံချက်ရ လက်နက်များ၊ ဆေးဝါး ကွပ်ကဲရေး ဌာနရဲ့ ထောက်ခံချက် ရရှိသော ဆေးဝါးဆိုင်ရာ ကုန်ကြမ်းနဲ့ ထုတ်ပိုးပြီး ကုန်စည်များ၊ အကယ်၍ အစားအစာ၊ တိရိစ္ဆာန်၊ ကြက်ငှက် အစားအစာများ တင်သွင်း လိုပါက အထူး ထောက်ခံချက်များ လိုအပ်ပါတယ်။ အိမ်မွေး တိရိစ္ဆာန်များ တင်သွင်းလိုပါက သွင်းကုန် ပါမစ်နဲ့ ကျန်းမာရေး ထောက်ခံချက်များ လိုအပ်ပါတယ်။ ချည်ထည်များ တင်သွင်း လိုပါက သန့်ရှင်းမှု ဆိုင်ရာ ထောက်ခံခ ျက်များ လိုအပ်တယ်လို့ သိရပါတယ်။

မြန်မာ နိုင်ငံ နိုင်ငံတော် အစိုးရ အနေနဲ့ Public Private Partnership (PPP) အတွက် အားသွန်ကြိုးပမ်း ဆောင်ရွက်လျက် ရှိသလို နိုင်ငံတော်ရဲ့ ပြုပြင် ပြောင်းလဲရေး (၁ဝ) မိုျးမှာ လည်း ပုဂ္ဂလိက ကဏ္ဍ တိုးတက်ရေး ဆောင်ရွက် ပေးဖို့ ထည့်သွင်းထားတာ တွေ့ရပါတယ်။ အိမ်နီးချင်း နိုင်ငံတွေရဲ့ သွင်းကုန် မူဝါဒတွေကို လေ့လာရာ မှာလည်း လိုင်စင် ဆောင်ရွက်ရတဲ့ ကဏ္ဍကို ကန့်သတ်ကုန် ပစ္စည်းမှ အပ ကျန် ကုန်စည် တွေမှာ လျော့ချ ပေးထားတာ တွေ့ရပါတယ်။ ဒါမှလည်း အချိန်ကုန် သက်သာသလို အခွန် မဟုတ်တဲ့ ကုန်သွယ်ရေး အတား အဆီး (NTB) တွေကို ဖြေလျော့ ပေးရာ ရောက်ပါတယ်။ ယခုလို မြန်မာ နိုင်ငံ အနေနဲ့ လိုင်စင်စနစ်ကို ဖြေလျော့ ပေးခြင်း အားဖြင့် ကုန်သွယ်မှု လျင်မြန် ချောမွေ့စေရေး ကိုလည်း (Trade Facilitation) ကိုလည်း ဆောင်ရွက် ပေးရာ ရောက်ပါတယ်။

ပုဂ္ဂလိက လုပ်ငန်းရှင် တွေအနေနဲ့လည်း အချိန်နဲ့ ကုန်ကျ စရိတ်ပါ သက်သာ ပြီဖြစ်တာကြောင့် နိုင်ငံတော်က ချမှတ် ထားတဲ့ ကုန်သွယ်ရေး မူဝါဒ လုပ်ထုံး လုပ်နည်းတွေကို တိတိကျကျ လိုက်နာပြီး စီးပွားရေး ကျင့်ဝတ် သိက္ခာနှင့် အညီ လုပ်ငန်း ဆောင်ရွက်ဖို့ လိုနေပြီ ဖြစ်ပါတယ်။ ဒါမှလည်း တရားမဝင် ကုန်သွယ်မှု တွေပပျောက်ပြီး ရရှိသင့်တဲ့ အခွန်အခ တွေရရှိကာ နိုင်ငံတော်ရဲ့ ဝင်ငွေ တိုးတက်လာမှာ ဖြစ်ပါတယ်။ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ မညီ ဆောင်ရွက် နေကြတာကြောင့် နိုင်ငံတော်နဲ့ ပြည်သူ့ ဝန်ထမ်းနှင့် လုပ်ငန်းရှင်တွေ တစ်ဘက်နဲ့ တစ်ဘက် သံသယနဲ့ အမြဲကြည့် နေပြီး ဆောင်ရွက် နေရတဲ့ အချိန်တွေလည်း ပြီးဆုံး သင့်ပြီလို့ ထင်ပါတယ်။ ကုန်သွယ်ရေး ချောမွေ့ဖို့ ဝန်ဆောင်မှု ပေးတဲ့ ဌာနတွေ အနေနဲ့လည်း တရားမဝင် ကုန်သွယ်မှု ပပျောက်ရေး အတွက် နည်းမိုျးစုံ သုံးပြီး စစ်ဆေးရှာဖွေ ဖော်ထုတ် တားဆီးနေရတဲ့ အခြေအနေက လည်း ရပ်နား ချင်လှပါပြီ။ ဒါကြောင့် ပြည်သူ့ ဝန်ထမ်းနဲ့ လုပ်ငန်းရှင် တွေတစ်ဘက်နဲ့ တစ်ဘက် သံသယ ပပျောက်ပြီး အမှန်ဘဝ ရောက်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

KZW

တနင်္လာနေ့  ၁၈ မတ်လ  ၂၀၁၃ 09 း 28 AM

လူဆိုတာသေမျိုးပါ

တစ်ချိန်က ဂီတာ သမားများ သဘောကျတဲ့ တေးရေး၊ တေးဆို ဆလိုင်းသွအောင်ရဲ့ ''လူဆိုတာသေမျိုး'' သီချင်းဟာ ကျွန်တော် အလွန် နှစ်သက် မြတ်နိုးတဲ့ သီချင်း တစ်ပုဒ် ဖြစ်ပါတယ်။ 'အခင်တွယ်ဆုံး လူအသက် တစ်ချောင်း၊ ယနေ့တိုင် လှုပ်ရှား ရုန်းကန် နေသော်လည်း တစ်ချိန်ချိန်မှာ အသက် ဆီမီးစာကုန် သွားရင် တမ လွန်မှာ ဘယ်လိုဘဝမိုျး ရောက်မှာလဲ' ----- လို့ ---- ဒီသီချင်း စားသားလေး တွေနဲ့ရူးခဲ့ ဘူးပါတယ်။

............ (ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ)

သေခြင်း အကြောင်း တရားကို ဘယ်သူမှ မလွန်ဆန် နိုင်ဘူး ဆိုတာ လူတိုင်း သိရှိ လက်ခံ ခဲ့ကြပါတယ်။ သေရမှာ ကိုတော့ လူတိုင်း ကြောက်ကြတယ်။ သေနိုင်တဲ့ ကိစ္စတွေ ကျတော့လည်း အလေး မမှုတာ လူတွေ ပဲဖြစ် ပါတယ်။ ဆိုင်ကယ် စီးရင် ဆိုင်ကယ် ဦးထုပ် ဆောင်းပါ ဆိုတာတွေက မတော်တဆ ထိခိုက်မှု ဖြစ်ရင် မသေအောင် ကာကွယ်ပေးဖို့ ဆောင်းခိုင်းခြင်းဘဲ ဖြစ်ပါတယ်။ လူတော်တော် များများက ဆိုင်ကယ်စီးရင် ဦးထုပ် မဆောင်း ချင်ကြဘူး။ လူရဲ့မူလ ဇာတိ အကျင့်လား လို့တောင် ပြောရမလို ဖြစ်နေတယ်။

ယနေ့ မြန်မာပြည်မှာ သာမန် လူတွေဟာ နေ့စဉ် စားသောက်နေတဲ့ အစားအသောက် တွေထဲမှာ အဆိပ် အတောက် တွေ ထမင်းစားတိုင်း ဝမ်းဗိုက်ထဲကို သွတ်သွင်း နေကြတယ်လို့ တစ်စုံတစ်ယောက် ကပြောရင်၊ ကျွန်တော် ထင်ပါတယ် အများစုက ငြင်းကြမှာဘဲ၊ ဘာပဲဖြစ်ဖြစ် ဒီဆောင်းပါးကို ဖတ်မိသူတိုင်းက ဒီအချက်ကို လေးလေး နက်နက် စဉ်းစား ကြတော့ မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။

ကျွန်တော်ရဲ့ ဝန်ထမ်း ဘဝ ဖြစ်စဉ်လေးကို ကြုံကြိုက်လို့ ဖောက်သည် ချလိုပါတယ်။ တပ်ကနေ အရပ်ဘက် ဝန်ကြီးဌာန ရောက်တဲ့အခါမှာ သူများလို စားပွဲ၊ ကုလားထိုင်နဲ့ မထိုင်ရဘဲ ရှမ်း/တောင်မှာရှိတဲ့ သရက်ခြံမှာ ပေါက်ပြား၊ ပေါက်တူး၊ ဓား၊ ဓားကောက်၊ ကပ်ကြေး၊ ဆေးဖျန်းပုံးတွေနဲ့ နှစ်ပါးသွားခဲ့ရပါတယ်။ ကျွန်တော် ကြားဖူးတဲ့ ဥပမာလေးလိုပါဘဲ - တစ်ခါက လူတစ်ယောက် ကံကောင်းလို့ လေယာဉ်ပံျ စီးရတယ်။ နောက် တစ်ခါ ကံဆိုးလို့ လေယာဉ်ပံျ ပျက်ကျသွားတယ်။ နောက်ကံကောင်းလို့ ကောက်ရိုးပုံပေါ် ကျသွားသတဲ့၊ ထို့အတူ ပါဘဲ ကံဆိုးလို့ စိုက်ခင်း ရောက်သွားတယ်လို့ အောက်မေ့နေတာ ပြန်တွေးကြည့်တဲ့ အခါမှာ ကျွန်တော် အင်မတန် ကံကောင်းတဲ့ လူတစ်ယောက် ဖြစ်သွားပါတယ်။ ရုံးပေါ်မှာ ထိုင်နေရင် စိုက်ပိုျးရေး ဘာသာရပ်နဲ့ စာပေလေ့လာခြင်း ဘာသာရပ် ကို ဘာမှ သိလိုက်မှာ မဟုတ်ဘူး။

ကျွန်တော် တင်ပြ လိုရင်းက စိုက်ခင်း ရောက်သွားတဲ့ အချိန်မှာ တစ်ကယ့် ဘဝ စိုက်ပိုျးရေး တက္ကသိုလ် တက် နေရပါလား ဆိုပြီး ကိုယ့်ကိုယ်ကို ခံယူချက် ထားပြီး ပြင်းပြင်းထန်ထန် စာတွေ့ လက်တွေ့မှာ ကြိုးစား လာခဲ့ ရပါတယ်။ စိုက်ခင်း ရောက်သွားတဲ့ အခါမှာ သွားရေး လာရေးက အခြေအနေ မသာတဲ့ အတွက်လည်း ဘယ်မှ ကို မသွားဖြစ် တော့ဘဲ စိုက်ခင်း ထဲမှာဘဲ အချိန်ကုန် ရကိုျးနပ်အောင် စိုက်ပိုျးရေး ပညာကို လက်တွေ့ ကျကျ လေ့လာ ဆည်းပူး ခွင့်ရခဲ့ပါတယ်။ စာတွေ့ အနေနဲ့ သရက်စိုက်ပိုျးနည်း၊ ပိုးသတ်ဆေးများ၊ မြေဆီလွှာ အကြောင်းတွေ လေ့လာဖြစ် ပါတယ်။ အပင်ပိုးမွှားနဲ့ ပိုးသတ်ဆေး အကြောင်း လေ့လာတဲ့ အခါမှာ ဓာတု ဗေဒ ဆေးသုံး ထားတဲ့ အသီးအရွက် စားရမှာ ကြောက်တတ်လာတယ်၊ ရှောင်တတ်လာတယ်။ ဒါပေမယ့် နေပြည်တော် ပြန်ရောက်တဲ့အခါကျတော့ ချေး (ဂျီး)များ နေလို့မရတော့ဘူး။ စားရတော့တာပါပဲ။ ဒါ့ကြောင့်လည်း ကျွန်တော် အထက်မှာ ဖော်ပြသလ ကျွန်တော်တို့ဟာ နေ့စဉ် အဆိပ်အတောက် ပါတဲ့ အသီးအရွက်တွေ စားနေပါတယ်လို့ ကျွန်တော် တင်ပြလိုတာ ဖြစ်ပါတယ်။ ကိုယ်တိုင် စိုက်ပြီးတော့ သဘာဝ မြေသြဇာဘဲ ကိုယ်တိုင် ထည့်တယ် ဆိုရင်တော့ အဆိပ်အတောက် ကင်းတဲ့ အသီးအရွက် စစ်စစ်သာ ရရှိနိုင်ပါလိမ့်မယ်။

လူဆိုတာ သေမိုျးလို့ ပြောကြပေမယ့် မိမိရဲ့ မစဉ်းစား မဆင်ခြင်မှုကြောင့် သေချိန် မတန်သေးပဲ သေဆုံး ခဲ့ကြသူတွေ ဒုနဲ့ဒေး။ အစားအစာကြောင့် လူတွေ ရောဂါရကြရတယ်။ အဲဒီအတွက်ကြောင့် လူ အတော်တော် များများဟာ နေ့စဉ် အဆိပ် အတောက်များကို ဗိုက်ထဲသို့ သွတ်သွင်း နေကြရတယ်လို့ ပြောနေတာ ဖြစ်ပါတယ်။ လူရဲ့ ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ ကိုယ်ခံ စွမ်းအားတွေ ကောင်းနေ သေးလို့ ချက်ချင်း တုန့်ပြန်မှု မရှိတာ ဖြစ်ပါတယ်။ အန္တရာယ်ရှိတဲ့ အစားအသောက် ဟာ ကျွန်တော်တို့ရဲ့ လက်တစ်ကမ်းမှာ အမြဲရှိ နေတယ် ဆိုတာ လေးလည်း သတိချပ် မိဖို့လိုပါတယ်။

သတင်းစာထဲက အဆိပ်သင့် ဖြစ်ရပ်ဖော်ပြချက်များ

၂ဝ၁၃ ခုနှစ်၊ ဖေဖော် ဝါရီလ ၁၄ ရက်နေ့ ထုတ် ကြေးမုံ သတင်းစာ၊ စာမျက်နှာ (၁၄) မှာ ကော့မှူး မြို့နယ်၊ ပတုပ် ကျေးရွာမှ အသက် (၃၆) နှစ် ရှိ အမိုျးသမီး တစ်ဦး ၎င်းရဲ့ ခင်ပွန်းနဲ့ စကားများပြီး ပိုးသတ်ဆေး သောက်ရာမှ သေဆုံးကြောင်း သတင်း ဖတ်လိုက် ရပါတယ်။ ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့ ထုတ် ကြေးမုံ သတင်းစာ၊ စာမျက်နှာ (၁၅) မှာ စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်း မြို့နယ် ထမံသီ ကျေးရွာအုပ်စု၊ ယက်ဖ ကျေးရွာရှိ လပြည့်နဂါး ကုမ္ပဏီပိုင် သစ်ပါးလွှာစက်ရုံမှ ဝန်ထမ်း (၃၂) ဦးဟာ နံနက်ထမင်းကို ဂေါ်ဖီထုပ် အသုပ်ဟင်းနဲ့ စားရာမှ အစာအဆိပ် သင့်ကြောင်း၊ ၎င်းကော်ဖီထုပ်မှာ ဖျန်းပက် ထားတဲ့ ပိုးသတ် ဆေးပြောင်အောင် မဆေးကြောတဲ့ အတွက် ဖြစ်ပွားရခြင်း သတင်းတစ်ပုဒ် ပါရှိလာပါတယ်။ ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက် နေ့ထုတ် ကြေးမုံ သတင်းစာ၊ စာမျက်နှာ (၁၄) မှာ ရန်ကုန်တိုင်း တောင်ပိုင်း ခရိုင် သုံးခွ မြို့နယ် အဇက်ဝ ကျေးရွာသူ မသက်မာဝေ (၂၄) နှစ်ဟာ လယ်ထဲ ပဲပင်များ ဆေးဖျန်းဖို့ 'အဆီဖိတ်' ပိုးသတ် ဆေးမှုန့်ထုပ်ကို သွားနဲ့ ကိုက်ဖောက်စဉ် ပါးစပ်ထဲ ဆေးမှုန့်ဝင်သွားတဲ့ အတွက် အသက် ဆုံးပါး သွားကြောင်း သတင်း တစ်ပုဒ် ပါရှိ လာပါတယ်။ ၂ဝ၁၃ ခုနှစ်၊ မတ်လ (၃) ရက် နေ့ထုတ် ကြေးမုံ သတင်းစာ၊ စာမျက်နှာ (၁၄) မှာ စစ်ကိုင်း တိုင်း ဒေသကြီး ဟုမ္မလင်း မြို့နယ် ထမံသီ ကျေးရွာ အုပ်စု၊ ယက်ဖ ကျေးရွာရှိ လပြည့် နဂါး ကုမ္ပဏီပိုင် သစ်ပါးလွှာ   စက်ရုံမှာဘဲ ဆိတ်သား ခြောက်ကို ဘူးသီးနဲ့ ပဲသီး ရောချက်တဲ့ ဟင်းခိုျ စားသောက် မိတဲ့ အတွက် စက်ရုံဝန်ထမ်း (၆) ဦး သေဆုံးပြီး (၃၃) ဦး အစာအဆိပ် သင့်ကြောင်း သတင်း ပါရှိ လာပြန် ပါတယ်။

မနုသတ္တဒုလ္လဘ

လောကကြီးမှာ လူတစ်ယောက် ရယ်လို့ ဖြစ်လာဖို့ အဆင့်ပေါင်း များစွာ ဖြတ်သန်း လာရပြီး နောက်ဆုံး အလုပ်လုပ် နိုင်တဲ့ လူကြီး တစ်ယောက် ဖြစ်လာဖို့က မိဘ တွေက ပြုစု စောင့်ရှောက် လာရ တာ ငွေတန်ဖိုးနဲ့ တွက်ချက် ပါက နည်းမှာ မဟုတ်ပါဘူး။ အထက် ဖော်ပြပါ သတင်း စာထဲက အဆိပ် သင့်လို့ သေဆုံး သွားတဲ့ ဖြစ်စဉ်တွေ စဉ်းစား သုံးသပ်တဲ့ အခါ ပေါ့ဆစွာ လုပ်ကိုင် ဆောင်ရွက် ကြတဲ့ အတွက် သေဆုံး ခဲ့ရတာ အများဆုံး ဖြစ်ပါ လိမ့်မယ်။ ကိုယ့်ကိုယ် ကို သေကြောင်းကြံလို့ သေဆုံးတဲ့ ဖြစ်စဉ်က လွဲလို့ ကျန်ဖြစ်စဉ် တွေဟာ ပေါ့ဆမှု ကြောင့် ဖြစ်ပါတယ်။ လူ့အသက် မသေသင့်ပဲ သေခဲ့ရတဲ့ အခြေအနေ ဖြစ်ပါ တယ်။ စစ်ကိုင်းတိုင်း ဒေသကြီးက ဖြစ်စဉ် နှစ်ခု ဆိုရင် ရက်ပိုင်းသာ ခြားတဲ့ ဖြစ်စဉ်တူ၊ နေရာ တူတာ ဖြစ်ပါတယ်။ ချက်ပြုတ်တဲ့ ပုဂ္ဂိုလ် များက ကိုယ်ချက် ပြုတ်မဲ့ ဂေါ်ဖီထုပ် ကို စနစ်တကျ မဆေးကြောခြင်း၊ ရေနွေးနဲ့ ပြုတ်ပြီး ဆေးသင့်ရက်နဲ့ မဆေးမိခြင်း၊ တမင် တကာများ တစ်စုံ တစ်ယောက် က အဆိပ်ကို ခတ်သွားခြင်း စသဖြင့် စားသုံးသူ အကာအကွယ် ပေးရေး ရှုထောင့်က စဉ်းစား သုံးသပ် တာဖြစ် ပါတယ်။ ထို့အတူ ဒီအဖွဲ့ကြီးပဲ နှစ်ပတ်လောက် ခြားပြီး ထပ်ဖြစ်တာ တွေ့ရပါတယ်။ ချက်ပြုတ်တဲ့ ပစ္စည်း အမယ်သာ ပြောင်းပေမဲ့ ချက်ပြုတ် တဲ့လူ၊ ချက်ပြုတ် ပုံပြောင်း လည်းခြင်း မရှိတဲ့ အခြေအနေ ဖြစ်မယ်လို့ သုံးသပ် ရပါတယ်။ ဒုတိယ ဖြစ်စဉ်မှာ ဆိတ်သားခြောက် ပါလာတာ တွေ့ရပါတယ်။ ဈေးထဲမှာ တွေ့နေရတဲ့ အသား တွေဟာ ကြာရှည် အထားခံနိုင်ဖို့ ယမ်းစိမ်း (အမိုး နီးယမ် နိုက်ထရိတ်) များ ပက်ဖျန်း ပေးထား ရတယ်လို့ ဆိုပါတယ်။ ယမ်းစိမ်းဟာ လူရဲ့ အသားတွေ စားနိုင်တဲ့ ဂုဏ်သတ္တိ ရှိတဲ့ အတွက် လူ့ရဲ့ အတွင်းပိုင်း ကလီစာတွေ လှိုက်စားပြီး သေဆုံး သွားတာ ဖြစ်နိုင်ချေ အများဆုံး ဖြစ်ပါတယ်။ ဘာပဲ ပြောပြော ဒီဆေးတွေ အန္တရာယ် များတဲ့ အကြောင်း အများ ပြည်သူများ သိဖို့ အလွန်အရေးကြီး ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့နယ်က အဆီဖိတ် ပိုးသတ် ဆေးမှုန့် ပါးစပ်ထဲကို ဝင်သွားလို့ သေဆုံး တဲ့ ဖြစ်စဉ်လည်း ပေါ့ဆစွာ ဆောင်ရွက် လုပ်ကိုင်တဲ့ အတွက် ဖြစ်ပါတယ်။ အန္တရာယ် များတဲ့ ပိုးသတ် ဆေးကို ကိုင်တော့ မယ်ဆိုရင် လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းများ ကြိုတင် စုဆောင်း ထားသင့်တယ်။ အဇက်ဝ ကျေးရွာက မသက်မာဝေ (၂၄) နှစ်ရဲ့ ဖြစ်စဉ်မှာ ပိုးသတ် ဆေးမှုန့် ထုပ်ဖောက်ဖို့ ကပ်ကြေးတို့၊ ဓားတို့ ကြိုတင် စီမံ ထားမယ် ဆိုရင် ပါးစပ်နဲ့ ဖောက်စရာ အကြောင်း မရှိတော့ဘူး ပေါ့ဗျာ၊ လက်အိတ်၊ နှာခေါင်း စီးနဲ့ အခြား ခန္ဓာကိုယ် အတွက် အကာအကွယ် ပစ္စည်းများ ကြိုတင် ပြင်ထား ဖို့လို အပ်ပါတယ်။ ကျွန်တော်တို့ မြန်မာ လူမိုျး များရဲ့ အားနည်းချက်က အလုပ်ကို ဖြစ်သလို၊ ကြုံသလို လုပ်တာဟာ မကောင်းဘူး ဆိုတာ ထင်ထင် ရှားရှား မီးမောင်း ထိုးပြခြင်းဘဲ ဖြစ်ပါတယ်။ ဒီကိစ္စ တွေဟာ ကျွန်တော်တ နိုင်ငံ စားသုံးသူ အကာ အကွယ် ပေးရေး လုပ်ငန်း တွေမှာ ထည့်သွင်း စဉ်းစား သင့်တဲ့ အချက် တစ်ချက် ဖြစ်ပါတယ်။ ပိုးသတ် ဆေးထုတ် လုပ်ရ ခြင်းဟာ ပိုးကို သတ်ဖို့ဖြစ်ပေမဲ့ လူတွေ သေရတာ ဝမ်းနည်းစရာ ကောင်းပါတယ်။ တီထွင် ထုတ်လုပ်တဲ့ ပုဂ္ဂိုလ် က လူ့အသက် သတ်ဖို့ ထုတ်မှာမဟုတ်ပါဘူး။ အခို့ျသော စိတ်ဓါတ် ပျော့ညံ့တဲ့ လူအခို့ျက သူ့ရဲ့ လတ်တလော စိတ်ခံစားမှု ကို ရှေ့တန်း တင်ပြီး ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်တဲ့ အခါမှာ ဒီပိုးသတ် ဆေးကို တလွဲ အသုံးပြု တတ်ပါတယ်။ လူအသက် တန်ဖိုးကို နားမလည် တဲ့လူတွေ ဖြစ်ပါတယ်။ အချို့ လူတွေ ကျတော့ လည်း အန္တရာယ်ကို ဂရုမပြုမိတဲ့ အတွက် တန်ဖိုး ရှိတဲ့ လူ့အသက်တွေ သေဆုံးခဲ့ရတယ်။ အဲဒီ လူတွေဟာ ဈေးထဲမှာ တွေ့တဲ့ အသားများနဲ့ အသီးအရွက်များကို သေချာ သန့်စင်အောင် မဆေးကြောတဲ့ အတွက် စားမိတဲ့ လူတွေ အသက် ဆုံးပါးသွား ရတဲ့ အထိ ဖြစ်ခဲ့ ရပါတယ်။ လူ့ဘဝ ဟူသည် ရခဲ၏ တဲ့။ ရခဲတဲ့ လူ့ဘဝကို တန်ဖိုး ထား ဂရုစိုက် ကြဖို့ သတိပေး စကားရှိနှင့် နေပြီးသား ဖြစ်တယ်။

ပိုးသတ်ဆေးဘာကြောင့်သုံးရသလဲ

အထက်ပါ ဖြစ်စဉ် တွေကို ကြည့်တဲ့ အခါမှာ အသီးအရွက် တွေမှာ ကျရောက်တဲ့ ပိုးအမိုျးမိုျး နှိမ်နင်းဖို့ ပိုးသတ် ဆေးအသုံး ပြုခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာ ပိုးတွေ များလာလို့လား မပြောတတ်၊ အသုံးပြုတဲ့ ပိုးသတ်ဆေး တွေက ယခင် ဆေးမိုျးန ဲ့မတူ ပိုမို အစွမ်းထက် လာတာ တွေ့နေရ ပါတယ်။ ဒါ့ကြောင့်လည်း ပိုးသတ်ဆေး ကိုင်တဲ့ အခါမှာ ပိုမို ဂရုစိုက် ပေးဖို့ အရေးကြီးကြောင်း မြင်တွေ့ နေရပါတယ်။ မြန်မာ နိုင်ငံမှာ တွေ့ရတဲ့ အဓိက အပင်၊ အသီး၊ အရွက် တွေကို ကိုက်စား ဖျက်ဆီးတဲ့ ပိုးတွေ ကတော့ သီးလုံး ဖောက်ယင် (Fruit Fly)၊ ပင်စည်ထိုးပိုး (Stem borer)၊ ဖြုတ်ပိုး (Hopper)၊ ပျပိုး (Aphid)၊ အစေ့ထိုးပိုး (Stem borer)၊ ခေါင်ညွှန့်ထိုးပိုး (Shoot or tip borer)၊ ပိုးစေးနဲှ (Mealy bug)၊ အကြေးပိုး (Scale insect)၊ လှေးပိုး (Thrip)၊ ခြ (Tarmite)၊ ပွေး (Bamboo rat) စတဲ့ အမိုျးပေါင်း ဒီထက် မက ပိုးတွေ ရှိနေဦးမှာ ဖြစ်ပါတယ်။ ပိုးကောင် တွေက အပင်၊ အကိုင်း၊ အသီး၊ အရွက်နဲ့ အမြစ်တွေကို ကိုက်စား ဖျက်ဆီး ခဲ့တာကြောင့် လူတွေ စားဖို့ မသင့်တော့ဘူး။ ဈေးတွေမှာ ပိုးကိုက်ပိုး စားတဲ့ အသီးအရွက် ဆိုရင် လူတွေ ရှောင်ကြတယ်။ ဒါကြောင့် အသီးအရွက် တွေကို ထုတ်လုပ်တဲ့ သူက ရောင်းပန်း လှဖို့ ပိုးသတ် ဆေးတွေ လှိုင်လှိုင် သုံးလာကြခြင်း ဖြစ်ပါတယ်။ အချို့ ပိုးသတ်ဆေး တွေဟာ သာမန် ရေအေးနဲ့ ဆေးရုံဖြင့် မရတဲ့ အကြောင်း မြန်မာ့ စိုက်ပိုျးရေး လုပ်ငန်း တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးရဲ့ ပြောဆိုချက် ကို မှတ်သား ဖူးပါတယ်။ ရေနွေးနဲ့ စိမ်ပြီးမှ ပိုးသတ်ဆေးရဲ့ ဓါတု ဓါတ်ကြွင်တွေ ဓါတ်ပြယ် ပြီးမှသာ ချက်ပြုတ် စားသောက်လို့ ရနိုင်မှာဖြစ် ပါတယ်။ ဒီပြဿနာ တွေက မြန်မာနိုင်ငံ အနံှ့မှာ မြင်တွေ့ နေရဦးမှာ ဖြစ်တဲ့ အတွက် အသီး အရွက်များ ဝယ်ယူတဲ့ အခါမှာ သတိထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ပိုးသတ် ဆေးရဲ့ တာဝန်ဟာ ပိုးကောင်များ သေစေဖို့အတွက်သာ

ပိုးသတ်ဆေးရဲ့ သဘော သဘာဝဟာ သီးပင် စားပင်တွေ လာရောက် ကိုက်စား ဖျက်ဆီးလာတဲ့ ပိုးတွေ သတ်ဖို့ ထုတ်လုပ် ထားတဲ့ ဓါတုဗေဒ ဆေးများ ဖြစ်ပါတယ်။ ဒီဆေးရဲ့ တာဝန်က လည်း စားမိတဲ့ သတ္တဝါများ သေဆုံး ဖို့ဖြစ်ပါတယ်။ အသုံးပြုတဲ့ လူပေါ်မှာ အန္တရာယ်ရှိဖို့ မရှိဖို့ဆိုတာ မူတည်နေတာ ဖြစ်ပါတယ်။ ပိုးသတ်ဆေး ထုတ်လုပ်တဲ့ သူတွေက ပိုးသတ်ဆေးရဲ့ ဗူးခွံပေါ်၊ ပုလင်းခွံ ပေါ်နဲ့ အိတ်ခွံပေါ် တွေမှာ သတိပေးစာတမ်းများ ထင်ထင် ရှားရှား ရေးသား ထားခဲ့ပါတယ်။ နိုင်ငံတော် အနေဖြင့် လည်း ပြည်ပမှ ပိုးသတ်ဆေး အပါအဝင် ဓါတုဗေဒ ဆေးဝါး ပစ္စည်းများ တင်သွင်းတဲ့ အခါ သက်ဆိုင်ရာ ဌာနတွေရဲ့ ထောက်ခံ ချက်ကို တောင်းပြီး စိစိစစ်စစ် ခွင့်ပြုရပါတယ်။ လူတွေအတွက် အကိုျးပြုဖို့ ရည်ရွယ်တာ ဖြစ်ပြီးတော့ အသုံးပြု နည်းအညွှန်း ကိုပါ ထုတ်လုပ်သူက ဖော်ပြ ပေးလေ့ရှိပါတယ်။ အသုံးပြု တော့မယ် ဆိုရင် အညွှန်းကို သေသေချာချာ နားလည်ပြီးမှ အသုံးပြုဖို့ အရေးကြီး ပါတယ်။ သုံးတတ်ရင် အကိုျးရှိပြီးတော့ မသုံးတတ်ရင် ဘေးဖြစ် စေတာက ပိုးသတ်ဆေးပဲ ဖြစ်ပါတယ်။

ပိုးသတ်ဆေးနဲ့ ပတ်သက်ပြီးအကြံပြုချက်

ပိုးသတ် ဆေးဟာ သေနတ် တစ်လက်လို ကိုင်တွယ် ထိန်းသိမ်းတတ်ဖို့ လိုအပ်ပါတယ်။ သေနတ် ဆိုတာ ကိုယ့်ကိုယ် ကိုယ်ကာကွယ် ဖို့ဖြစ်ပေမယ့် အသုံးမပြု တတ်ရင် ကိုင်တဲ့ လူပါ သေစေနိုင်တဲ့ လက်နက် ကိရိယာပဲ ဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ ပိုးသတ်ဆေး ဟာလည်း စိုက်ပိုျးပင်များ ပိုးကောင်များရဲ့ ဘေးရန်မှ ကာကွယ်ပေး ဖို့ပဲဖြစ်ပါ တယ်။ အသုံးပြုတတ်ရင် အကိုျးပေးမှာ ဖြစ်သလို အသုံးမပြု တတ်ရင် တော့ ကိုင်တွယ် တဲ့လူ အတွက် အသက် အန္တရာယ် ပါပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စားသုံးသူ ပြည်သူများ ပိုးသတ် ဆေးကို စနစ်တကျ ကိုင်ကွယ် အသုံးပြု တတ်လာစေဖို့နဲ့ အန္တရာယ် ကင်းအောင် အောက်ပါ အတိုင်း ဆောင်ရွက် သင့်ကြောင်း အကြံပြု လိုပါတယ်-

၁။ ပိုးသတ်ဆေးကို သတ်မှတ် အညွှန်း အတိုင်း အတိအကျ လိုက်နာပေးပါ။

၂။ ပိုးသတ် ဆေးဗူး (သို့မဟုတ်) အထုပ် (သို့မဟုတ်) ပုလင်းများ ကိုင်တွယ်ပြီး တိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြောပါ။

၃။ ပိုးသတ်ဆေးကို ကလေးများ မမီနိုင်တဲ့ နေရာမှာ အလွယ်တကူ ထုတ်ယူ နိုင်လို့ မရအောင် ထိန်းသိမ်း ထားရှိပါ။

၄။ ပိုးသတ် ဆေးကို လိုတာ ထက် အချိုး ပိုမသုံးရန်။

၅။ ပိုးသတ် ဆေးဖျန်း တိုင်းမှာ အကာအကွယ် အသုံးပြုပါ။

၆။ ပိုးသတ်ဆေးကို အသားနဲ့ မထိစေရေး ဂရုစိုက် ဆောင်ရွက် ပေးပါ။

၇။ ပိုးသတ်ဆေးဖျန်းတဲ့အခါမှာ လေအဆန်ဘက်မှသာနေ၍ ဖျန်းပေးရပါမယ်။

၈။ ပိုးသတ် ဆေးဖျန်းထားတဲ့ အသီးအရွက် များကို ချက်ချင်း စားသောက်ခြင်း မပြုသေးဘဲ လေသလပ် ခံခြင်း၊ ရေနွေးနဲ့ ပြုတ်ခြင်း၊ ရေနဲ့ သေချာစွာ ဆေးကြောခြင်း များကို စနစ် တကျ ပြုလုပ်ရန်။

၉။ ပိုးသတ် ဆေးဖျန်းထားတဲ့ အသီးအရွက်များ ချက်ပြုတ်တဲ့ အခါမှာ မူလ အရောင်များ၊ အနံ့များ၊ အသီးအရွက် ပုံစံများ၊ ပြောင်းလဲ သွားတယ်လို့ ယူဆပါက မစားပါနဲ့။

၁ဝ။ ပိုးသတ်ဆေးနဲ့ ပတ်သက်လို့ သံသယ ဖြစ်မှုများကို သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်များကို မေးမြန်းပြီးမှသာ ကိုင်တွယ် ဆောင်ရွက်ပါ။

၁၁။ ပိုးသတ် ဆေးများကို အခြား စားသောက်ကုန် ပစ္စည်းများနဲ့ ရောနှော ထားသို ခြင်းမရှိစေရန် ဂရုစိုက် ရမည်။

အဆိပ်အတောက်ရှောင်ရှားနိုင်ရေးဆောင်ရွက်စို့

နေ့စဉ် စားသောက် နေတဲ့ အစားအသောက် အတွက် ရွေးချယ် စားသောက် တတ်ဖို့ လိုအပ်ပါတယ်။ မနက် မိုးလင်းလို့ လက်ဖက် ရည်ဆိုင် သွားပြီး နံနက် စောစောစား သုံးတတ် သူများ ကိုယ်စားတဲ့ မုန့်ဟာ အပြန်ပြန် အလှန်လှန် ကြော်လှော် ပြီးသားဆီနဲ့ ကြော်တာ ဆိုရင်ရှောင်ပါ။ ရောဂါရဖို့ ရာခိုင်နှုန်း အလွန်များ ပါတယ်။ အခို့ျ လက်ဖက်ရည်ဆိုင် တွေဟာ မုန့်ကြော်တဲ့ဆီ အထဲကို ရေသန့်ဗူးခွံ ထည့်ကြော်တယ် လို့ ကြားသိ ရပါတယ်။ ကြော်လိုက်တဲ့ မုန့်တွေ ကြွပ်ရွ စေဖို့လို့လည်း ဆိုပါတယ်။ တတ်လည်း တတ်နိုင် လွန်းတဲ့ လူတွေပဲ။ မဟုတ်တဲ့ ပညာဘက်မှာ စွမ်းဆောင်ရည် မြင့်မားလွန်း ကြတယ်။ နောက်ပိုင်း စားသောက် ဆိုင်တွေမှာ အစားအသောက် လုံခြုံမှု အာမခံချက် ပေးနိုင်မဲ့ ဆိုင်တွေပဲ ရောင်းရ တော့မဲ့ အချိန် ရောက်လာမှာ ဖြစ်ပါတယ်။ ဖြစ်လည်း ဖြစ်သင့် ပါတယ်။ စားသုံးသူက ငြင်းပယ်မှသာ ထုတ်လုပ် သူဘက်မှ ပြုပြင်လာမှာ ဖြစ်ပါတယ်။

ဒီဘက် ကာလ ပိုင်းတွေမှာ ရောဂါနဲ့ သေဆုံးတဲ့ သူတွေ အများဆုံးက ကင်ဆာ ရောဂါ အပါအဝင် အစား အသောက် ကနေ ဆင်းသက် လာတဲ့ ရောဂါတစ်ခုခု ကြောင့် ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်မှုတွေ လေ့လာတဲ့ အခါ လူလတ်ပိုင်းတွေ အဖြစ်များတာ တွေ့နေရ ပါတယ်။ အကြောင်း ကတော့ ယနေ့ ကျွန်တော်တို့ စားသောက် နေတဲ့ အစားအသောက် ထဲမှာ အဆိပ်အတောက် တွေ အလွန်အကံျွ ပါရှိလာတယ် ဆိုတာ ထင်ဟပ် ခြင်းပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့ စားသုံးသူ ပြည်သူများဟာ အစားအသောက် အန္တရာယ် ကင်းရှင်း စေရေးဟာ နိုင်ငံတော် အတွက် ဦးစားပေးရမဲ့ အမိုျးသား ကာကွယ်ရေး ကိစ္စ အဆင့်အနေနဲ့ ရောက်ရှိ နေပြီ ဖြစ်ပါတယ်။ ကြာလေ ဆိုးလေ မဖြစ်အောင် နိုင်ငံသားတိုင်းမှ မိုျးချစ်စိတ်ဓါတ် အရင်းခံပြီး မိမိ တတ်နိုင် သ၍ စားသုံးသူများ ဘက်မှ အစားအသောက် ထဲက အဆိပ်အတောက်များ ကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်ကြပါ စို့လို့ တိုက်တွန်း ရေးသား လိုက်ရ ပါတယ်။

                                                                                                                                          ခမ်လျန်စွမ်း

သောကြာနေ့  ၁၅ မတ်လ  ၂၀၁၃ 04 း 16 PM

တစ်ဖက် အိမ်နီးချင်း နိုင်ငံများမှ အရည်အသွေး စံချိန်စံညွှန်း မမီတဲ့ ပစ္စည်းများနဲ့ အစားအသောက်နှင့် ဆေးဝါးများ နယ်စပ် တရားမဝင် ဝင်ပေါက်များမှ တရားမဝင်သယ်ဆောင်ဝင်ရောက်နေရာ စားသုံးသူ အကာအကွယ် ပေးရေးနှင့် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးဖွဲ့ (Mobile Team) များဖွဲ့စည်းပြီး အဓိက လမ်းကြောင်းများ ဖြစ်သည့် မူဆယ်-မန္တလေး နှင့် မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းများ အပြင် နယ်စပ် ကုန်သွယ်ရေး စခန်း အနီး လက်လှမ်းမီသည့် နေရာများ နှင့် ရှောင်ကွင်းလမ်း များမှ တရားမဝင် (မှောင်ခို) ကုန်သွယ်မှု များအား ကြပ်မတ် စစ်ဆေး ဆောင်ရွက် လျက်ရှိပါတယ်။

............ (ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ)

 

တရားမဝင် မှောင်ခို ကုန်သွယ်မှုပြုသူ များဟာ တရားဝင် အခွန်ဆောင် တင်သွင်းလာတဲ့ လမ်းကြောင်း မှန်ပေါ်က သွင်းကုန် ယာဉ်များအား အသုံးချ ဆောင်ရွက်ကြသလို မှန်လုံယာဉ်များမှာ အံဝှက်များ ပြုလုပ် ပြင်ဆင်၍ ခရီးသည်များအား ခုတုံးလုပ်ပြီး သယ်ဆောင် ကြကြောင်း စိစစ်တွေ့ ရှိရတဲ့ အတွက် Mobile Team အဖွဲ့များ အနေဖြင့် ကုန်စည် စီးဆင်းမှု အပေါ် အဟန့်အတား မဖြစ်အောင်၊ ခရီးသွား ပြည်သူများ စိတ်အနှောင့် အယှက် မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း နဲ့ ကြပ်မတ် စစ်ဆေး အရေးယူ ဆောင်ရွက်နေရာ ၆-၃-၂ဝ၁၃ ရက်နေ့ ၂၂း၃ဝ အချိန်တွင် သွင်းကုန်ပစ္စည်း တရားဝင် တင်ဆောင်လာတဲ့ (၁၂) ဘီးယာဉ် (၁) စီးပေါ်မှ တရားမဝင် တင်သွင်းလာတဲ့ Dali Beer များကို သိမ်းဆည်း ဖော်ထုတ် နိုင်ခဲ့ပါသည်။

ဖြစ်စဉ်က ကုမ္ပဏီတစ်ခုရဲ့ Tri Super Phosphate Fertilizer ၂ဝဝဝဝဝဝ ကီလိုတင်သွင်းခွင့် ပြုထားတဲ့ သွင်းကုန် လိုင်စင် နဲ့ အကောက်ခွန်ကြေငြာလွှာ (ID) မှာ ၄၄၁ဝဝဝ ကီလို အတွက် အခွန်ပေးဆောင် ထားပြီးဖြစ်ရာ သွင်းကုန် ယာဉ်မှာ မူဆယ် ၁ဝ၅ မိုင်က ၂၆-၂-၂ဝ၁၃ ရက်နေ့တွင် ၁၃ဝဝဝ ကီလို တင်ဆောင် အစစ်ဆေးခံ ထွက်ခွာလာရာ ပုံမှန် မောင်းနှင် ရောက်ရှိ ရမဲ့ရက်ထက် အချိန် နောက်ကျပြီး ၆-၃-၂ဝ၁၃ ရက်နေ့ ၂၂း၃ဝ နာရီမှ နောင်ချိုမြို့ Mobile Team အဖွဲ့ ယာယီ အခြေပြု စစ်ဆေးသည့် နေရာသို့ ဝင်ရောက် လာကြောင်း စိစစ်တွေ့ ရှိသည့် အပြင် ယာဉ်ရဲ့ အရှေ့နှင့် အနောက် ယာဉ်နံပါတ်များ ကွဲလွဲ တပ်ဆင် ထားကြောင်း မျက်မြင် စိစစ်တွေ့ရှိ မှုများ အရ စစ်ဆေးရေး အဖွဲ့အား သံသယ ဖြစ်စေ ခဲ့တဲ့ အတွက် ယာဉ်နဲ့ ယာဉ်ပေါ်ပါ ပစ္စည်းများကို တစ်စီးလုံး ပစ္စည်းများ ချပြီး စစ်ဆေးခဲ့ ရပါတယ်။

Mobile Team အဖွဲ့ စုံဖြင့် ယာဉ်တစ်စီးလုံး ပစ္စည်းချ စစ်ဆေးခဲ့ရာမှာ Tri Super Phosphate Fertilizer ၁၃ဝဝဝ ကီလို တင်ဆောင် လာကြောင်း၊ ကုန်ကြေငြာလွှာမှာ ဖော်ပြထား သော်လည်း ၉၉၅ဝ ကီလိုသာ ပါရှိခဲ့ပါတယ်။ ၃ဝ၅ဝ ကီလို (၆၁) အိတ် လျော့နည်းနေရာ ဓါတ်မြေသြဇာအိတ်များကို ဖုံးကုန်အဖြစ်အသုံးပြု၍ ၎င်းအိတ်များ အောက်မှ တရားမဝင် တင်သွင်း လာတဲ့ Dali Beer (၁ x ၂၄) ပါ (၃၈၃) ဖာ အား တင်ဆောင် လာတာကို စစ်ဆေး ဖော်ထုတ် သိမ်းဆည်း နိုင်ခဲ့တာဘဲ ဖြစ်ပါတယ်။ ယာဉ်နံပါတ်များ အရှေ့နဲ့ အနောက်မညီတဲ့ သွင်းကုန် ယာဉ်ကိုလဲ တရားဝင် လိုင်စင်ရှိ ယာဉ် ဟုတ်/မဟုတ် သိရှိနိုင်အောင် သက်ဆိုင်ရာ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနဲ့ ညှိနှိုင်း စိစစ်ဆောင်ရွက် နေတယ်လို့ သတင်း ရရှိပါတယ်။

                                                                                                                                      ရွှေမြိုင်သား

တနင်္လာနေ့  ၁၁ မတ်လ  ၂၀၁၃  01 း 13 PM

တစ်လှေ တည်းစီး တစ်ခရီးတည်း သွားချင်း အတူတူ

ကမ္ဘာ ပေါ်မှာ နီးစပ်ရာ အိမ်နီး ချင်းတွေ အသွင် တူချင်း တွေ ကိုးကွယ် ရာချင်း တူသူတွေ စုပေါင်းပြီး အုပ်စု လိုက် Association တွေ၊ အဖွဲ့ ခုျပ်တွေ၊ အသင်းတွေ ဖွဲ့စည်း ကြတာ ဒီဘက် ခေတ်ပိုင်းမှာ ပိုမို ပီပြင် လာတာ ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာ စစ်ကြီး မတိုင်မီက အုပ်စုတွေ ဖွဲ့လာ တာဟာ စစ်ရေး အတွက် ပိုမို ဦးတည်တာ ဖြစ်ပြီး တော့ ဒီဘက် ခေတ်ပိုင်း မှာ စီးပွားရေး အတွက် ပိုမို အရေးပါ လာတာ ဖြစ်ပါ တယ်။   ............ (ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ)

ဥရောပ သမဂ္ဂ (အီးယူ) ဆိုရင် နဂိုက နေတိုး စစ်အုပ်စုဝင် နိုင်ငံ တွေနဲ့ အဓိက ဖွဲ့စည်း ထားတာ ဖြစ်ပြီး နောက်ပိုင်း မှာ စစ်ရေးထက် စီးပွားရေး ဘက်ကို အလေးထား ဆောင်ရွက် လာကြ ပါတယ်။ အိုပက် အဖွဲ့ ဆိုရင် ရေနံ ထုတ်လုပ် တင်ပို့ဖို့ စဖွဲ့ လာခဲ့တာ တဖြေးဖြေးနဲ့ ဘာသာရေး အသွင် ဆောင်လာ ကြတယ်။ နောက်ပိုင်းကျတော့ စီးပွားရေး ဘက်ကို အလေးပေး လာကြ ပြန်တယ်။ ၂၁ ရာစုမှာ လက်နက် ကိရိယာ အလွန် တိုးတက် လာတဲ့ အတွက် ကိုယ့်နိုင်ငံ ကာကွယ် ရေး ကိုယ့် အစီ အစဉ်နဲ့ ကိုယ် ဆောင်ရွက် လာတာ မြင်တွေ့ နေရ ပါတယ်။ အနီး စပ်ဆုံး ပြောရ ရင် မြောက် ကိုးရီး ယား နဲ့ အီရန် နိုင်ငံ တို့ရဲ့ နျူကလီယား လက်နက် ကိစ္စ တွေမှာ ပိုမို သိသာ တာ ဖြစ်ပါ တယ်။ ဆိုလို တာက ဒီဘက် ရာစုသစ် မှာ စီးပွားရေး အရ ပူးပေါင်း ဆောင်ရွက် ရေး ဦးတည် လာကြ တာ ဖြစ်ပါ တယ်။

၁၉၆၇ ခုနှစ်က စတင် ဖွဲ့စည်းတဲ့ အရှေ့ တောင် အာရှ နိုင်ငံများ အသင်း မှာ မြန်မာ နိုင်ငံ ဟာ ၁၉၉၇ ခုနှစ်၊ ဇူလိုင် လ ၂၃ ရက်နေ့ က စပြီး အဖွဲ့ဝင် နိုင်ငံ ဖြစ်လာ ပါတယ်။ အဖွဲ့ဝင် နိုင်ငံ ဖြစ်တဲ့ အချိန်က စပြီး တော့ အဖွဲ့ ရဲ့ လှုပ်ရှား မှုတွေမှာ တက်တက် ကြွကြွ နဲ့ ပူးပေါင်း ဆောင်ရွက် လာတဲ့ အတွက် အာဆီယံ ဟာ ပိုမို သက်ဝင် ပီပြင် လာတာ မြင်တွေ့ နေရမှာ ဖြစ်ပါတယ်။ အာဆီယံ ရဲ့ ရည်ရွယ် ချက်ကို က ပူးပေါင်း ဆောင်ရွက်ဖို့ အဓိက ဖြစ်ပါ တယ်။ ၂ဝဝ၃ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဘာလီ မြို့မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီး အစည်း အဝေးကနေ ၂ဝ၂ဝ ခုနှစ် အရောက်မှာ အာဆီယံ စီးပွားရေး အသိုက် အဝန်း (ASEAN Economic Community) တည်ထောင် ရန်ဆုံး ဖြတ်ခဲ့ကြ ပါတယ်။ ၂ဝဝ၇ ခုနှစ် ဖိလစ်ပိုင် နိုင်ငံ၊ စီဘူးမြို့မှာ ကျင်းပတဲ့ ထိပ်သီး အစည်း အဝေးက အေအီးစီဟာ အသင်းကြီး အတွက် အင်မတန်မှ အရေးကြီးတာ ဖြစ်တဲ့အတွက် ၂ဝ၂ဝ ခုနှစ်ကို မစောင့်တော့ပဲ ၂ဝ၁၅ ခုနှစ်မှာ အကောင် အထည် ဖော်ဖို့ သဘော တူခဲ့ကြ ပါတယ်။ တကယ်တန်းကျတော့ ကျွန်တော်တို့ အာဆီယံ နိုင်ငံတွေဟာ အသား အရောင်က အစ အတွေး အခေါ် အဆုံး တူညီမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုးနီးရှား၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံ သားများဟာ ခွဲခြားလို့ မရတဲ့ တူညီမှုတွေ အများ ကြီး ရှိကြတာ ဖြစ်ပါတယ်။   အရှေ့တောင် အာရှဒေသရဲ့ မြေကြီးပေါ်မှာ လူလား မြောက်လာ ကြတာ ဖြစ်တဲ့ အတွက် ညီအစ်ကို မောင်နှမ အရင်း အခြာတွေ လို့တောင် ပြောလို့ ရနိုင်ပါတယ်။ မြန်မာစကားမှာ သွေးက စကားပြော တယ်လို့ အဆို ရှိတဲ့ အတိုင်း အာဆီ ယံဖွဲ့စည်း လိုက်တဲ့ အခါမှာ အတွေး အခေါ်၊ အယူအဆ တွေမှာ တူညီမှု ရှိနေ ကြပါတယ်။ နိုင်ငံ တစ်ခုချင်းရဲ့ ဖြတ်သန်း လာခဲ့ ရတဲ့ သမိုင်းကြောင်းနဲ့ အုပ်ခုျပ်မှု စနစ်တွေ ကွဲပြားခဲ့ တဲ့အတွက် မတူညီမှု တွေဖြစ် လာရတာ ဖြစ်ပါ တယ်။

အာဆီယံ အသင်းကြီးဟာ အာရှမှာ တင်မက တော့ပဲ ကမ္ဘာ ပေါ်မှာပါ အရေးပါလာ တာဖြစ် ပါတယ်။ အာရှရဲ့ စီးပွားရေး ကျားနိုင်ငံ များနဲ့ အလား အလာ ကောင်းတဲ့ နိုင်ငံတွေ စုဖွဲ့ထားလို့ ဘဲဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေး အတွက် အရေးပါဆုံး ဒေသတစ်ခု အနေနဲ့ ရောက်ရှိ လာတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အာဆီယံ စီးပွားရေး အသိုက် အဝန်းဟာ ပိုမို အရေးကြီး လာတဲ့ အနေ အထား အနေနဲ့ ရောက်ရှိလ လာတာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ အာဆီယံ နိုင်ငံတေ ဟာ တစ်လေ ှတည်းပေါ်မှာ တစ်ခရီး တည်းသွား နေကြတဲ့ ညီအစ်ကို တွေလို့ တောင် ခေါ်ဆို ရမှာ ဖြစ်ပါတယ်။

အာဆီယံအသိုက်အဝန်းနှင့်မြန်မာနိုင်ငံ

အာဆီယံ အသိုက် အဝန်း (ASEAN Economic Community) ဟာ ဗီယန်ကျင်း အစီအစဉ်မှာ ပါဝင်တဲ့ အသိုက်အဝန်း (၃) ရပ်ထဲက အရေး ကြီးဆုံး ကဏ္ဍ ဖြစ်ပါတယ်။ ကမ္ဘာ့ နိုင်ငံများက မျက်စိကျတဲ့ အချက် ကလည်း စီးပွားရေး အင်အား ကောင်းတဲ့ နိုင်ငံတွေ ဖြစ်တာရယ် ဖွံ့ဖြိုး တိုးတက်ဖို့ အလား အလာ ကောင်းတဲ့ နိုင်ငံတွေ ပါဝင် လာတာရယ်၊ ဒေသတွင်း သယံ ဇာတ ပေါများ တာရယ်၊ ကျယ်ပြန်တဲ့ ဈေးကွက်များ တည်ရှိ နေတာတွေ၊ လူ့စွမ်းအား အရင်း အမြစ်များ လိုရင် လိုသလို ထုတ်သုံး နိုင်တဲ့ အခြေ အနေ ရှိနေ တာတွေ ကြောင့်ဖြစ် ပါတယ်။ အထူး သဖြင့် မြန်မာ နိုင်ငံက ဒီအဖွဲ့ အစည်းမှာ တင်းပြည့် နိုင်ငံ အနေဖြင့် ပါဝင်လာ တာကြောင့် အာဆီယံ နိုင်ငံအတွင်း ပိုမို အားတက်မှု ဖြစ်စေ ခဲ့ပါတယ်။ အကြောင်းမှာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်ဖို့ အလား အလာ ကောင်းများ ရှိနေ တာတွေ၊ ပထဝီဝင် နိုင်ငံရေး အရ မဟာ ဗျူဟာ ကျနေ တာတွေ၊ အုပ်ချုပ်မှု စနစ် မှာလည်း ဒီမို ကရေစီ အစိုးရ ပေါ်ပေါက် လာတာ တွေစတဲ့ အင်္ဂါရပ် တွေပိုင်ဆိုင် ထားတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာ နိုင်ငံဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ အတွက် ဒီအသင်းရဲ့ ရည်မှန်းချက် တွေနဲ့ လုပ်ငန်း တာဝန် တွေကို အောင်မြင်အောင် ဆောင်ရွက် ရမှာဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ် မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီး အစည်း အဝေးမှာ အေအီးစီ အတွက် ရည်မှန်းချက် တာဝန် ချမှတ် ပေးခဲ့ ပါတယ်။ အာဆီယံ ဒေသကို သာတူညီမျှ စီးပွားရေး ဖွံ့ဖြိုး တိုးတက် မှုနဲ့ ဆင်းရဲ နွမ်းပါး မှုတွေ၊ လူမှုစီးပွားရေး မညီမျှ မှုတွေကို လျော့နည်းပြီး တည်ငြိမ် ကြွယ်ဝ ယှဉ်ပြိုင်နိုင်စွမ်း ရှိတဲ့ ဒေသ ဖြစ်စေဖို့ ဆုံးဖြတ် ခဲ့ကြပါတယ်။ ဒါ့အပြင် အာဆီ ယံဟာ   အခြား ဒေသ ဆိုင်ရာ အဖွဲ့ အစည်း များလို နိုင်ငံတကာ စည်းမျဉ်း စည်းကမ်း များနဲ့ ကိုက်ညီတဲ့ ဈေးကွက်ကို တွန်းအား ပေးတဲ့ စီးပွားရေး စနစ် ဖွံ့ဖြိုး တိုးတက် စေဖို့ ရည်ရွယ် ထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံ အနေနဲ့ လာမဲ့ ၂ဝ၁၅ ခုနှစ် အေအီးစီ အတွက် ကြိုတင် ပြင်ဆင်မှု သတင်း တွေကြား နေရပြီ ဖြစ်ပါတယ်။

အေအီးစီနဲ့အတူ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ

အာဆီယံ စီးပွားရေး အသိုက် အဝန်းနဲ့ အတူ ကျွန်တော်တို့ နိုင်ငံဟာ လည်း ကုန်စည များနဲ့ ဝန်ဆောင်မှု တွေမှာ ရွေးချယ် ပိုင်ခွင့် ပိုမို ရရှိလာ မှာဖြစ် ပါတယ်။ ဒါ့အပြင် လူနေမှု လည်းပိုမို မြင့်တက် လာဖို့ရှိပါတယ်။ ဒီလို တိုးတက် မှုတွေ အခွင့် အရေး တွေဝင်လာတဲ့ အခါမှာ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူမှုရေး အခွင့် အရေးတွေနဲ့ ကိုက်ညီမှု မရှိတာ တွေကို ကြိုတင် ပြဌာန်း ပြီးတော့ ကြေငြာထားဖို့ လိုအပ် မယ်လို့ ထင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အာဆီယံ နိုင်ငံထဲက နိုင်ငံ တွေထဲမှာ အများ စုက ဗုဒ္ဓ ဘာသာ ဝင်ဖြစ်ပေမယ့် မလေးရှား၊ အင်ဒို နီးရှားနဲ့ ဘရူနိုင်း တို့က အစ္စလာမ် ဘာသာဝင် တွေဖြစ် ပြန်တယ်။ ဖိလစ်ပိုင် နိုင်ငံ ကျတော့လည်း ခရစ်ယာန် ဘာသာ ကိုးကွယ် တဲ့နိုင်ငံ ဖစ်ပြီး အရာရာမှာ တူညီ နိုင်ဖို့ ဆိုတာ မလွယ် ကူဘူး။ အဲဒီတော့ ကျွန်တော် တို့နိုင်ငံက စားသုံးသူ ကာကွယ်ရေး ဥပဒေနဲ့ သူတို့ နိုင်ငံက ဥပဒေဟာ လုံးဝ တူနေဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စ တစ်ခု ဖြစ်နေ ပါတယ်။ တူညီ နိုင်တဲ့ ကိစ္စ တစ်ခုက လူကို အန္တရာယ်ပေး ကုန်ပစ္စည်းများ ကာကွယ် ရေးကို ဆွေးနွေး ညှိနှိုင်း ရင်တော့ တူညီနိုင်မှာ ဖြစ်ပါတယ်။

အာဆီယံ နိုင်ငံများ ဟာ ရှေ့အနာ ဂတ်မှာ ဥရောပ သမဂ္ဂ (အီးယူ) လို ဘုံငွေကြေး စနစ်နဲ့ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးများ ပူးပေါင်း ဆောင်ရွက်ဖို့ နောက်ဆုံး သမဂ္ဂ တစ်ခုတည်း ပုံစံ ဖြစ်ဖို့ အထိ ဦးတည် နေတာ ဖြစ်တယ်။ ဒါကြောင့်လည်း တစ်ခု တည်းသော ဈေးကွက်နဲ့ ထုတ်လုပ်မှု အခြေခံ ဒေသ (Single Market & Production Base) တည်ထောင်ဖို့ ရည်မှန်း ထားတာ ဖြစ်ပါတယ်။ အဲဒီလို ရည်မှန်း ထားတဲ့ အတွက်လည်း ဦးစားပေး ကဏ္ဍကြီး (၁၁) ရပ်   ( 11-priority sector) ဆိုတာ တွေ ထားရှိ ပြီးတော့ ထုတ်လုပ်တဲ့ ကုန်ပစ္စည်း များရဲ့ Trade Mark ကို ASEAN အမှတ်တံဆိပ်တွေပြီးတော့ Made in ASEAN တွေနဲ့ ထုတ်လုပ် ဖို့အထိ ရည်ရွယ် ထားတာ ဖြစ်တယ်။ အဲဒီကျရင် ကျွန်တော်တို့ အတွက် ကောင်းတာ တွေရော မကောင်း တာတွေ ရောခံစားရမှာ ဖြစ်ပါတယ်။ ကောင်းတဲ့ အချက်များ အနေနဲ့ ကိုယ့်နိုင်ငံရဲ့ အကြီးစား၊ အလတ်စားနဲ့ လက်ခစား လုပ်ငန်း တွေမှာ ကျွန်တော်တို့ နိုင်ငံသား လုပ်ငန်း ရှင်တွေ၊ ကျွန်တော် တို့ရဲ့ အလုပ် သမားတွေ၊ ကျွန်တော်တို့ နိုင်ငံရှိ ဝန်ဆောင်မှု လုပ်တဲ့ ကုမ္ပဏီတွေ ဟာ စီးပွားရေး အရ အခွင့် အလမ်းတွေ သေချာပေါက် ရရှိလာမှာ ဖြစ်ပါတယ်။

အေအီးစီ ဝင်လာရင် နစ်နာမှု ရှိနိုင်တာက ကျွန်တော်တို့ရဲ့ စားသုံးသူ ပြည်သူများ ဘဲဖြစ်ပါတယ်။ ဘုံစနစ်နဲ့ ကုန်ပစ္စည်း များထုတ်လုပ် တဲ့အခါ တွေမှာ ဖြစ်နိုင်တာ ရှိပါတယ်။ ဥပမာ- မော်တော် ယာဉ်ကို ထုတ်လုပ် တယ်ဆိုရင် အစိတ် အပိုင်းတွေ ကိုနိုင်ငံ အလိုက် ထုတ်လုပ် ကြပြီး ကျွန်တော်တို့ နိုင်ငံမှာ လာရောက် တပ်ဆင် တယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံသား တွေဆီက ငှားတဲ့ အခတွေ၊ လုပ်အား ခတွေ၊ ရေခမီးခ တွေကို ဥပဒေအရ တန်ရာ တန်ကြေး ရနေသလား၊ သူတို့နိုင်ငံ ကထုတ်ပိုး လာတဲ့ ထုတ်ပိုး ခွံတွေ စနစ်တကျ စွန့်ပစ သလား၊ အန္တရာယ်ရှိ စွန့်ပစ် ပစ္စည်းတွေ အများ ပြည်သူ တွေအတွက် ထိခိုက် နိုင်စရာ ရှိသလား ဆိုတဲ့ အချက် တွေကို ကျွန်တော်တို့ စားသုံး သူများ ဘက်က ကာကွယ် စဉ်းစား ပေးရမှာ ဖြစ်ပါတယ်။

အာဆီယံ ဒေသတွင်း မှာ ကုန်စည်များ လွတ်လပ်စွာ စီးဆင်းမှု (Free Flow of Goods) မူအရ အကောက် ခွန်နှုန်း များ သုည ရာခိုင်နှုန်း ထိလျော့ချ ပေးရမှာ ဖြစ်ပြီး အကောက်ခွန် မဟုတ်တဲ့ ကုန်သွယ်မှု အတား အဆီးများ ဖယ်ရှားဖို့ လည်း အာဆီယံ နိုင်ငံများ သဘော တူညီမှု ရရှိပြီး ဖြစ်ပါတယ်။ ကုန်ပစ္စည်းများ အလုံး အရင်းနဲ့ ဝင်ရောက် လာတဲ့ အခါမှာ စားသောက်ဖို့ မသင့်တဲ့ စားသောက် ကုန်ပစ္စည်းများ၊ အန္တရာယ်ရှိ လူသုံးကုန် ပစ္စည်းများ ပါဝင် လာနိုင် ပါတယ်။ အဲဒီ အတွက်ပါ ကျွန်တော်တို့ စားသုံးသူ ကာကွယ်ရေး ဥပဒေနဲ့ ကာကွယ်ပေး ထားဖို့ လိုအပ်တော့ မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မေးခွန်း ထုတ်မယ် ဆိုရင် မေးလို့ ရတာက '' အာဆီယံ နိုင်ငံကြီးတွေ ဘဲလုပ် ပါ့မလား '' လို့ မေးလို့ ရပါတယ်။ လုပ်တာ မလုပ်တာ ထက် ကိုယ့်နိုင်ငံ ကိုကြိုတင် ကာကွယ် ထားဖို့က ကျွန်တော် တို့ရဲ့တာဝန် ဘဲဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံထဲကို ဝင်လာတဲ့ ကုန်ပစ္စည်း အချို့ဟာ အန္တရာယ်ရှိ ကုန်ပစ္စည်းတွေ ပါလာတတ် ပြီးတော့ အချို့ ကုန်ပစ္စည်းများ ဆိုရင် တရား မဝင် ရောက်လာ နိုင်ပါတယ်။ အဲဒီလို အန္တရာယ် ရှိတဲ့ ကုန်ပစ္စည်း တွေကို စားသုံးသူ အကာအကွယ် ပေးရေး ဥပဒေနဲ့ စစ်ဆေး မယ်ဆိုရင် နိုင်ငံတော်ရဲ့ လုံခြုံရေး အတွက်ပါ အကျိုး ရှိမယ် ဆိုတာ ယုံကြည် လျက်ရှိ ပါတယ်။

အေအီးစီလမ်းညွှန်မြေပုံ (AEC Blue print)

အာဆီ ယံနိုင်ငံ များ သဘော တူညီ ချက်အရ အာဆီယံ ညှိနှိုင်းမှု ကော်မတီ တည်ထောင် ဆောင်ရွက် ခြင်းဖြင့် စားသုံး သူများ အကာ အကွယ် ပေးတဲ့ လုပ်ငန်းများ ခိုင်မာစေဖို့၊ သတင်း အချက် အလက်များ ဖလှယ်ရေးကို လွယ်က ူချောမွေ့ စေရေး စားသုံး သူများ အကာ အကွယ် ပေးရေး အဖွဲ့ရဲ့ ကွန်ယက် ဆက်သွယ်မှု တစ်ခုတည် ထောင်ဖို့ တစ်ခု တည်းသော ASEAN ဈေးကွက် တစ်ခု အတွက် ကြိုတင် ပြင်ဆင် ရာမှာ စားသုံး သူများ အကာ အကွယ် ပေးရေး ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် များနဲ့ စားသုံး သူ ကိုယ်စား လှယ်များ အတွက် ဒေသတွင်း လေ့ကျင့် သင်ကြား ပေးရေး ဆောင်ရွက်ဖို့ ဆိုပြီးတော့ အကောင် အထည် ဖော်ကြမှာ ဖြစ်ပါတယ်။

အထက် တင်ပြတဲ့ လမ်းညွှန် မြေပုံရဲ့ ပထမ အချက် ဖြစ်တဲ့ စားသုံးသူ အကာ အကွယ် ပေးရေး လုပ်ငန်းများ ခိုင်မာစေဖို့ အာဆီယံ ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်း ဖို့က အင်မတန် အရေးပါ လှပါတယ်။ ၂ဝ၁၅ ခုနှစ်ကို ရောက်တဲ့ အခါမှာ အဖွဲ့ဝင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကူးလူး ဆက်ဆံ သွားလာ မှုတွေ များလာ တော့မှာ ဖြစ်ပါတယ်။ အဲဒီကျရင် နိုင်ငံတိုင်းမှာ ပြဌာန်း ထားတဲ့ ဥပဒေတွေ၊ လုပ်ထုံး လုပ်နည်းတွေ၊ အခွင့် အရေး တွေက တစ်သတ်မှတ် တည်းကျမှာ မဟုတ်တဲ့ အတွက် ဖြေရှင်း ပေးမဲ့ ခုံသမာဓိ လိုအပ်တာ ဖြစ်ပါတယ်။ ဒါမှလည်း ဥပဒေ ကိစ္စရပ်များ အငြင်းပွားမှု ဖြစ်ပေါ် လာပါက ဝိုင်းဝန်း ဖြေရှင်း လို့ ရမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံရဲ့ စားသုံးသူ အကာ အကွယ် ပေးရေး ဥပဒေ များကို အခြား တစ်နိုင်ငံက လေးစား လိုက်နာ ပေးဖို့ ဆိုတာ ခက်ခဲမဲ့ ကိစ္စဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံ အချို့ရဲ့ ဘာသာရေး ဓလေ့ ထုံးထမ်းက အခြား နိုင်ငံများ အတွက် သာမန် ကိစ္စလေးလို့ ယူဆ တတ်တဲ့ အခါမှာ စကားပြော စရာတွေ ကြုံတွေ့ရ တတ်ပါတယ်။ မလေးရှား နိုင်ငံမှာ အလုပ်သွား လုပ်တဲ့ တူတော်မောင် တစ်ယောက်ကို သူ့အမေက မြန်မာနိုင်ငံက နေအေးခဲ ကြက်သား ပို့လိုက်ပါတယ်။ ဟိုရောက် တဲ့အခါမှာ သူတို့ရဲ့ ဓလေ့ ထုံးစံအရ ကြက်ကို ဘယ်လို သတ်လိုက် တာလဲ၊ လက် ဆေးကြောတာ ဘယ်ပုံ ဘယ်နည်း ဆေးလဲ စသဖြင့် မေးခွန်းတွေ မေးသတဲ့။ ကျွန်တော့်ရဲ့ တူတော်မောင် ကမဖြေနိုင်တဲ့ အတွက် သူ့ရှေ့မှာပဲ မီးပုံရှို့တယ်လို့ သိခဲ့ရပါတယ်။

အေအီးစီ လမ်းညွှန် မြေပုံရဲ့ ဒုတိယ အချက်ဖြစ်တဲ့ စားသုံးသူ ကာကွယ်ရေး ကွန်ယက် တစ်ခု တည်ထောင်ဖို့ အကြောင်း အနည်းငယ် ဆွေးနွေး လိုပါတယ်။ အာဆီယံ နိုင်ငံ အတွင်း စားသုံးသူ အကာအကွယ် ပေးရေး အဖွဲ့ အချင်းချင်း သတင်း အချက် အလက်များ ပေးပို့ခြင်းများ၊ အရေးကြီး သတင်း ဖလှယ်ရေးများ၊ အခြား လိုအပ်တဲ့ ကုန်ပစ္စည်း ဈေးနှုန်းများ ဖလှယ် နိုင်ရေး ကွန်ယက် တစ်ခုတည် ထောင်ဖို့ဆိုတဲ့ လုပ်ငန်းဟာ ကျွန်တော်တို့ နိုင်ငံလို နယ်မြေထိစပ်မှု များတဲ့ နိုင်ငံတွေ အတွက် အလွန် တန်ဖိုးရှိ လာမှာ ဖြစ်ပါတယ်။ အာဆီယံ အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေ ဆီက မူမမှန်တဲ့ ကုန်ပစ္စည်း တွေဝင်မဲ့ သတင်းကို ကျွန်တော်တို့ မသိလိုက် သေးခင် အာဆီယံ အဖွဲ့ဝင် တစ်နိုင်ငံက သိခဲ့ရင် ကြိုတင်ပြီး ဒီကွန်ယက် ကနေ တစ်ဆင့် သတင်း ပေးနိုင်တာ ဖြစ်ပါတယ်။ ဒီကွန်ယက်ကနေပဲ စားသုံးသူ ကာကွယ်ရေး ဥပဒေတွေ အချင်းချင်း ဖလှယ်ပြီး မလို အပ်တဲ့ ကိစ္စတွေကို ရှောင်ကြဉ် နိုင်မှာ ဖြစ်ပါတယ်။

အေအီးစီ လမ်းညွှန် မြေပုံရဲ့ တတိယ အချက်ဟာ လုပ်ငန်း ကြီးနှစ်ခု ထင်ထင် ရှားရှား မြင်တွေ့ ရပါတယ်။ ပထမ လုပ်ငန်း တစ်ခုက တစ်ခု တည်းသော ASEAN ဈေးကွက် ဦးတည် နေတာ ဖြစ်ပါတယ်။ ဒုတိယ လုပ်ငန်းကြီး ကတော့ အဲဒီ ဈေးကွက်ကို ပြင်ဆင်တဲ့ နေရာမှာ စားသုံးသူ အကာအကွယ် ပေးရေး တာဝန် ရှိသူ တွေနဲ့ စားသုံးသူ ကိုယ်စား လှယ်တွေ ဒေသ တွင်း စားသုံးသူ ရေးရာ ဘာသာရပ်များ လေ့ကျင့် သင်ကြား ခြင်းကို အကောင် အထည်ဖော် ဖို့ဆိုပြီး ရှေ့လုပ်ငန်း စဉ်တွေ ချမှတ် ရေးဆွဲ ထားတာ ဖြစ်ပါတယ်။ ၎င်းဘာသာ ရပ်ကို လေ့ကျင့် သင်ကြား ခြင်းဟာ အာဆီယံ နိုင်ငံတွေ အချင်းချင်း အကြား အမြင် တွေနဲ့ အတွေ့ အကြုံ တွေပါ ဖလှယ်ခွင့် ရရှိလာမှာ ဖြစ်ပါတယ်။ အေအီးစီ အထဲကို ဝင်ရောက် လာတဲ့ အခါကျရင် ဒီသင်တန်း တွေက လုပ်ငန်း အခက် အခဲ များစွာကို ကျော်လွှား ပေးမှာ ဖြစ်ပါတယ်။

စားသုံးသူများရဲ့ ရသင့်တဲ့အခွင့်အရေးများ

ကျွန်တော်တို့ မြန်မာ နိုင်ငံ အပါအဝင် အာဆီယံ နိုင်ငံများ မှာရှိတဲ့ စားသုံးသူ ပြည်သူများ အတွက် ရသင့်တဲ့ အခြေခံ အခွင့် အရေး တွေကို အာဆီယံ နိုင်ငံများရဲ့ ပညာရှင် တွေက ဝယ်လိုတဲ့ ကုန်ပစ္စည်း စိတ်ကြိုက် ရွေးချယ် ပိုင်ခွင့် ရှိရမယ်။ ဝယ်လိုတဲ့ ကုန်ပစ္စည်းရဲ့ သတင်း အချက် အလက်ကို သိရှိပိုင်ခွင့် ရှိရမယ်။ မိမိဝယ်ယူတဲ့ ကုန်ပစ္စည်း မိမိနဲ့ မိမိပတ်ဝန်းကျင် အတွက် လုံခြုံရေး စိတ်ချခြင်း ရှိရမယ်။ တိုင်ကြား နိုင်ပြီး စီရင်ဆုံးဖြတ်မှု ကိုခံယူနိုင်တဲ့ အခွင့် အရေးရှိရမယ်။ အခြေခံ လိုအပ် ချက်အား သဘာဝ ကျကျ လက်ခံနိုင်ပြီး ကျေနပ်မှုလည်း ရှိရမယ်။ မိမိဝယ်ယူလိုတဲ့ ကုန်ပစ္စည်းနဲ့ စပ်လျဉ်း၍ ပြဿနာများ အတွက် ပေးလျော်ခြင်း၊ ဒဏ်ကြေး တပ်ပိုင်ခွင့် များရှိရမယ်။ စားသုံးသူ ကာကွယ်ရေး ပညာရပ်များ လေ့ကျင့် သင်ကြား ပိုင်ခွင့် ရှိရမယ်။ ပိုမိုလုံခြုံ စိတ်ချရမယ့် ပတ်ဝန်း ကျင်ကို မိမိ စိတ်ကြိုက် ရွေးချယ် ပိုင်ခွင့် ရှိရမယ်လို့ တင်ပြ ဆွေးနွေး ထားပါတယ်။

စားသုံးသူများက လိုက်နာဆောင်ရွက်သင့်တဲ့နည်းနာများ

စားသုံးသူ အကာ အကွယ် ပေးရေး ဆိုင်ရာ ပညာရှင်များက စားသုံးသူ ပြည်သူများ အနေနဲ့ လိုက်နာ ပေးရမဲ့ နည်းနာများ နဲ့ပတ်သက်ပြီး မိမိ ဝယ်ယူမဲ့ ကုန်ပစ္စည်း ဈေးနှုန်းနဲ့ အရည် အသွေးကို နှိုင်းယှဉ် ကြည့်ရှု စစ်ဆေး တတ်ရန်၊ ကုန်ပစ္စည်းနဲ့ ဝန်ဆောင် မှုများမှာ အသေးစိတ် ရေးသား ထားတဲ့ အချက် အလက်များကို စိစစ်ရန်၊ ထုတ်လုပ် သူနဲ့ ဝန်ဆောင်မှု ဆောင်ရွက်မှု များဟာ သက်ဆိုင်ရာမှ အသိ အမှတ်ပြု လိုင်စင် ရသူများ ဖြစ်ဖို့ စိစစ်ရန်၊ အမှုမဲ့ အမှတ်မဲ့ လုပ်ကိုင် ဆောင်ရွက်မှုများ ရှောင်ကြဉ်ရန်၊ သေချာ တိကျမှု မရှိဘဲ ငွေပေးချေ မှုများ ရှောင်ကြဉ်ရန်၊ ထုတ်လုပ်သူ/ ဝန်ဆောင်မှု ပေးသူများ ထံမှ စာနဲ့ ရေးသား ထားတဲ့ အာမခံချက်များ ရယူရန်၊ စာချုပ် ချုပ်ဆိုတဲ့ အခါ လိုအပ်တဲ့ စာရွက် စာတမ်းများ ပြည့်စုံ စွာရရှိ ရန်နဲ့ သဘော ပေါက်တဲ့ အထိ သေသေချာချာ ဖတ်ရှုရန်၊ ဆောင်ရွက်ပြီး တိုင်း လက်ခံ ပြေစာ၊ စာရွက စာတမ်းများ ရယူ ထားရန် လိုအပ် တယ်လို့ အကြံပြု ထားပါတယ်။

အေအီးစီသို့မျှော်မှန်းလျက် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းဆောင်ရွက်ရေး

ကျွန်တော်တို့ မြန်မာနိုင်ငံ တော်ဟာ ကိုယ့်ထီး ကိုယ့်နန်းနဲ့ ရာဇဝင်မှာ အဆင့်မီ ခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ် စင်္ကာပူ ကျွန်းစု နိုင်ငံငယ်လေး လွတ်လပ် ရေးနေ့မိန့်ခွန်း တွင် ခေါင်းဆောင် ''လီကွမ်းယူ'' က နှစ် ၃ဝ ရောက်ရင် မြန်မာနိုင်ငံ လိုတိုးတက် အောင်လုပ် ရမယ်လို့ ကြွေးကြော် ခဲ့ဘူးတဲ့ နိုင်ငံ ဖြစ်ခဲ့ ဘူးပါတယ်။ စံပြု ခဲ့တဲ့ နိုင်ငံ အနေနဲ့ ရောက်ရှိ ခဲ့ဖူးတာ ဖြစ်တယ်။ အာဆီယံ နိုင်ငံ တွေက အထင်ကြီး လေးစား ခဲ့ဖူးတဲ့ နိုင်ငံ၊ အရှေ့တောင် အာရှမှာ အတိုး တက်ဆုံး နိုင်ငံ ဖြစ်ခဲ့ ဖူးတယ်။

ဒါပေမယ့် ခေတ်အဆက်ဆက် စီမံ ခန့်ခွဲပုံ အမျိုးမျိုးကြောင့် ပတ်ဝန်းကျင် နိုင်ငံများရဲ့ စီးပွားရေးမှာ ကျော်ဖြတ် ခြင်းကို ခွင့်ပြု လိုက်ရပေမဲ့ ပြန်လည် ကျော်တက်ဖို့ အဖက်ဖက်က ဆိုင်းပြင်း နေပြီ ဖြစ်ပါတယ်။ နိုင်ငံတော် သစ်တည်ဆောက် ချိန်မှာ အရေး ကြီးတယ်လို့ သတ်မှတ် မထားတဲ့ စားသုံးသူ အကာ အကွယ် ပေးရေး ကဏ္ဍဟာလည်း ယနေ့ အချိန်ထိ အရောင် မှေးမှိန် နေဆဲ ဖြစ်ပါတယ်။ ၂ နှစ်သာ လိုတော့တဲ့ အေအီးစီ အတွက် ကိုယ့်ဘက်က အစစ အရာရာမှာ အသင့်ရှိဖို့ အရေးကြီးတာ ဖြစ်ပါတယ်။ အဲဒီ အတွက်ကြောင့် ကျွန်တော်တို့ နိုင်ငံရဲ့ စားသုံးသူ အကာအကွယ် ပေးရေး လုပ်ငန်း ဟာလည်း အဖက်ဖက်က ပြင်ဆင်ဖို့ လိုအပ် ပါတယ်။ အသေး အမွှားက အစ ပြင်ဆင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ စားသုံးသူ ကာကွယ်ရေး ဥပဒေမှာ အသက် ၁၈ နှစ်မပြည့်ဘဲ စီးကရက် ကိုသွားဝယ်မယ် ဆိုရင် ဘယ်ဆိုင်ကမှ ရောင်းချ ပေးမှာ မဟုတ်ဘူး။ ရောင်းတဲ့ ဆိုင်ကလည်း အတိအကျ လိုက်နာ ကြတယ် ဆိုတာ သိရှိ ရပါတယ်။ ဒီလို အသေးစိတ်က အစ ကျွန်တော်တို့ သိရှိ လိုက်နာ တတ်ဖို့ အရေးကြီး လှပါတယ်။

ရည်ရွယ်ချက် ကြီးမားတဲ့ အာဆီယံ နိုင်ငံများရဲ့ အစီအမံများ အောင်မြင်ရေးဟာ ကျွန်တော်တို့မှာလည်း တာဝန်ကြီး လှပါတယ်။ ၂ဝ၁၅ ခုနှစ် အေအီးစီမှာ စားသုံးသူ အကာအကွယ် ပေးရေး လုပ်ငန်း အတွက် အတွေး အခေါ်သစ်၊ အမြင်သစ်၊ စနစ်သစ်နဲ့ ခြေလှမ်းများ လှမ်းမှ သာလျှင် အောင်မြင်မှု ရနိုင် မယ်လို့ ယုံကြည် ပါကြောင်း တင်ပြ လိုက်ရပါတယ်။

ခမ်လျန်စွမ်း

ကုန်သွယ်မှု လုပ်ငန်းဖြင့် စီးပွား ရှာဖွေ လုပ်ကိုင် ဆောင်ရွက် နေကြတဲ့ ကုန်သည် လုပ်ငန်းရှင် များအား လေ့လာ ဆန်းစစ် ကြည့်မည် ဆိုက မှန်မှန် ကန်ကန် ကုန်သွယ်မှု ဆောင်ရွက် သူများ အုပ်စု၊ တရားဝင် ကုန်သွယ် မှုကို အယောင်ပြပြီး (အသွင် ယူကာ) တရားမဝင် ကုန်သွယ်မှု ဆောင်ရွက် လိုသူများ အုပ်စုနဲ့ တရားမဝင် ကုန်သွယ်မှု သက်သက် ကိုသာ ပြုလုပ် နေသူများ အုပ်စု ဟူ၍ အုပ်စု (၃)စု ရှိပါတယ်။ ပထမ အုပ်စု ဖြစ်တဲ့ လမ်းကြောင်း ပေါ်က တိတိ ကျကျ မှန်မှန် ကန်ကန်ဖြင့် ဆောင်ရွက် သူများ အပေါ် ဘာမှ စဉ်းစား နေစရာ မရှိသလို တတိယ အုပ်စု ဖြစ်တဲ့ လုံးဝ တရားမဝင် ကုန်သွယ်မှု သက်သက် ပြုလုပ်သူများ ကိုလည်း လယ်ပြင်မှာ ဆင်သွား သလို မျက်မြင် ထင်ရှားတဲ့ အတွက် ဥပဒေ လုပ်ထုံး လုပ်နည်းနှင့် အညီ အရေးယူ ဆောင်ရွက် လိုက်ရုံဘဲ ရှိပါတယ်။ ဒီနေရာမှာ ဒုတိယ အုပ်စု ဖြစ်တဲ့ တရားဝင် ကုန်သွယ်မှုကို အယောင်ပြပြီး အသွင် ယူကာ တရားမဝင် ကုန်သွယ်မှု ပြုသူများ အနေဖြင့် အတွင်း လှိုက်စားပြီး အရေခြုံ ဆောင်ရွက် နေသူများ ဖြစ်တဲ့ အတွက် ခန္ဓာကိုယ် အတွင်းမှ အတွင်း ဒဏ်ရာကို ရှာဖွေ ကုစားရန် ခက်ခဲ သလို တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဆောင်ရွက် နေသော Mobile Team အဖွဲ့မှ တာဝန် ရှိသူများ အနေဖြင့်လည်း မဆိုင်သူ ကိုပါ အနှောင့် အယှက် ပေးသလို နစ်နာမှု မဖြစ်အောင် တရားမဝင် ပစ္စည်း သယ်ဆောင် ယာဉ်များကို စစ်ဆေး ဖော်ထုတ် အရေးယူ ရာမှာ အခက်အခဲ များစွာ ရှိပါတယ်။

ယခု ဆိုရင် မြဝတီ - ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း ပေါ်မှ Mobile Team အဖွဲ့ရဲ့ ပညာပေး ကာလဟာ ကုန်ဆုံး သွားပြီး ဖြစ်ရာ ၂၁- ၁ -၂ဝ၁၃ ရက်နေ့မှ စပြီး တရားမဝင် ကုန်ပစ္စည်း သယ်ဆောင်မှုအား တားဆီး အရေးယူ ဆောင်ရွက် နေပြီဖြစ် ပါတယ်။ ဒီလို ဆောင်ရွက်တဲ့ နေရာမှာ တရားမဝင် (မှောင်ခို) ကုန်သွယ်မှု ပြုတဲ့ လက်ကြီး သမားများကို အဓိကထား ဦးတည် တားဆီး နိုင်ရန်နဲ့ တပိုင် တနိုင် ကုန်သွယ်မှု ဆောင်ရွက်နေ သူများအား လမ်းကြောင်း မှန်ပေါ် ရောက်ရှိ လာအောင် လုပ်ထုံး လုပ်နည်းနဲ့ ညီညွှတ်တဲ့ စာရွက် စာတမ်း အထောက် အထားများ ပြည့်စုံ မှန်ကန်မှု ရှိပြီး ယာဉ်နဲ့ အတူ တပါတည်း ပါရှိ အစစ်ဆေး ခံနိုင်ရေးကို အဓိကထား ဦးစားပေး တည့်မတ် ဆောင်ရွက် လျက်ရှိပါတယ်။

ကုန်ပစ္စည်း တင်ဆောင် လာတဲ့ အစစ်ဆေး ခံယူမယ့် ယာဉ်ဟာ စာရွက် စာတမ်း မပြည့်စုံမှု၊ မမှန်ကန်မှု ကုန်ကြေငြာ လွှာတွင် ပါရှိသော ပစ္စည်း အမယ်နှင့် အရေ အတွက် ပမာဏ တင်ဆောင်လာမှု အပေါ် မျက်မြင် စစ်ဆေး တွေ့ရှိမှုများနဲ့ ကွာဟချက်များ ယာဉ်နှင့် ကုန်ပါ အလေးချိန်ဟာ ကုန်ကြေငြာ လွှာပါ ပစ္စည်း ပမာဏဖြင့် (Fair) လျော်ညီခြင်း ရှိ/ မရှိတို့ကို အသေးစိတ် စစ်ဆေးမှု အပြင် သတင်းပေး တိုင်ကြားမှုများ၊ မသင်္ကာ ဖွယ်ရာ တွေ့ရှိရမှုများ အရ Random Spot Check စနစ်၊ မဲစနစ်ဖြင့် ရာနှုန်းပြည့် ကုန်ပစ္စည်းများ အားလုံး ချစစ်ဆေးတဲ့ စနစ်တို့ဖြင့် ဆောင်ရွက် နေပါတယ်။ အဲဒီလို ဆောင်ရွက်ရ သည်မှာလည်း ‘ဒုတိယ အုပ်စုပါ ဟန်ဆောင် တရားဝင် ကုန်သွယ်မှု ပြုနေကြ သူများကြောင့် ဖြစ်ပါတယ်။

မြဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းပေါ်က Mobile Team အဖွဲ့ဟာ ပညာပေး ကာလ ကုန်ဆုံး ပြီးနောက် ၂၁-၁-၂ဝ၁၃ မှ ၁-၂-၂ဝ၁၃ ရက်နေ့ အထိ ၁၂ ရက်တာ ကာလ အတွင်း တရားမဝင် ပစ္စည်း သယ်ဆောင်မှု ဖြစ်စဉ်များ အပေါ် အမှုတွဲ ၁၅ တွဲ ခန့်မှန်း တန်ဖိုး ၈၁၃.၅၃၈ ကျပ်သိန်းအား အရေးယူ ဆောင်ရွက်ခဲ့ပြီး ဖြစ်ရာ ဖြစ်စဉ်များ အနက် တန်ဖိုး ကြီးမားသော ဖမ်းဆီး ရမိဖြစ်စဉ် (၂) ခုမှာ တရားဝင် အကောက်ခွန် (ဂျူတီ) ဆောင်ထားသည့် သွင်းကုန် ယာဉ်များ ပေါ်မှ ဖြစ်ပါတယ်။ ဒုတိယ အုပ်စုဝင် ကုန်သည်များရဲ့ တရားဝင် ကုန်သွယ်မှု နောက်ကွယ်မှ မမှန်ကန်တဲ့ နည်းလမ်းများ အသုံးပြုပြီး တရားမဝင် ဆောင်ရွက် ကြရာမှာ အကောက်ခွန် (ဂျူတီ) ပေးဆောင် ထားတဲ့ ပစ္စည်းများနဲ့ အတူ အခြား အကောက်ခွန်မဲ့ ပစ္စည်းများ ရောနှော သယ်ဆောင်ပြီး ဂျူတီ ပေးဆောင် ထားသော အရေ အတွက်ထက် ပိုမို သယ်ဆောင်ခြင်း၊ အကောက်ခွန် ကုန်ကြေငြာ လွှာ (ID) တွင် မပါရှိတဲ့ အကောက်ခွန်မဲ့ ပစ္စည်းများ ရောနှော သယ်ဆောင်ခြင်း၊ အကောက်ခွန် အမှန် ပေးဆောင် ထားတဲ့ ပစ္စည်း အမှန် မသယ်ဆောင်ဘဲ အခြား အလေးချိန်၊ Size အရွယ်အစား၊ Model ၊ ထုတ်လုပ်သည့်နိုင်ငံ (CO) စသည့် (Spec) မတူတဲ့ ပစ္စည်းများနဲ့ အခြား အကောက်ခွန်မဲ့ ပစ္စည်းများအား အစားထိုး လဲလှယ် သယ်ဆောင် တတ်ကြောင်း စိစစ် တွေ့ရှိရ ပါတယ်။

အဲဒီတော့ အကောက်ခွန် (ဂျူတီ) ပေးဆောင် ထားတဲ့ ကုန်တင် ယာဉ်ကို အသုံးချပြီး တရားဝင် ပစ္စည်းနှင့် တရားမဝင် ပစ္စည်းများ ရောနှောပြီး တရားမဝင် ဆောင်ရွက် လိုသူများ (‘ဒုတိယ အုပ်စု) အနေဖြင့် စစ်ဆေးရေး တာဝန်ကျ Mobile Team အား အာရုံပြောင်း လှည့်စားပြီး မြေပြင် အခြေ အနေမှန် မဟုတ်တဲ့ မမှန် သတင်းများဖြင့် ခရီးသည် တင်ယာဉ်များ၊ ဒေသ အတွင်း ခရီးတို သွားလာ နေသော ယာဉ်များကို အသေးစိတ် စစ်ဆေးမှု မပြု လုပ်တာကို အကြောင်းပြချက် တစ်ခု အနေဖြင့် အသုံးချကာ အထင် အမြင် လွဲမှားအောင် ခရီးသွား ပြည်သူ လူထုနှင့် Mobile Team အဖွဲ့ ဆက်ဆံရာမှာ ထိပ်တိုက် ထိတွေ့ပြီး မလိုလား အပ်တဲ့ ပြဿနာ များနဲ့ ငြိုငြင်မှု (အသံ)များ ထွက်ပေါ် လာစေအောင် ဖန်တီး လုပ်ဆောင် နေကြကြောင်း ကြားသိ နေရပါတယ်။ ၎င်းအုပ်စု အနေဖြင့် တရားဝင် လမ်းကြောင်းမှ ဆောင်ရွက် နေတာကို စာရွက် စာတမ်း အထောက် အထားများ၊ စေ့စပ် သေချာစွာ စိစစ် နေတဲ့ အတွက် အချိန် နှောင့်နှေး ကြန့်ကြာမှု ဖြစ်ပြီး အခြား တရားမဝင် လမ်းကြောင်းမှ သွားလာ နေသူများအား လွှတ်ပေး ထားမှုကြောင့် စီးပွားရေး အရ ဈေးကွက် ယှဉ်ပြိုင်မှုကို ထိခိုက် စေလျက် ရှိတယ် လို့ ဆိုနေ ကြပါတယ်။

တကယ်တော့ ဈေးကွက် ယှဉ်ပြိုင်သည် ဆိုရာမှာ မှန်မှန် ကန်ကန် ပြိုင်ဆိုင် နိုင်ဖို့ ဆိုရင် ဥပဒေ လုပ်ထုံး လုပ် နည်းများနဲ့ ညီညွှတ်တဲ့ တရားဝင် ကုန်သွယ်မှု လမ်းကြောင်း ပေါ်က လွတ်လပ်တဲ့ ပြိုင်ဆိုင်မှုမျိုး ပြုလုပ် ကြဖို့ လိုတယ် ဆိုတာ အသိပေး ချင်ပါတယ်။ ဒါကြောင့်မို့ မြဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း၊ အဝေးပြေး လမ်းမကြီး ပေါ်က ၂၄ နာရီလုံး စဉ်ဆက် မပြတ် ဥဒဟို သွားလာ နေကြတဲ့ ခရီးသွား ပြည်သူများကို စိတ်အနှောင့် အယှက်ဖြစ်၊ ငြိုငြင်မှုများ ဖြစ်မ လာအောင် ဒေသခံ ခရီးသွား များအား အနှောင့် အယှက် အဟန့် အတားများ ဖြစ်စေမှာကို ရှောင်ရှား နိုင်ဖို့ တရား မဝင် (မှောင်ခို) ပစ္စည်း သယ်ဆောင်မှုများ တားဆီး အရေး ယူမှုကို Mobile Team အဖွဲ့ အနေဖြင့် ချင့်ချင့် ချိန်ချိန်ဖြင့် ကြပ်မတ် စစ်ဆေး ဆောင်ရွက် နေပါကြောင်း အသိပေး ပြောကြား လိုပါတယ်။

ရေးသား တင်ပြသူ ဆောင်းပါးရှင်-- ရွှေမြိုင်သား

 ဆင်ခြင်မိသော မှောင်ခို

မှောင်ခိုဆိုသည်မှာ ရောင်းဝယ်ရန် ပိတ်ပင်ထားသော ကုန်ပစ္စည်းကို အရောင်း အဝယ် ပြုလုပ်ခြင် းဖြစ်သည်။ ပွင့်လင်း လွတ်လပ်မှုများ ရရှိလာသော ဈေးကွက် စီးပွားရေး စနစ် ကျင့်သုံး လာသည့် ယနေ့ အချိန် အခါတွင်မှု မှောင်ခိုဟု ခေါ်ဝေါ် သည်ထက် အများ အားဖြင့် တရာမဝင် ကုန်သွယ်မှု ဟုသာ ခေါ်လာခဲ့ ကြသည်။ သို့သော် သဘော သဘာဝ အားဖြင့် အတူတူသာ ဖြစ်သည်။ မှောင်ခို (သို့မဟုတ်) တရားမဝင် ကုန်သွယ်မှုနှင့် ပတ်သက်၍ လေ့လာ ဖတ်ရှုခဲ့ရသော နိုင်ငံရပ်ခြား အတွေ့ အကြုံများတွင် မူးယစ် ဆေးဝါး၊ လက်နက်နှင့် ရှေးဟောင်း ယဉ်ကျေးမှု ဆိုင်ရာ ပစ္စည်းများ ကဲ့သို့ လူအဖွဲ့ အစည်း တစ်ရပ်၊ နိုင်ငံ တစ်နိုင်ငံကို အန္တာရာယ်ရှိ စေသော ပစ္စည်းများနှင့် ထိုနိုင်ငံ လူ့အဖွဲ့ အစည်းမှ တန်ဖိုးထားသော အရာများ၊ ကာကွယ် စောင့်ရှောက်ရန် လိုသော အရာများကိုသာ ဥပဒေများ ထုတ်ပြန်၍ ရောင်းခြင်း ဝယ်ခြင်းတို့ကို ပိတ်ပင် ဟန့်တားမှုများ ပြုလုပ် ကြသည်။ ထိုပစ္စည်းများကို အရောင်း အဝယ် ပြုလုပ်မှသာ တရားမဝင် မှောင်ခို ပြုလုပ်ခြင်း ဆိုလျက် ဖမ်းဆီး စစ်ဆေးခြင်း၊ သိမ်းဆည်းခြင်း၊ ပြစ်ဒဏ် ပေးခြင်းတို့ကို ပြုလုပ်ကြ ခြင်းဖြစ်သည်။ တစ်ခါ တစ်ရံတွင်မှု လူအဖွဲ့ အစည်း အတွက် သာမန် စားသုံးကုန်၊ လူသုံးကုန် ပစ္စည်းမျိုး ဖြစ်သော်လည်း နိုင်ငံ အစိုးရ၏ မူဝါဒ လိုအပ်ချက် အရ အခိုက် အတန့် အားဖြင့် ကုန်သွယ်မှု မပြုလုပ်နိုင်ရေး ဟန့်တား ကာကွယ်မှုများ ပြုလုပ် ရသည်မျိုးလည်း ရှိသည်။

ယခု မြန်မာ နိုင်ငံတွင် တရားမဝင် ကုန်သွယ်မှု ပြဿနာ ပိုမို၍ ပေါ်ပေါ် ထင်ထင် ဖြစ်လာခဲ့ သည်မှာ ၁၉၉၀ ခုနှစ်များ မှစ၍ နယ်စပ် ကုန်သွယ်မှုကို တရားဝင် လုပ်ကိုင်ခွင့် ပေးပြီး ကတည်းက ဖြစ်၏။ သို့သော် ထိုပြဿနာ၌ ဖို့ကပ်(စ်) ကျနေသော ကုန်ပစ္စည်းများ မှာမှု (မူးယစ်ဆေးဝါး၊ ရှားပါး ကုန်ပစ္စည်း၊ လက်နက်၊ ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းထက်) သာမန် စားသုံးကုန်၊ လူသုံးကုန် ပစ္စည်းများ ဖြစ်နေသည်။ အချို့ စားသုံး ကုန်စည်များမှာ တရားဝင် ခွင့်ပြုထား သည့်တိုင် လိုင်စင်မဲ့၊ အကောက် အခွန်ရှောင် ပြုလုပ်လျက် ရှိနေသောကြောင့် ထိုကုန် ပစ္စည်းများ ပင်လျှင် မကြာခဏ တရားမဝင် မှောင်ခို ကုန်စည်များ ဖြစ်နေကြသည်။

ထိုသို့သော အခြေအနေ များကြောင့် ဒီမိုကရေစီ အစိုးရ လက်ထက်တွင် သက်ဆိုင်သည့် ဝန်ကြီးဌာန ဖြစ်သော စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနသည် အထူး အစီအမံများ ပြုလုပ်၍ ထိုပြဿနာ လျော့ပါး ကျဆင်းရေး အတွက် ကြိုးစား ဖြေရှင်း နေသည်။ ယခု လက်ရှိ အခြေအနေတွင် စားသုံးသူ အကာ အကွယ် ပေးရေးနှင့် တရားမဝင် ကုန်သွယ်မှုများ တားဆီး ထိန်းချုပ်ရေးဟု ခေါင်းစဉ် တပ်၍ အကောင် အထည်ဖော် ဆောင်ရွက်သည်။ ထိုသို့ ဆောင်ရွက်မှုတွင် အပိုင်း(၂)ပိုင်း တွေ့ရှိ ရသည်။ ပြည်တွင်းရှိ စားသုံးသူများ၏ အသက် အိုးအိမ် စည်းစိမ်ကို အကာကွယ် ပေးနိုင်ရေးနှင့် ပြည်တွင်းရှိ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဈေးနှုန်း၊ အရည်သွေး မယှဉ်ပြိုင်နိုင် သေးသည့် အခြေအနေတွင် မမျှတသော ယှဉ်ပြိုင်မှုကို မခံရရေး၊ ယှဉ်ပြိုင်စွမ်းရည် ရရှိရေး အတွက် ပြင်ဆင်ချိန် ရရှိရေးနှင့် အာဖတာ Asean Free Trade Area (AFTA) အကောင် အထည်ဖော်ရေး ကာလသို့ အပြည့်အဝ မဝင်ရောက်ခင်တွင် နိုင်ငံ အတွက် ရသင့် ရထိုင်သည့် အခွန် အခများ ရရှိရေး အတွက် ဖြစ်သည်ဟု သုံးသပ် မိသည်။ ယခုပစ္စပ္ပန် ကာလ မှောင်ခိုများသည် လက်ရှိ အခြေအနေ နှင့် အချိန် အခါ အရ လက်ရှိ ကာလ အကျိုး ဖြစ်ထွန်းမှုထက် အနာဂတ် ကာလ အကျိုးမဲ့ မှုများက ထုထည် ပမာဏ ပိုမို ကြီးမား နိုင်သည်ဟု ရှုမြင် မိသည်။ ထို့ကြောင့် ဆောင်ရွက်သင့် ဆောင်ရွက် ထိုက်သည့် လုပ်ဆောင်ချက် ဟု ဆိုရမည်။

တားဆီးရေးလုံ့လ

သက်ဆိုင်ရာ ဝန်ကြီး ဌာနသည် ကောင်းမွန်သော၊ အဓိပ္ပာယ်ရှိသော ရည်ရွယ်ချက်များဖြင့် ဆောင်ရွက် နေသည်။ သို့သော် ဆောင်ရွက်ပုံ ဆောင်ရွက်နည်းနှင့် လုပ်ကိုင် ဆောင်ရွက် နေသည့် လူများ (ပြည်သူ့ ဝန်ထမ်းများ)၏ သဘောထား ခံယူချက်နှင့် အပြု အမှုများ၊ အကောင် အထည်ဖော် မဆောင်ရွက်မှု ၏ ရေတို၊ ရေရှည် အကျိုး သက်ရောက်မှု၊ ပြည်သူ လူထု အတွင်းရှိ (ဝင်ငွေ အဆင့် အလိုက် စားသုံးသူ အုပ်စုများ၊ တင်သွင်း ရောင်းချမှု လုပ်ကိုင် နေကြသည့် အရင်းအနှီး ပမာဏ အလိုက် ကုန်သည် အုပ်စုများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်း အလိုက် ထုတ်လုပ်သူ အုပ်စုများ) ဈေးကွက် အင်အားစုများ၊ စီးပွားရေး အင်အားစုများ အပေါ် သက်ရောက် လာမှု အခြေအနေမျာကို ကြိုတင်၍ ထည့်သွင်း စဉ်းစားသင့် လုပ်ကိုင် သင့်သည်။ ထိုသို့ လုပ်ကိုင် ဆောင်ရွက်မှသာ အကောင် အထည် ဖော်ရကျိုး နပ်မည်။ ပင်ပန်း ခံရကျိုး နပ်မည်။ ရရှိလာမည့် ရေတို၊ ရေရှည် ရလဒ်များနှင့် အခြားသော စီးပွားရေး ဖွံ့ဖြိုးမှု အစီအစဉ်များ ဆက်စပ်၍ ဆောင်ရွက်နိုင် မည်ဖြစ်သည်။

ဝန်ကြီးဌာန၏ အားထုတ်မှု ပထမပိုင်း ဖြစ်သည့် စားသုံးသူ အကာအကွယ် ပေးရေးနှင့် ပတ်သက်၍ လေ့လာပါက နယ်စပ် ဒေသများကို ဖြတ်ကျော်လျက် မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ရောက်ရှိ လာနေသည့် ကုန်ပစ္စည်း ရာခိုင်နှုန်း အများစုမှာလည်း အခြားသော အိမ်နီးချင်း နိုင်ငံများထက် တရုတ်နိုင်ငံ နှင့် ထိုင်း နိုင်ငံများမှ ကုန်ပစ္စည်းများ ဖြစ်သည်ကို တွေ့ရသည်။ ထိုနှစ်နိုင်ငံ တွင်လည်း ဈေးပေါပေါနှင့် အရည်အသွေး ခပ်ညံ့ညံ့ ကုန်ပစ္စည်းများမှာ တရုတ် နိုင်ငံဘက်မှ ပိုမို ဝင်ရောက် လာသည် ကိုလည်း အားလုံး သိမြင်နေပြီး ဖြစ်သည်။ ထိုပေါပေါ ညံ့ညံ့ ကုန်ပစ္စည်း အများစုကြောင့် (အထူး သဖြင့် စားသောက် ကုန်များ) ပြည်တွင်း စားသုံး သူတို့၏ ကျန်းမာရေးကို များစွာ ထိခိုက်လျက် ရှိနေသည်။

ထိုသို့ အခြေ အနေများကို သိရှိ နေပါလျက်နှင့် အဘယ်ကြောင့် ဝယ်ယူ သုံးစွဲနေ ကြသနည်း၊ မဝယ်ယူ ကြနှင့် မသုံးစွဲကြ နှင့်ဟု ပြောဆိုသည်မှာ လွယ်ကူသော်လည်း ဝင်ငွေနိမ့် ပြည်သူ အများစုမှာ နေ့စဉ် ဘဝများ ရပ်တည်နိုင်ရုံ၊ အလုပ်ဖြစ်ရုံ အတွက်ကိုပင် ထိုဈေးပေါပေါ ကုန်ပစ္စည်း များကိုသာ မှီနေ ရသဖြင့် လက်တွေ့တွင် ရှောင်လွှဲ နိုင်ရေးမှာ မလွယ်ကူ လှပေ။ ရေရှည် မျှော်တွေး စဉ်းစား ကြည့်ပါက အနာဂတ် လူ့အဖွဲ့ အစည်း အတွက် ရင်လေး စရာကောင်း လှသည့် နိမိတ်များကို မှန်းဆ နိုင်လိမ့်မည်။ တစ်ဦးချင်း အနေဖြင့် ရှောင်လွှဲ သုံးစွဲ နိုင်ရန်ထက် လူအဖွဲ့ အစည်း တစ်ရပ်လုံး ရှောင်လွှဲ နိုင်မှသာ မြန်မာနိုင်ငံ အနာဂတ် လူ့အဖွဲ့ အစည်း၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးရေးကို ထိခိုက်မှု မရှိစေရန် ထိထိ ရောက်ရောက် ကာကွယ်မှုများ ပြုလုပ်နိုင် ပေလိမ့်မည်။

အဓိက အားဖြင့် ပြည်တွင်းသို့ ဝင်ရောက်လာမည့် စားသောက် ကုန်များကို စစ်ဆေးနိုင်သည့် အဖွဲ့များကို စနစ်တကျ ဖွဲ့စည်း၍ ထိထိ ရောက်ရောက် ဆောင်ရွက် ပေးနိုင်ရေး ကြီးကြပ် စီမံပေးရေး လိုလာသည်။ FDA ကဲ့သို့ အစား အသောက်နှင့် ဆေးဝါးများကို စစ်ဆေး ပေးနေသည့် အဖွဲ့များကို သာမန် အဖွ့ဲအစည်းများ ကဲ့သို့ သဘော မထားဘဲ ပြည်သူ လူထု တစ်ရပ်လုံး၏ အသက် အန္တာရယ် များအတွက် ကာကွယ် ပေးနိုင်မည့်၊ အနာဂတ် လူ့စွမ်းအား အရင်းအမြစ်များကို ကာကွယ် ပေးနိုင်မည့်၊ နိုင်ငံ ဖွံ့ဖြိုးရေး အတွက် အရေးကြီးသော အဖွဲ့ အစည်းများ အဖြစ် သဘောထားရန် လိုသည်။ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်များတွင် အဓိကထား၊ ထည့်သွင်း စဉ်းစား အကောင် အထည် ဖော်ပေးရန် လိုသည်။ စွမ်းဆောင်ရည် ရှိရှိ၊ ထိထိ ရောက်ရောက် လုပ်န်းများ လုပ်ဆောင်နိုင်ရေး အတွက်လည်း နိုင်ငံတော် အဆင့်မှ အမြဲ ကြပ်မတ်၍ သက်ဆိုင်ရာ ဌာနများကို ထိန်းကျောင်း ပေးရန် လိုအပ်လာသည်။

ဒုတိယပိုင်း ဖြစ်သည့် တရားမဝင် ကုန်သွယ်မှုများ တားဆီး ထိန်းချုပ်ရေးနှင့် ပတ်သက်၍ လုပ်ကိုင် ဆောင်ရွက် စရာ အလွန်များသည်။ ရည်ရွယ်ချက် (၂)ချက် ရှိနိုင်သည်။ နိုင်ငံတော်မှ ရသင့် ရထိုက်သော အခွန်အခများ ရရှိရေးနှင့် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု နယ်မြေ (အာဖတာ) (AFTA) အတွက် ပြင်ဆင် နေဆဲကာလ ပြည်တွင်း လုပ်ငန်းများ၊ ယှဉ်ပြိုင်စွမ်း အားနည်း နေသေးသော လုပ်ငန်းများ မထိခိုက်၊ မပျက်စီး စေရေး အတွက် အကာ အကွယ် ရရှိနိုင်ရေး ဖြစ်မည်။ အာဖတာ (AFTA) အကောင် အထည်ဖော် ချိန်တွင် နိုင်ငံ အနေဖြင့် ပြည်တွင်းသို့ ဝင်ရောက်လာမည့် သွင်းကုန် အားလုံး နီးပါးထံမှ အခွန် အခများ ရရှိနိုင် တော့မည် မဟုတ်၊ ပြည်တွင်း လုပ်ငန်းများကိုလည်း ယခုကဲ့သို့ ပြည့်ပြည့် ဝဝ အကာ အကွယ်ပေး နိုင်မည် မဟုတ်တော့ပေ။

ထို့ကြောင့် ဒုတိယပိုင်း အစီအစဉ်သည် ရေရှည် လုပ်ဆောင်နိုင်သည့် အခြေအနေ မဟုတ်ပေ။ ကာလတို အတိုင်းအတာ တစ်ခု အထိသာ ဆောင်ရွက် နိုင်ခွင့်ရှိ နေသည်။ ယခုအခါတွင် တရားမဝင် ကုန်သွယ်မှု ထိန်းချုပ် တားဆီးရေးကို နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ ကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက် (Mobile Team) စစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်း စေလွှတ်ကာ ဆောင်ရွက် လျက်ရှိသည်။ မူဆယ်- မန္တလေး လမ်းကြောင်းတွင် ၁-၁၁-၂၀၁၂ ရက်နေ့မှ စ၍ လည်းကောင်း၊ မြဝတီ- ရန်ကုန် လမ်းကြောင်းတွင် ၂၀-၁၁-၂၀၁၂ ရက်နေ့တွင် လည်းကောင်း မူဆယ်၊ ချင်းရွှေဟော်၊ တာချီလိတ်၊ မြိတ်၊ ကော့သောင်း၊ တမူးနှင့် ရိဒ်စခန်း အနီး တစ်ဝိုက် ပတ်ဝန်းကျင်တွင် ၁-၁၂-၂၀၁၂ ရက်နေ့တွင် လည်းကောင်း စတင် ဆောင်ရွက် လျက်ရှိသည်ဟု သိရှိရသည်။

စဉ်းစားခန်းများ

နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနသည် တရားမဝင် ကုန်သွယ်မှုကို တားဆီး ထိန်းချုပ်ရာတွင် ပို့ကုန်ပိုင်းထက် သွင်းကုန်ပိုင်းကို အာရုံစိုက် လုပ်ဆောင်နေသည်။ ထိုသို့ တာဝန်ရှိ သူများက တာဝန်အရ ထိန်းချုပ် ဖမ်းဆီး နေသည့်တိုင် တရားမဝင် တင်သွင်းသူများ ကလည်း တင်သွင်း မှုများကို ဆက်လက် လုပ်ဆောင်လျက် ရှိသဖြင့် တရားမဝင် ကုန်စည်များ တားဆီး ထိန်းချုပ်မှုမှာ ခက်ခဲလျက် ရှိနေသည်။ ဤသို့ဖြင့် တရားမဝင် မှောင်ခို ကုန်သွယ်မှုများသည် အခြေအနေ အကြောင်း အမျိုးမျိုးဖြင့် ပိုမိုဖြစ်ထွန်း လာနေ သောကြောင့် ကိုင်တွယ်ရ ပိုမို ခက်ခဲနေရခြင်း ဖြစ်သည်ဟု ဆိုရမည်။

မှောင်ခိုတို့တွင် ရှောင်တိမ်း ကိုယ်ဖျောက်စရာ ပထမ ဦးစားပေး လက်နက်ပုန်း ငွေရှိ၏။ မှောင်ခိုသည် ဂျိုနှင့် မဟုတ်၊ ငွေထုပ်နှင့် ဖြစ်၏။ ငွေထုပ်နှင့် အလုပ်ဖြစ်လျက် ရှိနေသည်။ ထိုငွေထုပ်ကြောင့် တရားမဝင် ကုန်သည် မှောင်ခိုသမားတို့ အလုပ်ဖြစ်နေ ကြစဉ် သက်ဆိုင်ရာမှ လုပ်ဆောင် နေသည့် စားသုံးသူ အကာကွယ်ပေးရေးနှင့် တရားမဝင် ကုန်သွယ်မှုများ ထိန်းသိမ်းရေးမှာ အလုပ် မဖြစ်သည့် အနေ အထားတွင် ရှိနေလေသည်။ လာဘ်ပေး လာဘ်ယူများကြောင့် အောင်မြင်နိုင်ရေး နှေးကွေး နေခြင်း ဖြစ်သည်ဟု ထင်စရာ ရှိသည်။ သို့သော် လာဘ်ပေး လာဘ်ယူကိစ္စကို တိုက်ဖျက် နိုင်ခဲ့ပါကလည်း တရားမဝင် သွင်းကုန် ပစ္စည်းများ ဝင်ရောက်နေမှုကို အပြည့် အဝ တားဆီး နိုင်မည်ဟု အာမခံ နိုင်စွမ်း ရှိမည် မဟုတ်ပေ။

အဘယ်ကြောင့် ဆိုသော် လာဘ်ပေး လာဘ်ယူ လမ်းကြောင်းဖြင့် မရပါက အခြားသော နည်းလမ်း ပေါင်းများစွာ အသုံးပြု နိုင်သေး သောကြောင့် ဖြစ်သည်။ နည်းလမ်းပေါင်း များစွာဖြင့် ဝင်ရောက် လာနေသည့် တရားမဝင် ကုန်ပစ္စည်းများကို ထိရောက်စွာ ထိန်းချုပ် နိုင်ရန်မှာ-

  • သက်ဆိုင်ရာ နယ်စပ်ဒေသ အာဏာပိုင် အဖွဲ့အစည်းများ၊ ထိုအာဏာပိုင် အဖွဲ့ အစည်းများ၊ ထိုဒေသများရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် တွေ့ဆုံ ညှိနှိုင်း ဆောင်ရွက် မှုများ ပြုလုပ်ခြင်း။
  • သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့ အစည်းများကြား ဆွေးနွေးမှုများ ပြုလုပ်၍ တူညီ သော ရည်ရွယ်ချက် အပေါ် ဘုံသဘော တူညီချက် ရယူကာ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက် လုပ်ကိုင်ခြင်း၊ အချိတ် အဆက်မိမိ လုပ်ဆောင်ခြင်း။
  • နယ်စပ် ကုန်သွယ်မှု လုပ်ငန်း လုပ်ကိုင်နေကြသည့် ကုန်သည် လူတန်းစားများ၏ အခက်အခဲများ၊ ဆန္ဒများကို သိရှိစေရန် နယ်စပ် ကုန်သွယ်ပေါက် များနှင့် နီးစပ်သည့် နယ်စပ် ဒေသများသို့ ကွင်းဆင်း လေ့လာခြင်း (ဥပမာ - လက်ရှိ နကသမှ စီစဉ်ပေး နေသည့် Individual Trading Card အပေါ် ၎င်းတို့၏ သဘောထားများ၊ ထို Card ၏ ကုန်သည် များကို အထောက် အကူ ရရှိမှု၊ ၎င်းတို့ လုပ်ငန်းပိုင်းတွင် အဆင်ပြေမှု ရှိ/ မရှိ စသဖြင့်) ၊ ရရှိသော အချက် အလက်များကို အခြေခံ၍ လေ့လာ သုံးသပ် အဖြေ ရှာခြင်း တို့ကိုလည်း ပြုလုပ် သင့်သည်။

ထားရှိရမည့်သဘောထားများ

ယခုလက်ရှိတွင် မြန်မာနိုင်ငံ အတွင်း၌ အကောင် အထည်ဖော် ဆောင်ရွက်နေသော တရားမဝင် ကုန်သွယ်မှုများ ဖမ်းဆီး ထိန်းချုပ်ရေး အစီ အစဉ်သည် နိုင်ငံ စီးပွားရေး အတွက် အလွန် အရေးကြီးသော ရေရှည် လိုအပ်သည့် လုပ်ဆောင်ချက်များ မဟုတ်။ ၂နှစ်တာ၊ ၃နှစ်တာ ကာလတို အတွင်း၌ အာဆီယံ လွတ်လွပ်သော ကုန်သွယ်ရေး နယ်မြေ (AFTA) (အာဖတာ) အတွက် ပြည်တွင်း လုပ်ငန်းများ ပြင်ဆင် ဆောင်ရွက်နေမှု အထောက်အကူ ရရှိစေရေး နှင့် ထိုကာလ အတွင်း နိုင်ငံတော်မှ ထိုက်သင့်သော အခွန်အခများ ရရှိနိုင်ရေး အတွက်သာ ဖြစ်သည်။ အခွန်များ ကောက်ခံခွင့် မရှိတော့သော၊ ဈေးကွက် ပြိုင်ဆိုင်မှု ပြင်းထန်လာမည် ဖြစ်သော အာဖတာ(AFTA) အစီ အစဉ်ကြီး မကြာမီ လာတော့မည်။ မျက်စိ တဆုံးကြည့် တွေးမိသည့် အခါတွင် တစ်ကမ္ဘာလုံး သဘော တွေ့နေသော ဈေးကွက် စနစ်ဖြင့် လှုပ်ရှားနေသည့် ယနေ့ ကမ္ဘာကြီးထဲတွင် ဝယ်သူနှင့် ရောင်းသူ နှစ်ဖက် အကြိုက်တွေ့ သဘော ခွေ့နေသည့် ကုန်ပစ္စည်းများကို အကြောင်း တစ်စုံ တစ်ရာကြောင့် ဟန့်တား နေခြင်းမှာ အချိန် ကာလ တစ်ခု အထိသာ ဖြစ်နိုင်ခြေ ရှိပေ လိမ့်မည်။

ရေရှည် ကာလ မျှော်လင့်ချက် အတွက်ကိုမူ မည်သို့မှ ဖြစ်နိုင်စွမ်း မရှိ။ အမှန်တကယ် တစ်စိုက် မတ်မတ် အားထုတ် ဆောင်ရွက် သင့်သည်မှာ ပြည်တွင်း စက်မှုလက်မှု လုပ်ငန်းများ၏ အခြေအနေ နှင့် ပြည်ပမှ သွင်းကုန် တို့၏ အခြေအနေများ၊ တရားမဝင် မှောင်ခို တင်သွင်းမှု ထိန်းချုပ် တားဆီး နိုင်မှု အခြေအနေများ ဆက်စပ် ဆောင်ရွက်လျက် ပြည်တွင်း စက်မှု လက်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာရေး၊ ပြည်တွင်း ထုတ်လုပ်မှု အခြေ အနေ တိုးတက်လာ စေရေး တို့ကို အရှိန် မပျက် လုပ်ကိုင် မှုပင် ဖြစ်သည်။

ပြင်ပမှ တင်သွင်း စားသုံးနေ ရသည့် ထုတ်ကုန် များကို ပြည်တွင်းရှိ ကုန်ထုတ်လုပ်မှု လုပ်ငန်းမှ ထုတ်လုပ်၍ (နိုင်ငံခြား ဈေးကွက်များသို့ တင်ပို့ နိုင်ရေး မဖြစ်နိုင် သေးခင် မှာပင်) ပြည်တွင်း ဈေးကွက် မှာပင် ဖြန့်ဖြူး ရောင်းချနိုင်ရေး အတွက် သက်ဆိုင်ရာ ဌာနတို့နှင့် ပုဂ္ဂလိက ကဏ္ဍမှ လုပ်ငန်းရှင်တို့ (စာရွက် ပေါ်တွင်သာ ရှိသည့် အစီအစဉ်များ သက်သက်သာ မဟုတ်ဘဲ) ညှိနှိုင်း ဆောင်ရွက် စေချင်သည်။ သက်ဆိုင်ရာ ဌာနမှ အကောင် အထည်ဖော်ရန် တိတိ ကျကျ ညွှန်ကြားထား သကဲ့သို့ (လက်တွေ့ လုပ်ဆောင် ရသည့် အောက်ခြေ အဆင့်တွင် အထက်သို့ တင်ပြ ကောင်းရုံသာ မဟုတ်ဘဲ) ထိထိ ရောက်ရောက် ပံ့ပိုး စေချင်သည်။ ယခင် အတိုင်း သွားခဲ့လျှင် လမ်းဆုံးပါက ယခင် အခြေအနေ ရှိသည့် ပန်းတိုင်ကိုသာ ရောက်ရှိ လိမ့်မည်။ ပိုမို ကောင်းမွန်သည့် အိုင်ဒီယာများ အတွက် ကျွန်တော်တို့ ဦးနှောက်စား၍ ပိုမို ကောင်းမွန်သည့် အနေအထား ရရှိနိုင်ရေး အတွက် ကျွန်တော်တို့ တကယ် အလုပ် လုပ်ကြ ရတော့မည် ဖြစ်ပေသည်။

စောနိုင် (ဘောဂဗေဒ) ရေးသားသည်။

Pages