တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Thu, 01/18/2024 - 06:57 -- mocadmin

   တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်မှုလုပ် ငန်းများဆောင်ရွက်လျက်ရှိရာ ၁၆-၁-၂၀၂၄ ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း ၅၃၂.၂၅၀ တန် ထောပတ်သီး ၆၀ တန်၊ ကြက်သွန်နီ ၁၆.၅၀ တန်၊ ပလပ်စတစ်ဖြတ်စ ၈ တန်နှင့် စက္ကူဖြတ်စ ၂၄ တန် တင်ပို့နိုင်ခဲ့သည်။

   တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိပြီး ၁၆-၁-၂၀၂၄ ရက်တွင် ဘိလပ်မြေ၊ မီးခံအုတ်၊ ဘိလပ်မြေမျက်နှာကျက်ပြား၊ ဖိနပ်၊ ပလပ်စတစ်ဖျာ၊ ​ကြွေပြား၊ ပလပ်စတစ်ခြင်း၊ ပလပ်စတစ်ခွက်၊ ကွန်ကရစ်အမိုးပြားနှင့် မှန်ချပ်တို့ တင်သွင်းခဲ့ပသည်။

   ဒေသငွေလဲနှုန်းအနေဖြင့် ၁၆-၁-၂၀၂၄ ရက်နေ့တွင် ကျပ် ၁ သိန်းလျှင် ၁၀၀၅ ဘတ် ဖြစ်ပေါ် ခဲ့ကြောင်းသိရှိရသည်။

DOT (တာချီလိတ်)

Border Trade News

Pages