တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်/သွင်းကုန်ကုန်သွယ်နိုင်မှု

Fri, 12/01/2023 - 03:53 -- bordertrade

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့

         တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (နိုဝင်ဘာလ ၁ ရက် မှ ၂၈ ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၁.၇၁၉) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၅.၄၇၀) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၇.၁၈၉) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ (၂၈-၁၁-၂၀၂၃) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ထောပတ်သီး (၁၃.၅) တန်၊ တန်ဖိုး(၀.၀၀၈)ဒေါ်လာသန်း၊Maganese Dioxide (၁၈၀)တန်၊ တန်ဖိုး(၀.၀၁၅)ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၂၀) တန် တန်ဖိုး(၀.၀၀၂)ဒေါ်လာသန်းနှင့် ပလပ်စတစ်ဖြတ်စ(၁၆) တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း၊  စုစုပေါင်း(၀.၀၃၂) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့်(၂၈-၁၁-၂၀၂၃)  ရက်နေ့တွင် ကျပ်(၁) သိန်းလျှင် (၁၀၅၅) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိက တင်သွင်းလျက်ရှိပြီး (၂၈-၁၁-၂၀၂၃) ရက်တွင် ကွန်ကရစ်အမိုးပြား (၀.၀၁၉) ဒေါ်လာသန်း၊ မျက်နှာကျက်ပြား (၀.၀၁၈) ဒေါ်လာသန်း၊ ဘိလပ်မြေမျက်နှာ

ကျက်ပြား (၀.၀၁၆) ဒေါ်လာသန်း၊ မီးခံအုတ် (၀.၀၁၂) ဒေါ်လာသန်း၊ ​ကြွေပြား (၀.၀၂၂) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၀၉) ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၀၀၉) ဒေါ်လာသန်း၊ ကြိတ်သားပြား (၀.၀၀၇) ဒေါ်လာသန်း ၊ ဆပ်ပြာ (၀.၀၀၉) ဒေါ်လာသန်း အပါအဝင် (၀.၁၅၇) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Border Trade News

Pages