မြဝတီကုန်သွယ်ရေးဇုန်၏ (၂၆-၆-၂၀၂၃)ရက်နေ့ထိ ကုန်သွယ်မှုအခြေအနေ

Wed, 07/05/2023 - 05:12 -- DotBorderdep

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက် ရှိရာ (၂၄-၆-၂၀၂၃)ရက်နေ့မှ (၂၆-၆-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများဖြစ် သည့် ဂေါ်ဖီထုပ်၊ ငရုတ်၊ ကံ့ကော်ဝတ်ဆံ(အခြောက်)၊ ကြက်သွန်နီ၊ ပြောင်း၊ ကွမ်းသီး၊ ချင်း၊ နနွင်း၊ ဆီးဖြူသီး‌ခြောက်၊ ရေထွက်ကုန်များဖြစ်သည့် ကဏန်းအရှင်၊ ဂုံး၊ ခရု၊ ပုဇွန်၊ အေးခဲ ကဏန်းပျော့၊ ငါးသလောက်၊ ငါးမွှေတိုး၊ ငါးခွေးလျှာ၊ အေးခဲငါးမြစ်ချင်း၊ သဲကဏန်း၊ ဝသုံးလုံးကဏန်း၊ ငါးဓားလွယ်နှင့် CMP ပစ္စည်းများဖြစ် သည့် အမျိုးသား/အမျိုးသမီးအဝတ်အထည်များ တင်ပို့ခဲ့သည်။  

          အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ CMP၊ ပြောင်း၊ ငရုတ်၊ ကြက်သွန်နီ၊ ‌ဂေါ်ဖီထုပ်၊ ရေထွက်ကုန်ပစ္စည်း၊ ကံ့ကော်ဝတ်ဆံ(အခြောက်)၊ ကွမ်းသီး၊ ချင်းနှင့် အခြားပစ္စည်းတို့ဖြစ်သည်။

          ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်း ဝယ်လိုအားမြှင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမို တင်ပို့နိုင်ခဲ့သည်။

          ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့် ငရုတ်များကို အမြန်တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။

          သွင်းကုန်ပစ္စည်းများအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ အဝတ် အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ ဖိနပ်၊ သစ်သီး၊ Garment၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်းကိရိယာများ၊ ဆေးနှင့် ဆေးပစ္စည်း၊ Packing Material၊ အိမ်သုတ်ဆေး၊ ကုန်ကြမ်းပစ္စည်း၊ အသုံးပြုပြီးယန္တရားစက်ပစ္စည်း၊ ဓာတ်မြေဩဇာ၊ ငါးဖမ်းပစ္စည်း၊ အားကစားပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ လယ်ယာသုံးပစ္စည်း၊ LPG (ဓာတ်ငွေ့ရည်)နှင့် အလှကုန်ပစ္စည်းတို့ တင်သွင်းခဲ့သည်။  

          (၂၄-၆-၂၀၂၃ မှ ၂၆-၆-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ Garment၊ စားသောက်ကုန်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်း၊ သစ်သီး၊ ဓာတ်မြေဩဇာ၊ အသုံးပြုပြီးယန္တရားစက်ပစ္စည်း၊ LPG(ဓာတ်ငွေ့ရည်)နှင့် အခြားပစ္စည်းတို့ဖြစ်သည်။

          ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင်(87.72)ကျပ်ရှိပြီး ယခုအပတ်တွင်လည်း (87.72) ကျပ်သာရှိ၍ ဘတ်စျေးပြောင်းလဲမှုမရှိပါကြောင်းနှင့် ကုန်ပစ္စည်းများ တင်ပို့၊ တင်သွင်းခြင်းကို ရန်ကုန်-ဘားအံ- မြဝတီကုန်သွယ်မှုလမ်းကြောင်းအတိုင်း ပုံမှန်ဆောင်ရွက်လျက်ရှိသည်။  

          (၁၇-၆-၂၀၂၃ မှ ၂၃-၆-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ပြောင်း(၁)တန်လျှင် ပျမ်းမျှ(317.476)ဒေါ်လာဖြင့် (၂၁၆၁၁.၀၅၄)တန် (၆.၈၆၁)ဒေါ်လာသန်း၊ ချုပ်ပြီး အထည် (၁၅.၆၇၄)တန်၊ (၁၉၆၉၁၉)U၊ (၂.၃၅၇)ဒေါ်လာသန်း၊ ကြက်သွန်နီ(၁)တန်လျှင် (၅၃၇.၀၇၅) ဒေါ်လာဖြင့် (၁၆၂၇.၃၃၁)တန် (၀.၈၇၄)ဒေါ်လာသန်း၊ ကွမ်းသီး(၁)တန်လျှင် (၁၅၂၉.၇၆၁)ဒေါ်လာဖြင့် (၁၆၈)တန် (၀.၂၅၇)ဒေါ်လာသန်း၊ ဂေါ်ဖီထုပ်(၁)တန်လျှင် (200.267)ဒေါ်လာဖြင့် (၁၂၇၃.၃)တန် (၀.၂၅၅) ဒေါ်လာသန်း၊ သတ္တုနှင့် သတ္တုရိုင်းများ (၁)တန်လျှင် (၁၅၀၄.၀၀၀)ဒေါ်လာဖြင့် (၁၂၅)တန် (၀.၁၈၈)ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်)(၁)တန်လျှင် (၁၆၂၈.၃၈၈)ဒေါ်လာဖြင့် (၉၄.၇၅၂)တန် (၀.၁၅၄)ဒေါ်လာသန်း၊ ငရုတ်သီး (စိမ်း)(အစို)(၁)တန်လျှင် (၆၇၂.၆၃၄)ဒေါ်လာဖြင့် (၁၈၅.၈၃၄) တန်(၀.၁၂၅)ဒေါ်လာသန်း၊ မတ်ပဲ(၁)တန်လျှင် (၉၀၆.၂၅၀)ဒေါ်လာဖြင့် (၉၆)တန်(၀.၀၈၇) ဒေါ်လာသန်း နှင့် ငါးမျိုးစုံ(၁)တန်လျှင် (၁၁၁၉.၇၂၄)ဒေါ်လာဖြင့် (၄၆.၄၄၀)တန် (၀.၀၅၂) ဒေါ်လာသန်းတို့ဖြစ်ပါသည်။ ပို့ကုန်ကားခအနေဖြင့် ယာဉ်အမျိုးအစားအလိုက် (၁၂)ဘီးယာဉ်၏ ကုန်ကျစ် (၁)ပိဿာ စျေးနှုန်းမှာ (၁၂၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ(၁၃၀)ကျပ်၊ (၂၂)ဘီးယာဉ်၏ ကုန်ကျစ် (၁) ပိဿာ စျေးနှုန်းမှာ (၉၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၁၀၀)ကျပ်ရှိသည်။

          (၁၇-၆-၂၀၂၃ မှ ၂၃-၆-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀) မျိုးမှာ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ(6.710)ဒေါ်လာသန်း၊ လယ်ထွန်စက်များ(1.766)ဒေါ်လာသန်း၊  စက်နှင့် စက် ပစ္စည်း(1.641)ဒေါ်လာသန်း၊ အလှကုန်ပစ္စည်းမျိုးစုံ(1.461)ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှ အပ) ဆောက်လုပ်ရေးပစ္စည်းများ(1.169)ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (1.149)ဒေါ်လာသန်း၊ သွားတိုက်ဆေး(0.928)ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (0.891) ဒေါ်လာ သန်း၊ သံနှင့်သံမဏိပစ္စည်းများ (0.737)ဒေါ်လာသန်းနှင့် အခြားစက္ကူများ (0.722) ဒေါ်လာသန်း တို့ဖြစ်ပါသည်။ သွင်းကုန်ကားခ(ကုန်စုံပစ္စည်း) အနေဖြင့် ယာဉ်အမျိုးအစားအလိုက်(၁၂)ဘီး ယာဉ်၏ ကုန်ကျစ်(၁)ပိဿာ စျေးနှုန်းမှာ(၂၀၀)ကျပ်၊ ကုန်ပွ(၁) ပိဿာစျေးနှုန်းမှာ (၂၁၀)ကျပ်၊ (၂၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ (၁၆၀)ကျပ်၊ ကုန်ပွ(၁)ပိဿာ စျေးနှုန်းမှာ (၁၇၀)ကျပ်ရှိသည်။

          မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်(ဧပြီလ(၁)ရက်နေ့မှ ဇွန်လ(၂၆) ရက်နေ့ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(137.023)ကန်ဒေါ်လာသန်း၊ သွင်းကုန် (310.777) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(447.800)ကန်ဒေါ်လာသန်းရှိပြီး ယခင်နှစ်ကာလတူတွင် ပို့ကုန်(၇၂၃.၆၆၄) ကန်ဒေါ်လာသန်း၊ သွင်းကုန်(၁၃၂၁.၀၆၉)ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၂၀၄၄.၇၃၃)ကန်ဒေါ်လာသန်း ဆောင်ရွက်ခဲ့ သဖြင့် ကာလတူနှိုင်းယှဉ်လျှင် ယခုဘဏ္ဍာနှစ်တွင် ယခင်နှစ်ကာလတူထက် ပို့ကုန်(586.641) ကန်ဒေါ်လာသန်း၊ သွင်းကုန်(1010.292) ကန်ဒေါ် လာသန်း၊  စုစုပေါင်းကုန်သွယ်မှုပမာဏ(1596.933) ကန်ဒေါ်လာသန်း လျော့နည်းခဲ့သည်။

Border Trade News

Pages