ယခုအပတ်အတွင်းမြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တန်ဖိုး (၀.၀၂၆) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ ပို့ကုန်တင်ပို့နိုင်မှုအခြေအနေ

Wed, 07/05/2023 - 05:35 -- DotBorderdep

မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့မှ(၂၈)ရက်နေ့အတွင်း ငါးကြိတ်သား (၁၄.၄၀)တန်၊ တန်ဖိုး (၀.၀၂၆) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှမောတောင်ကုန်သွယ်ရေးစခန်းအထိကုန် (၁)တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း)ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအခြေအနေ ကောင်းမွန်လျက်ရှိကြောင်းသိရှိရသည်။

          တနင်္သာရီတိုင်းဒေသကြီးအတွင်း သုံးစွဲရန်လိုအပ်သည့် စက်သုံးဆီများအားထိုင်းနိုင်ငံမှရေလမ်းကြောင်းဖြင့် တင်သွင်းလျက်ရှိရာဇွန်လ (၂၁) ရက်နေ့မှ (၂၈) ရက်နေ့အတွင်းသွင်းကုန်တင်သွင်းမှုမရှိပါ။ မြိတ်ဒေသတွင် ဓါတ်ဆီ (၁)တန် ဈေးနှုန်းမှာ (၈၉၀.၈၂၄) ဒေါ်လာဖြစ်ပြီး ဓာတ်ဆီတစ်လီတာ (၂၃၁၈) ကျပ်နှင့်ဒီဇယ်တစ်လီတာ(၂၂၉၅) ကျပ်ဖြင့်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁)ဘတ်လျှင် (၈၉.၀၀)ကျပ်ဖြင့်အရောင်း အဝယ်ဖြစ်နေကြောင်းသိရှိရသည်။

Border Trade News

Pages