ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ပိတ်ရက်မရှိ တင်သွင်းခွင့်ပြုပေးလျက်ရှိ

Thu, 08/19/2021 - 18:14 -- dotadmin

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင် လေကြောင်း၊ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ်အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် ပိတ်ရက်မရှိ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၁၉-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Concentrator (၇၃၉) ခု၊ Test Kit (၆၇၆၀) ခုနှင့် ဆိပ်ကမ်းများမှ အောက်ဆီဂျင်(အိုးခွံ) (၈၆၄၀) ခု၊ Oxygen Plant (၁)ခု အပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ ၊ တာချီလိတ်၊ ထီးခီး ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင် (အရည်) Bowser ယာဉ်(၂)စီးဖြင့် (၃၈)တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့်(၁၀)တန်၊ အောက်ဆီဂျင်အိုး(အခွံ) (၈၆၄၀)ခု၊ Oxygen Plant (၁)ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၁၀၉၀) ခု၊ PPE (၄၄၀၀) စုံနှင့် နှာခေါင်းစည်း (Mask) (၁၅) တန် တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ (၁၇) ခုမှ ယာဉ်စီးရေ (၃၅) စီးဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။

 

သြဂုတ်လအတွင်း ယာဉ်စီးရေ (၁၀၂၂) စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် (၁၀၂၅) တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် (၂၅၇) တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့် (၇၂) တန်၊ အောက်ဆီဂျင် (အရည်) Storage Container (၁၂) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၆)ခု၊ အောက်ဆီဂျင်(အိုးခွံ) (၁၂၉၈၄၀) ခု၊ Oxygen Plant (၃၃) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၂)ခု၊ အောက်ဆီဂျင် (Generator) (၁၁) ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၈၁၄၂၇) ခု၊ Test Kit (၁၅၇၈၀၈) ခု၊ PPE (၅၅၁၀၆၅) စုံ၊ လက်အိတ် (၈၃) တန်နှင့် နှာခေါင်းစည်း (Mask) (၁၂၉၃) တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

 

၂၀၂၁ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှ သြဂုတ်လ () ရက်နေ့အထိ ပြည်ပမှတင်သွင်းလာ သည့် အောက်ဆီဂျင်အရည် (Bowser) ယာဉ် စုစုပေါင်း (၉၁) စီးမှာ ရန်ကုန်မြို့သို့ (၆၈) စီး ၊ မန္တလေးမြို့သို့(၁၅)စီး ၊ မော်လမြိုင်မြို့သို့ (၄)စီး ၊ ပဲခူးမြို့သို့ (၂)စီး ၊ သထုံမြို့သို့ (၁)စီး၊ သံဖြူဇရပ် မြို့သို့ (၁) စီး ဖြစ်ကြောင်း သိရှိရပါသည်။ Oxygen Plant စုစုပေါင်း (၄၁) ခုမှာရန်ကုန်မြို့သို့ (၁၁) ခု၊ လားရှိုးမြို့သို့ (၅) ခု ၊ ပဲခူးမြို့သို့ (၄) ခု ၊ မန္တလေးမြို့သို့ (၄)ခု၊ ကျောက်ပန်းတောင်းမြို့ (၃) ခု ၊ ပခုက္ကူမြို့သို့ (၂) ခု ၊ ဘားအံမြို့သို့ (၂)ခု၊ မော်လမြိုင်မြို့သို့ (၂)ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ မိုးကောင်းမြို့နှင့် ကျောက်တံခါးမြို့များသို့ (၁) ခုစီ ဖြစ်ကြောင်း သိရှိ ရပါသည်။

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့်ပူးပေါင်းဆောင်ရွက်လျှက်ရှိသလို အကူအညီလိုအပ်ပါကလည်းသက်ဆိုင်ရာ တာဝန်ရှိသူများ ထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက်ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များနှင့် အသိပေးကြေညာချက်များကိုလည်းဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရ ပါသည်။

နောက်ဆုံးရသတင်းများ

Pages