ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

Sat, 04/20/2024 - 10:31 -- mocadmin

နေပြည်တော်၊ ဧပြီ ၂၀

   နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်း များကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်း များဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ် သော ယခင်ဗိုလ်​အောင်​​ကျော်ဆိပ်ကမ်း (The Myanmar Terminal-TMT) မှ ပြောင်းဖူးစေ့တန်ချိန် ၁၂,၇၀၀ တန် တင်ပို့ခဲ့သည်။

   ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-3) မှ ပြောင်းဖူး​စေ့တန်ချိန် ၆,၆၀ဝ တန်၊ ဧပြီလ ၂၂ ရက်နေ့တွင် မင်းထက်မင်း ဆိပ်ကမ်းမှ ​ပြောင်းဖူး​စေ့တန်ချိန် ၂,၇၀၀ တန်နှင့် ဧပြီလ ၂၅ ရက်​​နေ့တွင် ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal-TMT) မှ ပြောင်းဖူးစေ့တန်ချိန် ၇,၁၅၀ တန် ဆက်လက်တင်ပို့သွားမည် ဖြစ်ပါကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages