ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ပိတ်ရက်မရှိ တင်သွင်းခွင့်ပြုပေးလျက်ရှိ

Wed, 08/18/2021 - 16:39 -- dotadmin

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်း များမှ စဉ်ဆက်မပြတ် အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး အတွက် ပိတ်ရက်မရှိ စီစဉ်ဆောင်ရွက်ပေးလျက် ရှိရာ ၁၈-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Concentrator (၁၃၃၂)ခု ၊ နှာခေါင်းစည်း (Mask) (၁၂) တန် ဆိပ်ကမ်းများမှ အောက်ဆီဂျင်(အိုးခွံ) (၃၃၆၀) ခု၊ Oxygen Plant (၆) ခု၊ Oxygen Concentrator (၁၅၀) ခု၊ နှာခေါင်းစည်း (Mask) (၄) တန်အပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ မြဝတီ ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီး ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၂) စီးဖြင့် (၄၀)တန်၊ အောက်ဆီဂျင်(အရည်) အိုးဖြင့် (၂၈)တန်၊ အောက်ဆီဂျင်အိုး(အခွံ) (၉၂၈၁)ခု၊ Oxygen Plant (၆) ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator)(၂၆၉၈) ခု၊ PPE (၂၄၄၇၅) စုံနှင့် နှာခေါင်းစည်း (Mask) (၈၇) တန် တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါ ပစ္စည်းများအား ကုမ္ပဏီ (၁၉) ခုမှ ယာဉ်စီးရေ (၄၃)စီး ဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။

 

သြဂုတ်လအတွင်း ယာဉ်စီးရေ(၉၈၇)စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် (၉၈၆)တန်၊ အောက်ဆီဂျင်(အရည်)အိုးဖြင့်(၂၄၇)တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့်(၇၂)တန်၊ အောက်ဆီဂျင် (အရည်) Storage Container (၁၂) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၆)ခု၊ အောက်ဆီဂျင်(အိုးခွံ) (၁၂၁၂၀၀)ခု၊ Oxygen Plant(၃၂)ခု၊ ဆေးရုံးသုံး အောက်ဆီဂျင် ဖြည့်စက် (၂) ခု၊ အောက်ဆီဂျင်(Generator)(၁၁)ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၈၀၃၃၇)ခု၊ Test Kit (၁၅၁၀၄၈)ခု၊ PPE (၅၄၆၆၆၅)စုံ၊ လက်အိတ် (၈၃)တန်နှင့် နှာခေါင်းစည်း (Mask) (၁၂၇၈) တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။

 

၂၀၂၁ ခုနှစ် ဇူလိုင်လ(၁) ရက်နေ့မှ သြဂုတ်လ () ရက်နေ့အထိ ပြည်ပမှ တင်သွင်း လာသည့် အောက်ဆီဂျင်အရည်(Bowser) ယာဉ် စုစုပေါင်း (၈၉) စီးမှာ ရန်ကုန်မြို့သို့ (၆၇) စီး ၊ မန္တလေးမြို့သို့(၁၅)စီး ၊ မော်လမြိုင်မြို့သို့ (၄)စီး ၊ ပဲခူးမြို့သို့ (၂)စီး ၊ သထုံမြို့သို့ (၁)စီး ဖြစ်ကြောင်း သိရှိရပါသည်။ Oxygen Plant စုစုပေါင်း (၄၀) ခုမှာ ရန်ကုန်မြို့သို့ (၁၁) ခု၊ လားရှိုးမြို့သို့ (၅) ခု ၊ ပဲခူးမြို့သို့ (၄) ခု ၊ မန္တလေးမြို့သို့ (၄)ခု၊ ကျောက်ပန်းတောင်းမြို့(၃)ခု ၊ ပခုက္ကူမြို့ သို့ (၂) ခု ၊ ဘားအံမြို့သို့ (၂) ခု၊ မော်လမြိုင်မြို့သို့ (၂)ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သားနှင့် မိုးကောင်းမြို့များသို့ (၁) ခုစီ ဖြစ်ကြောင်း သိရှိရပါသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသလိုအကူအညီ လိုအပ်ပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူ များထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များနှင့် အသိပေးကြေညာချက်များကိုလည်းဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေးစီစဉ်ဆောင်ရွက် ပေးထားပါကြောင်း သိရှိရပါသည်။

နောက်ဆုံးရသတင်းများ

Pages