ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ပိတ်ရက်မရှိ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိ

Sat, 08/14/2021 - 16:03 -- dotadmin

ပြည်ပမှ ကိုဗစ်-၁၉ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို စဉ်ဆက် မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အများ ပြည်သူရုံးပိတ်ရက်များတွင်လည်း လေကြောင်း ၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၁၄-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အောက်ဆီဂျင်(အိုးခွံ) (၃၀) ခု၊ Oxygen Concentrator (၁၉၄၄)ခုအပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ကန်ပိုက်တီ၊ မြဝတီ ၊ ထီးခီး ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင် (အရည်)Bowserယာဉ်(၄)စီးဖြင့်(၇၉)တန်၊ အောက်ဆီဂျင်(အရည်)အိုးဖြင့် (၅)တန်၊ အောက်ဆီဂျင်(ဓာတ်ငွေ့) အိုးဖြင့် (၁) တန်၊ အောက်ဆီဂျင် (အရည်) Storage Container (၃) ခု၊ အောက်ဆီဂျင်အိုး (အခွံ) (၉၇၃၈) ခု၊ အိမ်သုံးအောက်ဆီဂျင်စက်(Oxygen Concentrator)(၁၁၇၅) ခု၊PPE (၄၀၆၈၀)စုံနှင့်နှာခေါင်းစီး (Mask) (၃၇) တန်တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါပစ္စည်းများ အား ကုမ္ပဏီ(၂၀)ခုမှ ယာဉ်စီးရေ (၅၄)စီးဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။

 

သြဂုတ်လအတွင်း ယာဉ်စီးရေ(၈၀၃)စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် (၇၄၃)တန်၊ အောက်ဆီဂျင်(အရည်)အိုးဖြင့် (၁၇၁)တန်၊အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့်(၇၂)တန်၊ အောက်ဆီဂျင် (အရည်) Storage Container (၇) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၆)ခု၊ အောက်ဆီဂျင်(အိုးခွံ) (၉၉၆၀၁) ခု၊ Oxygen Plant (၂၂)ခု၊ အောက်ဆီဂျင်(Generator)(၁၀)ခု၊ အိမ်သုံး အောက်ဆီဂျင်စက်(Oxygen Concentrator) (၇၀၅၀၄)ခု၊ Test Kit (၁၅၀၂၆၈)ခု၊ PPE (၄၇၃၀၁၂) စုံ၊ လက်အိတ် (၇၂)တန်နှင့် နှာခေါင်းစီး (Mask) (၉၈၃) တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

 

၂၀၂၁ ခုနှစ် ဇူလိုင်လ(၁) ရက်နေ့မှ သြဂုတ်လ(၁၄)ရက်နေ့အထိ ယာဉ်စီးရေ(၁၆၁၄)စီးဖြင့် အောက်ဆီဂျင်အရည်(Bowser)ယာဉ်ဖြင့် (၁၅၇၀) တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) (၇၃၈)တန်၊ အောက်ဆီဂျင် ဓါတ်ငွေ့(Bowser) ယာဉ်ဖြင့်(၉) တန်၊ အောက်ဆီဂျင်ဓါတ်ငွေ့(အိုးဖြင့်) (၁၈၆) တန်၊ Storage Container (၇) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၆)ခု၊ အောက်ဆီဂျင်(အိုးခွံ) (၁၄၀၀၉၂)ခု၊ Oxygen Plant (၃၀) ခု၊ ဆေးရုံသုံးအောက်ဆီဂျင်ဖြည့်စက် (၄)ခု၊ အောက်ဆီဂျင် ဖြည့်ကိရိယာ (၂) စုံ၊ Oxygen Generator (၂၁) ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၁၃၉၆၅၀)ခု၊ Test Kit(၄၇၃၁၄၆) ခု၊ PPE (၆၅၆၀၃၇)စုံ ၊ လက်အိတ် (၈၈)တန်နှင့် နှာခေါင်းစီး (Mask) (၂၂၆၁) တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ် ပါသည်။

 

၂၀၂၁ ခုနှစ် ဇူလိုင်လ(၁) ရက်နေ့မှ သြဂုတ်လ(၁၄)ရက်နေ့အထိ ပြည်ပမှ တင်သွင်းလာသည့် အောက်ဆီဂျင်အရည်(Bowser) ယာဉ် စုစုပေါင်း (၇၆) စီးမှာ ရန်ကုန်မြို့သို့ (၅၈) စီး ၊ မန္တလေးမြို့ သို့ (၁၁)စီး ၊ ပဲခူးမြို့သို့ (၂)စီး ၊ မော်လမြိုင်မြို့သို့ (၄)စီး ၊ သထုံမြို့သို့ (၁)စီး ဖြစ်ကြောင်းသိရှိရပါ သည်။ Oxygen Plant စုစုပေါင်း (၃၀) ခုမှာလားရှိုးမြို့သို့ (၅) ခု ၊ ရန်ကုန်မြို့သို့ (၄ ) ခု၊ပဲခူးမြို့သို့ (၄) ခု ၊ မန္တလေးမြို့သို့(၃)ခု၊ ပခုက္ကူမြို့သို့ (၂) ခု ၊ ဘားအံမြို့သို့ (၂)ခု၊ မော်လမြိုင်မြို့သို့ (၂)ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ ကျောက်ပန်းတောင်းမြို့နှင့် မိုးကောင်းမြို့များသို့ (၁) ခုစီ ဖြစ်ကြောင်း သိရှိရပါသည်။

 

ကိုဗစ်-၁၉ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများ ပြတ်လပ်မှုမရှိ စေရန် အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ် ကြေညာထားသည့် ၁၆-၈-၂၀၂၁ ရက်နေ့မှ ၂၂-၈-၂၀၂၁ ရက်နေ့အထိ ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် COVID-19 ကူးစက် ရောဂါကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးမည်ဖြစ်ပြီး အဆိုပါရက်များတွင် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်) ပို့ကုန်သွင်းကုန် လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)တို့မှ  အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားမှုများကိုလည်း ရုံးချိန်အတွင်း ပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၁၃-၈-၂၀၂၁ ရက်နေ့စွဲဖြင့် အသိပေးကြေညာချက် ထုတ်ပြန်ထားကြောင်း သတင်းရရှိပါသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသလိုအကူအညီ လိုအပ်ပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူ များထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ပေးထားပါကြောင်း သိရှိရပါသည်။

နောက်ဆုံးရသတင်းများ

Pages