ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ  ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ပိတ်ရက်မရှိ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိ

Fri, 08/13/2021 - 12:19 -- dotadmin

ပြည်ပမှ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို စဉ်ဆက်မပြတ်တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အများပြည်သူရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများ၌ အလုပ်တာဝန်များ ရပ်ဆိုင်းထားခြင်းမရှိဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အပြင် အဆိုပါရုံးပိတ်ရက်များအတွင်း ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်း ဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)တို့မှ  အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထား မှုများကိုလည်း ရုံးချိန်အတွင်းပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါသည်။

 

ထိုသို့ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ် ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် လေကြောင်း ၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၁၃-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၂၂၀၅)ခု အပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ မြဝတီ ၊ တာချီလိတ်၊ ကော့သောင်း ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၂)စီးဖြင့် (၃၆)တန်၊ အောက်ဆီဂျင် (အရည်)အိုးဖြင့် (၁၀)တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့် (၅) တန်၊ အောက်ဆီဂျင် (အရည်) Storage Container (၄) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၆)ခု၊ အောက်ဆီဂျင်အိုး (အခွံ) (၆၁၅၄) ခု၊ Oxygen Plant (၂)ခု၊ အိမ်သုံး အောက်ဆီဂျင်စက်(Oxygen Concentrator)(၃၃၁) ခု၊ PPE (၃၁၆၈၀)စုံ၊ လက်အိတ် (၁၂)တန် နှင့်နှာခေါင်းစီး (Mask) (၃၉) တန်တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါ ပစ္စည်းများအား ကုမ္ပဏီ(၂၂)ခု မှ ယာဉ်စီးရေ (၅၂)စီးဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။

 

သြဂုတ်လအတွင်း ယာဉ်စီးရေ(၇၄၉)စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် (၆၆၄) တန်၊ အောက်ဆီဂျင်(အရည်) အိုးဖြင့် (၁၆၆) တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့် (၇၁) တန်၊ အောက်ဆီဂျင် (အရည်) Storage Container (၄) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၆)ခု၊ အောက်ဆီဂျင်(အိုးခွံ) (၈၉၈၃၃) ခု၊ Oxygen Plant (၂၂) ခု၊ အောက်ဆီဂျင် (Generator) (၁၀) ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၆၇၃၈၅)ခု၊ Test Kit (၁၅၀၂၆၈)ခု၊ PPE (၄၃၂၃၃၂)စုံ၊ လက်အိတ် (၇၂)တန်နှင့် နှာခေါင်းစီး (Mask) (၉၄၆) တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။

 

၂၀၂၁ ခုနှစ် ဇူလိုင်လမှ သြဂုတ်လ(၁၃)ရက်နေ့အထိ ပြည်ပမှ တင်သွင်းလာသည့် အောက်ဆီဂျင်အရည်(Bowser) ယာဉ် စုစုပေါင်း (၆၇) စီးမှာ ရန်ကုန်မြို့သို့ (၅၀) စီး ၊ မန္တလေးမြို့သို့ (၁၁)စီး ၊ ပဲခူးမြို့သို့ (၂)စီး ၊ မော်လမြိုင်မြို့ သို့ (၃)စီး ၊ သထုံမြို့ သို့ (၁)စီး ဖြစ်ကြောင်း သိရှိရပါသည်။ Oxygen Plant စုစုပေါင်း (၃၀) ခုမှာ လားရှိုးမြို့သို့ (၅) ခု ၊ ရန်ကုန်မြို့သို့ (၄ ) ခု၊ ပဲခူးမြို့သို့ (၄) ခု ၊ မန္တလေးမြို့သို့(၃)ခု၊ ပခုက္ကူမြို့သို့ (၂) ခု ၊ ဘားအံမြို့သို့ (၂)ခု၊ မော်လမြိုင်မြို့သို့ (၂)ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ ကျောက်ပန်းတောင်းမြို့နှင့် မိုးကောင်းမြို့များသို့ (၁) ခုစီ ဖြစ်ကြောင်း သိရှိရပါသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့်ဆက်စပ်သည့်  အသိပေးကြေညာချက်များကိုလည်း အများပြည်သူများသိရှိစေရန် ဝန်ကြီး ဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေးစီစဉ် ဆောင်ရွက် ပေးထားပါကြောင်းသိရှိရပါသည်။

နောက်ဆုံးရသတင်းများ

Pages