ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများအား ပြည်ပမှ တင်သွင်းနိုင်ရေးအတွက် ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

Mon, 08/16/2021 - 14:31 -- dotadmin

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်း များမှ စဉ်ဆက်မပြတ် အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး အတွက် ပိတ်ရက်မရှိ စီစဉ်ဆောင်ရွက်ပေးလျက် ရှိရာ ၁၆-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Concentrator (၁၁၁၇)ခု ၊ Test Kit (၇၈၀)ခု ၊ ဆိပ်ကမ်းများမှ အောက်ဆီဂျင် (အရည်) Storage Container (၁)ခု အပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ ၊ ထီးခီး ကုန်သွယ်ရေး စခန်းများမှ အောက်ဆီဂျင်(အရည်) Bowserယာဉ်(၂)စီးဖြင့် (၃၆)တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် (၉)တန်၊ အောက်ဆီဂျင် (အရည်) Storage Container (၁)ခု ၊ အောက်ဆီဂျင် အိုး(အခွံ) (၅၆၁၄)ခု၊ ဆေးရုံးသုံး အောက်ဆီဂျင် ဖြည့်စက်(၂)ခု၊ အိမ်သုံး အောက်ဆီဂျင် စက် (Oxygen Concentrator)(၁၃၄၄) ခု၊ Test Kit (၇၈၀)ခု၊ PPE (၈၁၅၀)စုံ၊ နှင့်နှာခေါင်းစီး (Mask)(၇၀)တန် တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ(၂၀)ခုမှ ယာဉ်စီးရေ(၃၇)စီးဖြင့် တင်သွင်း လာခြင်းဖြစ်ပါသည်။

 

သြဂုတ်လအတွင်း ယာဉ်စီးရေ(၈၇၂)စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် (၇၉၈)တန်၊အောက်ဆီဂျင်(အရည်)အိုးဖြင့်(၁၈၉)တန်၊အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့်(၇၂)တန်၊ အောက်ဆီဂျင် (အရည်) Storage Container (၈) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၆)ခု၊အောက်ဆီဂျင်(အိုးခွံ) (၁၀၆၉၀၅)ခု၊ Oxygen Plant(၂၂)ခု၊ ဆေးရုံးသုံး အောက်ဆီဂျင် ဖြည့်စက်(၂)ခု၊ အောက်ဆီဂျင်(Generator) (၁၀)ခု၊ အိမ်သုံးအောက်ဆီဂျင်စက်(Oxygen Concentrator) (၇၃၉၀၄)ခု၊ Test Kit (၁၅၁၀၄၈)ခု၊ PPE (၄၉၆၆၆၂)စုံ၊ လက်အိတ် (၈၂)တန်နှင့် နှာခေါင်းစီး (Mask) (၁၁၀၅) တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။

 

၂၀၂၁ ခုနှစ် ဇူလိုင်လ(၁) ရက်နေ့မှ သြဂုတ်လ () ရက်နေ့အထိ ပြည်ပမှ တင်သွင်း လာသည့် အောက်ဆီဂျင်အရည်(Bowser) ယာဉ် စုစုပေါင်း (၇၉) စီးမှာ ရန်ကုန်မြို့သို့ (၆၁) စီး ၊ မန္တလေးမြို့သို့ (၁၁)စီး ၊ မော်လမြိုင်မြို့သို့ (၄)စီး ၊ ပဲခူးမြို့သို့ (၂)စီး ၊ သထုံမြို့သို့ (၁)စီး ဖြစ်ကြောင်း သိရှိရပါသည်။ Oxygen Plant စုစုပေါင်း (၃၀) ခုမှာလားရှိုးမြို့သို့ (၅) ခု ၊ ရန်ကုန်မြို့သို့ (၄ ) ခု၊ ပဲခူးမြို့သို့ (၄) ခု ၊ မန္တလေးမြို့သို့(၃)ခု၊ ပခုက္ကူမြို့သို့ (၂) ခု ၊ ဘားအံမြို့သို့ (၂)ခု၊ မော်လမြိုင်မြို့သို့ (၂)ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ ကျောက်ပန်းတောင်းမြို့နှင့် မိုးကောင်းမြို့များသို့ (၁) ခုစီ ဖြစ်ကြောင်း သိရှိရပါသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိပါကြောင်း နှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့်ဆက်စပ်သည့်  အသိပေးကြေညာချက်များကိုလည်း အများပြည်သူများသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေးစီစဉ် ဆောင်ရွက် ပေးထားပါကြောင်း သိရှိရပါသည်။

နောက်ဆုံးရသတင်းများ

Pages