ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း၏ ဘူမိဗေဒနှင့် မြေမျက်နှာ သွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက်နှင့် ပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ အကဲဖြတ်မှု လုပ်ငန်းအစီရင်ခံစာ ရှင်းလင်းဆွေးနွေးခြင်း

Fri, 04/05/2024 - 09:54 -- mocadmin

   ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းဆိုင်ရာ ဘူမိဗေဒနှင့် မြေမျက်နှာ သွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက်နှင့် ပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ အကဲဖြတ်မှု  Preliminary Geographical and Topographical  Survey (PGTS) &  Environmental Impact Assessment (EIA) များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည့်အစီအစဉ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့သည်။

   ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအကောင်အထည်ဖော်ရေး အတွက် ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက် လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ အဆိုပါလုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများက လိုအပ်သည်များ ဆန်းစစ်အကြံပြုရေးနှင့် ပတ်သက်၍လည်းကောင်း၊ အထူးစီးပွား ရေးဇုန် ဆက်လက်အကောင်အထည်ဖော်ရာတွင်   ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမ ဆန်းစစ်ချက်များအပေါ် အခြေခံ၍စီမံကိန်း ဒီဇိုင်းရေးဆွဲခြင်းအပါအဝင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ဆွေးနွေးမှာကြားပါ သည်။

   ထို့နောက် ဆန်းစစ်ချက်များ ဆောင်ရွက်ခဲ့သည့် CCCC-FHDI Engineering Company နှင့် Myanmar Survey Research (MSR) ကုမဏီတို့က လုပ်ငန်းဆောင်ရွက်မှု အခြေနေများကို ရှင်းလင်း တင်ပြကြပြီး တက်ရောက်သူများက အပြန်အလှန် ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

   အစည်းအဝေးသို့ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌ ဦးကျော်ရွှေ ထွန်းနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် CITIC ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အစည်းအဝေးကို  မွန်းတည့် ၁၂ နာရီအချိန် တွင် ရုပ်သိမ်းခဲ့သည်။

နောက်ဆုံးရသတင်းများ

Pages