စီမံ/လှုပ်ရှားမှုများ
ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ မော်တော်ယာဉ်ဌာနရုံးခန်းတွင် ဝန်ထမ်းများနေရာချထားခြင်း စားပွဲ၊ထိုင်ခုံနှင့်ရုံးအသုံးအဆောင်ပစ္စည်းများနေရာချထားခြင်း၊ ဝန်ထမ်းကြို/ပို့ ယာဉ်ကြီးများ၊ အုပ်ချုပ်မှုယာဉ်များ နေရာချထားခြင်းနှင့် ယာဉ်ကြံ့ခိုင်မှုဆောင်ရွက်ထားခြင်း၊ အဝီစိတွင်းရေရရှိမှု နှင့် ရေသိုလှောင်ထိန်းသိမ်းထားရှိခြင်း၊ ကားရေဆေးခုံ၊ Compresser pump တပ်ဆင်ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် လျှပ်စစ်မီး ရရှိရေးဆောင်ရွက်ထားရှိခြင်းတို့ကို စီမံရေးရာဌာနခွဲ ညွှန်ကြားရေးမှူးဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးများနှင့်အတူ လိုက်လံစစ်ဆေး ခဲ့ပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေးနှင့် လိုအပ်ချက်များကို စစ်ဆေးကြပ်မတ်ခဲ့ရာ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ ဝတ်ရွတ်နေစဉ်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ ဝါတွင်းကာလ ဥပုသ်နေ့ ဝတ်ရွတ်ပူဇော်ခြင်းကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့၊ ၁၃၇၄ ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၈ ရက် (သောကြာနေ့)တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စုပေါင်းခန်းမတွင် ရွတ်ဖတ်ပူဇော်ခဲ့ပြီး၊ ဝတ်ရွတ်သူများနှင့် ဝန်ထမ်းများအား ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန စီမံရေးနှင့်လေ့ကျင့်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းအိ မိသားစုမှ ရခိုင်မုန့်တီဖြင့် တည့်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။
ဇူလိုင် ၁၂ နေပြည်တော်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြာသပတေးနေ့စကားဝိုင်းကို (၁၂-၇-၂၀၁၂) ရက်နေ့ နံနက် ၉ နာရီတွင် ရုံးအမှတ် (၃) နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ရုံးအဖွဲ့မှူးနှင့် ညွှန်ကြားရေးမှူးများ၊ အရာထမ်းများ တက်ရောက်ကြပါသည်။
ဆွေးနွေးပွဲတွင် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မင်းသိုက်မှ Going Forward: the GMS Strategic ခေါင်းစဉ်ဖြင့် (1992-2012) last two decades GMS လှုပ်ရှားမှု၊ (2012-2022) for next decades အတွက်ဆောင်ရွက်ရန်များ၊ မဟာ ဗျူဟာယုံကြည်မှု (၅) ရပ်ဖြင့် စတင်အကောင်အထည်ဖော်ပုံ စသည့် အကြောင်းအရာများဖြင့် ဆွေးနွေးခဲ့ပါသည်။
၎င်းနောက် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဖြည့်စွက်ရှင်းလင်းပြောကြားပြီး နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်ပြောကြားကာ ဆွေးနွေးပွဲကို ၁၀း၃၀ ချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။