ပညာပေး/လှုပ်ရှားမှုများ
၁။ မြန်မာ့သစ်လုပ်ငန်းနှင့်ဖက်စပ်ဆောင်ရွက်နေသော ကုမ္ပဏီများအနေဖြင့်အောက်ပါ ထောက်ခံ ချက်များ ပူးတွဲတင်ပြရမည် ဖြစ်ပါသည် - (က) ကုမ္ပဏီ Letter Head ဖြင့် ထုတ်ကုန်လိုင်စင်လျှောက်ထားခြင်း။ (ခ ) Online Application Form ။ ၆၀၀ ကျပ်တန် တံဆိပ်ခေါင်းကပ်ပြီး လျှောက်လွှာ။ (ဂ ) သစ်တောရေးရာဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာန၏ သစ်ရောင်းချမှုနှင့် ဈေးနှုန်းမှန်ကန်ကြောင်း ထောက်ခံချက်။ (ဃ) အထက်ပါ ထောက်ခံချက်အား ထောက်ခံပေးထားသည့် စာချုပ်(သို့မဟုတ်) DO, Memo ။ (င ) သစ်လုပ်ငန်းနှင့်အကျိုးတူချုပ်ဆိုထားသော စာချုပ် ။ (စ ) ပြည်ပကုမ္ပဏီနှင့်ချုပ်ဆိုထားသော အရောင်းအဝယ်စာချုပ် (Sale Contract/Invoice) ။ (ဆ) လျှောက်ထားသည့်ကုမ္ပဏီ၏ ကိုယ်စားလှယ်ကဒ် မူရင်း/မိတ္တူ။ (ဇ ) သင်္ဘောတင်ပြီးစီးမှုကို ဌာနသို့ အထောက်အထားဖြင့် တင်ပြရန်။ ၂။ ပုဂ္ဂလိကဖြင့်ဆောင်ရွက်နေသော ကုမ္ပဏီများအနေဖြင့် အောက်ပါ ထောက်ခံချက်များ ပူူးတွဲ တင်ပြရမည်ဖြစ်ပါသည် - (က) ကုမ္ပဏီ Letter Head ဖြင့် ပို့ကုန်လိုင်စင်လျှောက်လွှာ။ (ခ ) Online Application Form ။ ၆၀၀ ကျပ်တန် တံဆိပ်ခေါင်းကပ်ပြီး လျှောက်လွှာ။ (ဂ ) ပြည်ပပို့ သစ်တောထွက်ပစ္စည်းများ စိစစ်ထောက်ခံရေးကော်မတီ(ပထစ) ထောက်ခံချက်။ (ဃ) မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းမှ ဈေးနှုန်းထောက်ခံချက်။ (င ) အထက်ပါထောက်ခံချက်အား ထောက်ခံပေးထားသည့် စာချုပ်(သို့မဟုတ်) Bill ။ (စ ) သစ်ခွဲသားဖြစ်ပါက ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာန စစ်ဆေးရေးဌာနခွဲ၏ ဈေးနှုန်း ထောက်ခံချက်။ (ဆ) ပြည်ပကုမ္ပဏီနှင့်ချုပ်ဆိုထားသော အရောင်းအဝယ်စာချုပ်(Sale Contract/Invoice)။ (ဇ ) လျှောက်ထားသည့်ကုမ္ပဏီ၏ ကိုယ်စားလှယ်ကဒ် မူရင်း/မိတ္တူ။ (ဈ) သင်္ဘောတင်ပြီးစီးမှုကို ဌာနသို့ အထောက်အထားဖြင့် တင်ပြရန်။ ၃။ ရာဘာသစ်လိုင်စင် လျှောက်ထားပါက အောက်ပါ ထောက်ခံချက်များ ပူးတွဲတင်ပြရမည် ဖြစ်ပါသည်- (က) ကုမ္ပဏီ Letter Head ဖြင့် ထုတ်ကုန်လိုင်စင်လျှောက်ထားခြင်း။ (ခ ) Online Application Form ။ ၆၀၀ ကျပ်တန် တံဆိပ်ခေါင်းကပ်ပြီး လျှောက်လွှာ။ (ဂ ) လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းမှ နှစ်ရှည်ပင်၏ သုတေသနနှင့် စက်ရုံများ ဌာနခွဲ၏ ထောက်ခံချက်။ (ဃ) မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းမှ ဈေးနှုန်းထောက်ခံချက်။ (င ) ပြည်ပကုမ္ပဏီနှင့်ချုပ်ဆိုထားသောအရောင်းအဝယ်စာချုပ်(Sale Contract/Invoice) ။ (စ ) လျှောက်ထားသည့်ကုမ္ပဏီ၏ ကိုယ်စားလှယ်ကဒ် မူရင်း/မိတ္တူ။ (ဆ) သင်္ဘောတင်ပြီးစီးမှုကို ဌာနသို့ အထောက်အထားဖြင့် တင်ပြရန်။ ပို့ကုန်လုပ်ငန်းဌာနခွဲ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
(က) ကုမ္ပဏီ Letter Head ဖြင့် ပို့ကုန်လိုင်စင်လျှောက်လွှာမူရင်း။ (ခ ) Online Application Form ။ ၆၀၀ ကျပ်တန် တံဆိပ်ခေါင်းကပ်ပြီး လျှောက်လွှာ။ (ဂ ) ပြည်ပ Buyer နှင့် အမှန်တကယ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း (Sale Contract) ပါ လုပ်ငန်းရှင်များ အမှန်တကယ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းအတိုင်း ပို့ကုန် လိုင်စင် လျှောက်ထားရန်။ (ဃ) ငါးလုပ်ငန်းဦးစီးဌာနမှ FIQC တံဆိပ်ပါသည့် Sale Contract မူရင်းနှင့်ဈေးနှုန်းမူရင်း။ (င ) တင်ပို့လိုသည့် ၁၀ နိုင်ငံ ဖော်ပြလျှောက်ထားနိုင်သည်။ (စ ) လျှောက်ထားသည့်ကုမ္ပဏီ၏ ကိုယ်စားလှယ်ကဒ်မူရင်း/မိတ္တူ။ (ဆ) Fish Meal ငါးမှုံ့နှင့် Prawn Shell ပုဇွန်ခွံမှုံ့ လျှောက်ထားမှုအတွက် မွေးမြူရေးနှင့်ကုသရေးညွှန်ကြားမှုဦးစီးဌာနမှ ထောက်ခံချက်။ (ဇ ) သင်္ဘောတင်ပြီးစီးမှုကို ဌာနသို့ အထောက်အထားဖြင့် တင်ပြရန်။
“နွေမိန်တပေါင်း ၊ နေရှိန်လောင်း ၊ ရွက်ဟောင်းကြွေကျ မြေခခဲ့ပြီလေ” နွေဟု ဆိုလျှင် ပူးပြင်းသော ကာလဟု သိကြသည်။ သည်အချိန်က ကျေးလက်နေ ပြည်သူတို့ လယ်ယာလုပ်ငန်းပြီးဆုံးချိန်မို့ အနားယူ အပန်းဖြေသော ကာလဟုလည်း ဆိုနိုင်သည်။ သည်အချိန်ဆိုလျှင် ကျေးလက်တောရွာများY ရှင်ပြုနားသ အလှူတော် မင်္ဂလာပွဲ ၊ ဘုရားပွဲ ၊ သြင်္ကန်ပွဲတော်တို့ဖြင့် အလှူရေစက်လက်နှင့်မကွာရှိနေသော အချိန်အခါပင် ဖြစ်ပေသည်။ သည်အချိန်အခါသမယတွင်တော့ နွေ၏ အပူဒဏ်ကို ကြံ့ကြံ့ခံကာ သရက်ပင်မျိုးတို့သည် အရွက်များ နီတျာ ရဲရဲဖြင့် လောကကြီးကိုအလှဆင်ကာ ငွါးငွါးစွင့်စွင့် ကြွားကြွားဝင့်ဝင့်ပေါ်ထွက်လာခဲ့လေပြီ။ သည်ကာလ အခါသမယတွင်တော့ ရွက်စိမ်းနုနု သရက်ပင်တို့၏ အောက်Y ထုံအီ သင်းပျံ့သော ရနံ့တို့ကို ရှုရှိုက်ရင်း နားခိုရ သည်မှာ ဘဝင်ချမ်းမြေ့ ရင်ကို ရွှင်လန်းအေးမြ စေလှပါသည်။ စိမ်းဖန့်ဖန့်ဖြင့် တွဲခိုကာ ပင်လုံးကြွတ်မျှ သီးနေသော သရက်သီးတို့က ပန်ချီကားချပ်သဖွယ် လှပနေသည်မှာ နွေရာသီ၏ အလှကို ထပ်မံဖြည့်စွက် နေသလိုပင် ။ မြန်မာနိုင်ငံတွင် သရက်ပင်မရှိသောမြို့ရွာဟူIမရှိသလောက် တွေ့ရှိရသဖြင့် ဒေသမရွေး စိုက်ပျိုးနိုင်သည် ဟု ဆိုရပေမည်။ ဒေသ မျိုးရင်း သရက်များအဖြစ် မချစ်စု ၊ ရင်ကွဲ ၊ သုံးလုံးတစ်တောင် ၊ စိမ်းစားသရက် စသည်တို့ရှိသလို နိုင်ငံခြားမျိုး စိန်တလုံး ၊ မြကျောက် ၊ ရွှေင်္ဟသာ စသည်တို့ကို ယခုအခါ အများအပြား စိုက်ပျိုး လာကြပြီး ပို့ကုန် ပစ္စည်းအဖြစ် တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက် နေကြသည်။ သရက်သီးမှာ ရွှေဝါရောင်ရှိပြီး မွှေးမြချိုအီကာ ချိုမြိန်သော အရသာရှိပြီး ဖိုင်ဘာခေါ် အမျှင်ဓါတ်များစွာ ကြွယ်ဝပါသောကြောင့် ကင်ဆာရောဂါကို ထိရောက်စွာ ကာကွယ်နိုင်သည်ဟု သိရပါသည်။ သရက်သီးကင်းနု ကလေးများကို မြန်မာတို့က ငါးပိရေ တို့စရာအဖြစ် ပဲဟင်း နှင့် တွဲဘက်စားသုံးပါက လွန်စွာလိုက်ဖက်ညီI စားကောင်း ထမင်းမြိန်လှပါသည်။ သရက်သီး ဝမ်းပျင်များကိုတော့ အလုံးလိုက်လည်းကောင်း ၊ သုတ်စားIလည်းကောင်း စားသုံးနိုင်ပါသည်။ ၎င်းအပြင် သရက်သီး အစိမ်းများကို သရက်သီး အခြောက်လှန်းကာ သရက်သီးသနှပ်အဖြစ် လည်းကောင်း ၊ ဆားရည်စိမ်Iလည်း သရက်ချဉ် ပြုလုပ်ကာ တစ်နှစ်ပတ်လုံး စားသုံးနိုင်ရန် ပြုလုပ်ထားနိုင်လေသည်။ သရက်သီးအမှည့်များကိုတော့ သရက်ပြားအဖြစ်ပြုလုပ်ပြီး ပို့ကုန်အမယ် တစ်မျိုးအဖြစ် တင်ပို့နေသည်ဟု သိရှိရသည်။ သရက်သီးကိုတော့ဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု သြင်္ကန်ကာလတွင် ဖရောင်းနံ့သင်းသင်း သြင်္ကန်ထမင်းနဲ့ သရက်သီးသုပ် တို့မှာ တွဲဘက်ညီကာ စွဲမက်စရာ မြန်မာ့ဓလေ့ စားစာရာ တစ်ခုပင် ဖြစ်ပါသည်။ ယခုအခါ မြန်မာ့သရက်သီး တင်ပို့မှုနှင့် ထုတ်လုပ်မှုနည်းပညာများကို နိုင်ငံတကာမှ အကူအညီပေးလာပြီး ဈေးကွက်ဝယ်လိုအား တောင်းဆိုမှုရှိလာသည်ဟု သိရှိရပါသည်။ မြန်မာ့သရက်သီးများကို နယ်စပ်ဒေသမှ တရုတ် နိုင်ငံသို့ အများဆုံးတင်ပို့သည်ကို တွေ့ရှိရသည်။ သရက်သီး တင်ပို့မှုအနေဖြင့် ၂၀၁၁ - ၂၀၁၂ ခုနှစ်တွင် ပင်လယ်ရေကြောင်းမှ ၃၀၄.၅ TNE ၊ တန်ဘိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၇၂၉၇.၅၀ နှင့် နယ်စပ်ကုန်သွယ်ရေးမှ ၃၉၈၉၅.၆ TNE ၊ အမေရိကန်ဒေါ်လာ ၁၃၄၅၀၅၄၉.၆၂ တန်ဘိုး တင်ပို့နိုင်ခဲ့ပြီး တင်ပို့သည့် နိုင်ငံများမှာ စင်ကာပူနိုင်ငံ ၊ အန္ဒိယနိုင်ငံ ၊ တရုတ်နိုင်ငံ နှင့် ဘင်္ဂလားဒေ်ရှ် နိုင်ငံတို့ဖြစ်ပါသည်။ ရွှေရောင်တဝင်းဝင်း အဆင်းရှိသော မြန်မာ့သရက်သီးတို့က ဧပြီ ၊ မေလ များတွင် လှိုင်လှိုင်ပေါ်ပြီ ဖြစ်ပါသည်။ အသားမှာ ဝက် ၊ အသီးမှာ သရက် ဆိုသကဲ့သို့အနံ့အရသာနှင့် ပြီးပြည့်စုံသော အရက်သီးတို့က များမကြာမီ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ကာ မြန်မာ့သရက်ကို မြှင့်တင်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများနှင့် ပြည်ပဝင်ငွေအား တစ်ဖက်တစ်လမ်း ကြိုးပမ်းရှာဖွေဖော်ထုတ်ပေးတော့မည် ဖြစ်ကြောင်း သတင်းဆောင်းပါး တင်ပြလိုက်ပါသည်။ မြင့်မြင့်အေး ( ပို့ကုန် )
၁။ ပဲမျိုးစုံ ပို့ကုန်လိုင်စင်အားလုံးအတွက် ကုမ္ပဏီများအနေဖြင့် အောက်ပါအချက်များ ပူးတွဲတင်ပြရ ပါမည်။
(က) ကုမ္ပဏီ Letter Head ဖြင့် ပို့ကုန်လိုင်စင်လျှောက်လွှာ။
( ခ) Online Application Form ။ ၆၀၀ ကျပ်တန် တံဆိပ်ခေါင်းကပ်ပြီး လျှောက်လွှာ။
( ဂ) ပြည်ပ ကုမ္ပဏီနှင့် ချုပ်ဆိုထားသော အရောင်းအဝယ်စာချုပ် (Sale Contract/Invoice) ၊ (ကုန်ပို့နိုင်ငံတစ်နိုင်ငံ ၊ ဆိပ်ကမ်း (၁) ခုသာ ဖော်ပြရန်) အရောင်းအဝယ်စာချုပ်တွင် ပါဝင် ရမည့် အချက်များ ပြည့်စုံစွာဖော်ပြရန်)
(ဃ) လျှောက်ထားသည့် ကုမ္ပဏီ၏ ကိုယ်စားလှယ်ကဒ် မူရင်း/ မိတ္တူ ။
( င) သင်္ဘောတင်ပြီးစီးမှုကို ဌာနသို့ အထောက်အထားဖြင့် တင်ပြရန် ။
၂။ အခြားလယ်ယာထွက်ကုန်ပစ္စည်း ပို့ကုန်လိုင်စင်အားလုံးအတွက် ကုမ္ပဏီများအနေဖြင့် အောက်ပါ အချက်များ ပူးတွဲတင်ပြရပါမည် -
(က) ကုမ္ပဏီ Letter Head ဖြင့် ပို့ကုန်လိုင်စင်လျှောက်လွှာ ။
( ခ) Online Application Form ။ ၆၀၀ကျပ်တန် တံဆိပ်ခေါင်းကပ်ပြီး လျှောက်လွှာ။
( ဂ) ပြည်ပ ကုမ္ပဏီနှင့် ချုပ်ဆိုထားသော အရောင်းအဝယ်စာချုပ် (Sale Contract/Invoice) ၊ (ကုန်ပို့နိုင်ငံ (၁) နိုင်ငံ ၊ ဆိပ်ကမ်း (၂) ခု ဖော်ပြပါက ခိုင်လုံသော အထောက်အထားတင်ပြ စေရန်) အရောင်းအဝယ်စာချုပ်တွင် ပါဝင်ရမည့် အချက်များ ပြည့်စုံစွာဖော်ပြရန်)
(ဃ) လျှောက်ထားသည့် ကုမ္ပဏီ၏ ကိုယ်စားလှယ်ကဒ် မူရင်း/ မိတ္တူ ။
( င) သက်ဆိုင်ရာဌာန ထောက်ခံချက်တင်ပြရမည့် ကုန်ပစ္စည်းများ -
(၁) မျိုးစေ့ - မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ထောက်ခံချက်။
(၂) အသီးအနှံများ - လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ထောက်ခံချက်။
(စ) အမယ်သစ်ပို့ကုန်ပစ္စည်းများအတွက် နမူနာပစ္စည်း ၊ ဓါတ်ပုံ ၊ ဈေးနှုန်း တွက်ချက်မှု ၊ ထွက်ရှိသည့် ဒေသ ၊ ပြည်တွင်းဈေး ၊ ကုန်ပစ္စည်းအသုံးပြုပုံ)
(ဆ) သင်္ဘောတင်ပြီးစီးမှုကို ဌာနသို့ အထောက်အထားဖြင့် တင်ပြရန်။
၃။ ရာဘာပို့ကုန်လိုင်စင်အတွက် ကုမ္ပဏီများအနေဖြင့် အောက်ပါ အချက်များ ပူးတွဲတင်ပြရပါမည် -
(က) ကုမ္ပဏီ Letter Head ဖြင့် ထုတ်ကုန်လိုင်စင်လျှောက်လွှာ။
( ခ) Online Application Form ။ ၆၀၀ကျပ်တန် တံဆိပ်ခေါင်းကပ်ပြီး လျှောက်လွှာ။
( ဂ) ပြည်ပကုမ္ပဏီနှင့် ချုပ်ဆိုထားသော အရောင်းအဝယ်စာချုပ် (Sale Contract/Invoice) ၊ (ကုန်ပို့နိုင်ငံတစ်နိုင်ငံ ၊ ဆိပ်ကမ်း (၁) ခုသာဖော်ပြရန်) အရောင်းအဝယ်စာချုပ်တွင်ပါဝင်ရမည့် အချက်များ ပြည့်စုံစွာ ဖော်ပြရန်)
(ဃ) လျှောက်ထားသည့် ကုမ္ပဏီ၏ ကိုယ်စားလှယ်ကဒ် မူရင်း/မိတ္တူ။
( င) သင်္ဘောတင်ပြီးစီးမှုကို ဌာနသို့ အထောက်အထားဖြင့် တင်ပြရန် ။
၄။ ဆန်ပို့ကုန်လိုင်စင်အတွက် အောက်ပါအချက်များ ပူးတွဲတင်ပြရပါမည် -
(က) ကုမ္ပဏီ Letter Head ဖြင့် ထုတ်ကုန်လိုင်စင်လျှောက်လွှာ။
( ခ) Online Application Form ။ ၆၀၀ကျပ်တန် တံဆိပ်ခေါင်းကပ်ပြီး လျှောက်လွှာ။
( ဂ) ပြည်ပကုမ္ပဏီနှင့် ချုပ်ဆိုထားသော အရောင်းအဝယ်စာချုပ် (Sale Contract/Invoice) ၊ (ကုန်ပို့နိုင်ငံတစ်နိုင်ငံ ၊ ဆိပ်ကမ်း (၁) ခုသာဖော်ပြရန်) အရောင်းအဝယ်စာချုပ်တွင်ပါဝင်ရမည့် အချက်များ ပြည့်စုံစွာ ဖော်ပြရန်)
(ဃ) လျှောက်ထားသည့် ကုမ္ပဏီ၏ ကိုယ်စားလှယ်ကဒ် မူရင်း/မိတ္တူ။
( င) သင်္ဘောတင်ပြီးစီးမှုကို ဌာနသို့ အထောက်အထားဖြင့် တင်ပြရန် ။
မြန်မာနိုင်ငံတွင် သဘာဝအလျှောက်ထွက်ရှိသည့် သယံဇာတပစ္စည်းများပေါကြွယ်ဝလှသည့် နိုင်ငံတစ်နိုင်ငံဖြစ် ပါသည်။ သတ္တုနှင့်သတ္တုရိုင်းများ၊ ကျောက်စိမ်းများ၊ အခြားသတ္တုများနှင့် တွင်းထွက်ကျောက်များနှင့်သတ္တုတို့ကို တန်ဖိုး မြှင့်ပြုလုပ်ထားသည့် လက်ဝတ်ရတနာများကိုတင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေများစွာရှာဖွေပေးလျှက်ရှိပါသည်။ တွင်းထွက် များအနက်မှ ကျောက်စိမ်းသည်အများဆုံးထွက်ရှိသည့်ပစ္စည်းဖြစ်ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ မိုးမိတ်၊ မိုးကောင်း မြို့နယ်တို့မှလည်း ထွက်ရှိပါသည်။
ကျောက်စိမ်းကိုလက်ဝတ်ရတနာပြုလုပ်ရာတွင် အသုံးပြုခဲ့ကြသော်လည်း နောက်ပိုင်းတွင် လူအသုံးအဆာင် များပြုလုပ်၍လည်း သုံးစွဲလာကြောင်းတွေ့ရှိရပါသည်။ ကျောက်စိမ်း၏တန်ဖိုးမှာ မနိမ့်လွန်း/မမြင့်လွန်းရှိသည့်အတွက် လူတိုင်းနီးပါးသုံးစွဲနိုင်ပါသည်။ ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံများတွင် မြန်မာနိုင်ငံမှအရည်အသွေးနိမ့်သည့်ကျောက်စိမ်းများ ကို ဆေးများထည့်သွင်း၍အရောင်ပြောင်းကာ အရည်အသွေးမြင့်ကျောက်စိမ်းများနှင့် ရောနှောရောင်းချခြင်းများရှိလာ ကြောင်းနှင့် မြန်မာ့ကျောက်စိမ်းများထွက်ရှိရာအရပ်များ၌ပင် ကျောက်စိမ်းအတုများကို တွေ့ရှိကြောင်းကြားသိရပါသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် နိုဝင်ဘာလအထိတွင် သတ္တုနှင့်သတ္တုရိုင်းများကို စင်္ကာပူ၊ မက္ကဆီကို၊ မလေးရှား၊ ပြင် သစ်၊ တရုတ်၊ သြစတြေးလျနိုင်ငံများသို့ အမေရိကန်ဒေါ်လာ(၅၄)သန်းကျော်၊ ကျောက်စိမ်းကိုတရုတ်နိုင်ငံမှအများဆုံး ဝယ်ယူပြီး ထိုင်း၊ သီရိလင်္ကာ၊ ဂျပန်နှင့် ဟောင်ကောင်နိုင်ငံများသို့ အမေရိကန်ဒေါ်လာ(၉)သန်းကျော်၊ လက်ဝတ်ရတ နာများကို တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ ကူဝိတ်၊ ထိုင်းနိုင်ငံများသို့ အမေရိကန်ဒေါ်လာ(၂)သန်းကျော်နှင့် အခြား သတ္တုများကို စင်္ကာပူ၊ မက္ကဆီကို၊ မလေးရှား၊ အင်ဒိုနီးရှား၊ ပြင်သစ်၊ တရုတ်၊ သြစတြေးလျနိုင်ငံများသို့ အမေရိကန်ဒေါ် လာ(၂)သိန်းကျော်ဖိုး တင်ပို့ခဲ့ပြီးဖြစ်သည့်အတွက် သတ္တုနှင့်တွင်းထွက်ပစ္စည်းများတင်ပို့မှုမှ စုစုပေါင်းအမေရိကန်ဒေါ် လာ(၆၆)သန်းကျော် နိုင်ငံခြားငွေရှာဖွေခဲ့ပြီးဖြစ်ပါတယ်။
သတ္တုတွင်းဝန်ကြီးဌာနမှလည်း မန္တလေးမြို့တွင် ကျောက်စိမ်းဖွံ့ဖြိုးသောဒေသကြီးတစ်ခုဖြစ်လာရေးအတွက် နိုင်ငံတကာအဆင့်မီကျောက်စိမ်းဈေးကြီး တည်ဆောက်သွားမည်ဖြစ်ပြီး ယခုအချိန်တွင်လည်းနေပြည်တော်တွင် ကျောက်မျက်ရောင်းချပွဲများ ကျင်းပလျှက်ရှိနေသဖြင့် မြန်မာ့သဘာဝတွင်းထွက်သယံဇာတများမှ နိုင်ငံခြားငွေများပိုမို ရှာဖွေပေးနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်…….
NNL(ပို့ကုန်)