ပညာပေး/လှုပ်ရှားမှုများ

လုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်သွင်းကုန်လိုင်စင်များ လျှောက်ထားရာတွင် သာမန်အားဖြင့် ဈေး နှုန်းကမ်းလှမ်းချက်ဖြင့် (Offer) သို့မဟုတ် Performa Invoice များတင်ပြ၍ လျှောက်ထားရန်သတ်မှတ်ထား ပြီး လိုင်စင်ခွင့်ပြုချက်ရရှိမှသာ တစ်ဖက်ဝယ်သူရောင်းသူနှင့် အတည်ပြုစာချုုပ်ချုပ်ဆိုရန်ဖြစ်ပါသည်။ အကယ် ၍ အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီးမှ ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားပါက ယင်းစာချုပ်တွင် အောက်ပါ စာသားများထည့်သွင်းချုပ်ဆိုရန်ဖြစ်ပါသည်။

(က) This Agreement/Contract is Subject to the receipt of Export/Import License from the Directorate of Trade, Ministry of Commerce

(ခ) This Agreement/Contract Shall be governed by the Laws of the Government of the Union of Myanmar

အရောင်းအဝယ်စာချု့ပ်များတွင် ပြည့်စုံစွာဖော်ပြပါရှိရမည့်အချက်များ

(က) ကုန်ရောင်းသူ။ (ကုမ္ပဏီအမည် လိပ်စာအပြည့်အစုံ)

(ခ) ကုန်ဝယ်သူ။ (ကုမ္ပဏီအမည် လိပ်စာအပြည့်အစုံ)

(ဂ) ကုန်ပစ္စည်းအမျိုးအမည်။

(ဃ) ကုန်ပစ္စည်းအမှတ်တံဆိပ်၊ အတန်းအစား၊ အရည်အသွေး၊ စံချိန်စံညွှန်း။

(င) အရေအတွက်။

(စ) ဈေးနှုန်း။ (Incoterm ဖော်ပြရန်)

(ဆ) တန်ဖိုး။ (Incoterm ဖော်ပြရန်)

(ဇ) ကုန်ပစ္စည်းတင်ပို့မည့်ကာလ။

(ဈ) ကုန်ပစ္စည်းတင်ပို့မည့်နေရာ။

(ည) ကုန်ချဆိပ်ကမ်း။

(ဋ) ထုတ်ပိုးပုံ။

(ဌ) သင်္ဘောတင်အမှတ်အသား။

(ဍ) ငွေပေးချေပုံစနစ်။

(ဎ) ကုန်ပစ္စည်းစစ်ဆေးခြင်း။

(ဏ) ကုန်ပစ္စည်းပိုင်ဆိုင်မှုလွှဲပြောင်းခြင်း။

(တ) မလွန်ဆန်နိုင်သည့်အကြောင်းကြောင်းကြောင့် ဖြစ်ပေါ်ဆုံးရှုံးမှု။

(ထ) အငြင်းပွားမှုဖြေရှင်းခြင်း။

(ဒ) အထွေထွေ။

(က) ကုန်ဝယ်သူအမည်၊ လိပ်စာ။ (ခ) အမျိုးအမည်၊ အတန်းအစား၊ အရည်အသွေး၊ စံချိန်စံညွှန်း၊ မိုဒယ်၊ အရေအတွက်နှင့် ထုတ်ပိုးမှု စနစ်၊ အထုတ်အပိုးပေါ်တွင်ရိုက်နှိပ်ထားသော ကုန်အမှတ်အသား(ရေတွက်ပုံ Kg, MT, Nose, MTR, Ltr စသည်ဖြင့် ကုန်ပစ္စည်း၏သဘာဝအရ ရေတွက်ပုံစနစ်များကို တိကျစွာဖော် ပြရန်နှင့် ယင်းကုန်ပစ္စည်းများကို ထည့်သွင်းထုတ်ပိုးမှုစနစ်ကို တိကျစွာဖော်ပြရန်ဖြစ်ပါသည်။) (ဂ) တန်ဖိုး၊ တန်ဖိုးစုစုပေါင်း။ (ဃ) ကုန်တင်ဆိပ်ကမ်းနှင့် ကုန်ချဆိပ်ကမ်း။ (င) ပင်ရင်းနိုင်ငံ။ (စ) သယ်ယူပို့ဆောင်မှုနည်းလမ်း။ (ဆ) တာဝန်ရှိလက်မှတ်ထိုးပိုင်ခွင့်ရှိသူ။ (ဇ) ကုန်ရောင်းသူ၏ဘဏ်။ (ဈ) သင်္ဘောတင်ကာလ။

မြန်မာနိုင်ငံမှထွက်ရှိသောပုရစ်(၅)တန်အား တစ်တန်လျှင်အမေရိကန်ဒေါ်လာ(၉၀၀)ဈေးနှုန်းဖြင့် စင်င်္ကာပူနိုင်ငံ သို့တင်ပို့ရန်အတွက် ကုမ္ပဏီတစ်ခုမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနသို့ ပို့ကုန်လိုင်စင်လာရောက်လျှောက်ထားထုတ်ယူသွားခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါကုမ္ပဏီအနေနဲ့မန္တလေး မြို့မှထွက်ရှိသော ပုရစ်များအားစုဆောင်ဝယ်ယူပြီး ပလပ်စတစ်အိတ်ဖြင့်ပုရစ်တစ်ထပ်၊ ရေခဲတစ်ထပ်ဖြင့်ရန်ကုန်မြို့သို့ သယ်ယူပြီး ရန်ကုန်မြို့ရတနာသိင်္ဂီအအေးခန်းစက်ရုံတွင် စင်္ကာပူနိုင်ငံမှနည်းပညာရှင်၏ နည်းပညာအကူအညီဖြင့် အူ ချောင်းထုတ်ခြင်းဝ ခြေထောက်ဖြတ်ခြင်းတို့အား ဆောင်ရွက်ပြီး ငါးများအအေးခဲသလိုမျိုးအေးခဲစေ၍ အေးခဲသောပုရစ် အဖြစ် ကုန်ချောထုတ်လုပ်ဆောင်ရွက်ပြီး တင်ပို့မှာဖြစ်ကြောင်းသိရှိရပါတယ်။ အဆိုပါအေးခဲထားသောပုရစ် (Frozen Cricket) များတွင်ကူးစက်ရာဂါကင်းရှင်းကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရဲ့ ဓါတ်ခွဲခန်းစစ်ဆေးချက်နှင့်အတူ ပို့ကုန်လိုင်စင်လျှောက်ထားခဲ့ကြောင်းသိရှိရပါတယ်။ တစ်ကီလိုဂရမ်လျှင် မြန်မာပုရစ်အကောင်ရေ(၁၈၀) မှ (၂၀၀) အ ကြားအလေးချိန်ရှိကြောင်းလည်း သိရှိရပါတယ်။ ဈေးကွက်တွင်ရောင်းတန်းဝင်သွားပါက ပုရစ်ထွက်သည့်ရာသီချိန်တွင် ကျေးလက်နေပြည်သူများအတွက် ဝင်ငွေတိုးပွားစေနိုင်ပြီး နိုင်ငံအတွက် ပြည်ပဝင်ငွေကိုတိုးမြှင့်ရှာဖွေပေးနိုင်မှာဖြစ် ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်…………

Export Mg Mg Lwin

ကုမ္ပဏီတစ်ခုမှနေ၍ မြန်မာနိုင်ငံမှထွက်ရှိသော အုန်းသီးများအား အခွံချွတ်၍ စင်္ကာပူနိုင်ငံသို့တင်ပို့ရန်အတွက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ(၃၂၀)နှုန်းဖြင့် (၁၀)တန်တင်ပို့ရန်အတွက် ပို့ကုန်လိုင်စင်လျှောက်ထားခဲ့ကြောင်း သိ ရှိရပါတယ်။ စင်္ကာပူနိုင်ငံမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းပွဲတော်ရက်အတွင်း အသုံးပြုရန်အတွက် တင်ပို့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ အမယ်သစ်ပို့ကုန်ပစ္စည်းတစ်ခုအနေနဲ့ စတင်တင်ပို့ခြင်းဖြစ်ကြောင်းနဲ့ မြန်မာ့အုန်းသီးတင်ပို့မှုမှနေ၍ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်တော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျား………..

Export Mg Mg Lwin

Pages

Subscribe to ပညာပေး/လှုပ်ရှားမှုများ