ပညာပေး/လှုပ်ရှားမှုများ

စင်္ကာပူနိုင်ငံသို့ ခြေဆန့်တော့မည့် မြန်မာ့ဖရဲသီး အာဖရိကတိုက်တွင် စတင်စိုက်ပျိုးခဲ့သည်ဟု ယူဆကြသည့် ဖရဲသီးကို ယခုအခါ ကမ္ဘာတစ်ဝှမ်း စိုက်ပျိုး လာပြီ ဖြစ်ပါသည်။ ဖရဲသီးအား အစိတ်လေးများ စိပ် ၍လည်းကောင်း၊ ဖရဲသီးဖျော်ရည် အဖြစ်လည်းကောင်း၊ ဝိုင်အဖြစ်လည်း ကောင်း စားသုံးလျက်ရှိကြပါသည်။ ဖရဲသီးတွင် ရေဓါတ် ၉၂ % ပါဝင်ခြင်းကြောင့် အထူးသဖြင့် ပူအိုက်သည့် နွေရာသီ တွင် ဖရဲသီးအား စားသုံးခြင်းဖြင့် ရေငတ်ပြေစေနိုင်ပြီး စိတ်လန်းဆန်းမှုကို ဖြစ်စေနိုင်ပါသည်။ ဖရဲသီးတွင် ဘီတာမင်နှင့် သတ္တုဓါတ်များပါဝင်၍ ကျန်းမာရေးအတွက် ကောင်းမွန်စေသည့် အသီးဖြစ်ပါသည်။ ထို့အပြင် ကယ်လိုရီပါဝင်မှုနည်းပါး ၍အဆီဓါတ်ပါဝင်မှုမရှိခြင်း၊ အမျှင်ဓါတ်၊ ဘီတာမင်အေနှင့်စီ ပါဝင်မှုမြင့်မား၍ ကိုယ်အလေးချိန်လျှော့ချလိုသူများအတွက် သင့်တော်ကောင်းမွန်သည့်အသီး အဖြစ်လက်ခံထားကြပါသည်။ ဖရဲသီးတွင် ပိုတက်စီယမ်ပါဝင်မှု ကြွယ်ဝခြင်း ကြောင့်သွေးတိုးခြင်းနှင့် ကျောက်ကပ်တွင် ကျောက်တည်မှု အား ချေဖျက်ပေးနိုင်သည့် အစွမ်းသတ္တိရှိကြောင်း လေ့လာ တွေ့ရှိရပါသည်။ အဆိုပါ အစွမ်းသတ္တိများအပြင် လူခန္ဓာကိုယ်အသားအရေ အတွက် သဘာဝတိုနာ (Toner) အဖြစ် လည်းကောင်း၊ အစိုဓါတ်ထိန်းသိမ်းပေးသည့် Moisturizer အဖြစ်လည်းကောင်း အသုံးပြုနိုင်ကြောင်း တွေ့ရှိရပါသည်။ ဤကဲ့သို့ အမျိုးမျိုးအဖုံဖုံအသုံးဝင်သည့် ဖရဲသီးကို ယခင်က မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချနေရာမှ ယခုအခါ ဝယ်လိုအား နည်းပါး လာခြင်းကြောင့် ဈေးကွက်ချဲ့ထွင်သည့် အနေဖြင့် ကုမ္ပဏီ တစ်ခုသည် စင်္ကာပူနိုင်ငံသို့ တင်ပို့ရန် ကုန်သွယ်ရေးညွန်ကြားမှုဦးစီးဌာနတွင် ပို့ကုန်လိုင်စင် လာရောက်လျှောက် ထားပြီး ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါဖရဲသီးများအား ကဒ်ထူစက္ကူပုံးများဖြင့် ထုပ်ပိုးပြီး စင်္ကာပူနိုင်ငံသို့တင်ပို့သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ မြန်မာ့သစ်သီးဝလံများ စင်္ကာပူနိုင်ငံသို့ ခြေဆန့်လျက်ရှိနေသည့် ယ္ခုအချိန်တွင် မြန်မာ့ဖရဲသီး ကလည်း ဈေးကွက်ချဲ့ထွင်သည့်အနေဖြင့် စင်္ကာပူနိုင်ငံသို့ သွားရောက်တော့မည့်အကြောင်းသိရှိနိုင်ရန် သတင်းကောင်း ပါးလိုက်ရပါသည်။ စန္ဒာထွန်း (ပို့ကုန်)

မြန်မာ့ လက်ရာများအတွက်ပို့ကုန်ဈေးကွက်သစ်ရှာဖွေရေး

မြန်မာ့သစ် အချောထည်များကို တင်ပို့လျှက်ရှိသည့် ရွှေကြယ် ကုမ်ပဏီသည် အယ်ဗားရှား (ALBASIA LVL – Laminated Veneer Length) သစ်များကို ပြည်ပနိုင်ငံများမှ (မလေးရှား၊ ထိုင်း) တင်သွင်း ပြီး ဂျပန်ရိုးရာ ဘုရားစင်အစိတ်အပိုင်းများပြုလုပ်ကာ ရှီကိုကု (SHIKOKU –Thailand) ကုမ်ပဏီသို့ ပြန်လည်တင်ပို့လျှက်ရှိပါသည်။ အယ်ဗားရှား သစ်၏ Country of Origin မှာ အင်ဒိုနီးရှား နိုင်ငံဖြစ်ပြီး ၎င်းသစ်များကို ထိုင်းနိုင်ငံရှိ ရှီကိုကု (SHIKOKU –Thailand) ကုမ်ပဏီနှင့် APP Timber Ltd တို့မှ တဆင့် ဝယ်ယူတင်သွင်းပြီး၊ ထုတ်လုပ်ပြီးသည့် ကုန်ချောများကို ထိုင်းနိုင်ငံရှိ ၎င်းကုမ်ပဏီ သို့သာ ပြန်လည်တင်ပို့ နေရသဖြင့် အမှန်တကယ်ထွက်ရှိသည့် ဈေးကွက် နှင့် အမှန်တကယ် ဝယ်လက်ရှိသည့် နိုင်ငံများနှင့် ချိတ် ဆက်ဆောင် ရွက်နိုင်ရေး တွန်းအားပေးဆောင်ရွက် သင့်ပါသည်။ မြန်မာနိုင်ငံသည် သစ်အများ အပြား ထွက်ရှိ ပြီး ၎င်း သစ်အမျိုအစားများကိုလည်း စိုက်ပျိုးနိုင်ရေး ဆောင်ရွက် သွားသင့်ပါသည်။

                                                                                                                                                                               (NNL-AD)

                                                                                                                                                                                            (DOT_EXP)

(က) ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာမူရင်း။

(ခ) Online Application Form ။ ၆၀၀ ကျပ်တန် တံဆိပ်ခေါင်းကပ်ပြီးလျှောက်လွှာ။

(ဂ) ပြည်ပကုမ္ပဏီနှင့် ချုပ်ဆိုထားသော အရောင်းအဝယ်စာချုပ် (Sales Contract/Invoice)။

(ဃ) ချုပ်ပြီးအထည်လျှောက်ထားလျှင် စက်မှုဝန်ကြီးဌာန၊ မြန်မာ့အထည်အလိပ်လုပ်ငန်းထောက်ခံချက်။

(င) ဖိနပ်၊ Transformer Parts လျှောက်ထားလျှင် MIA မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း၏

ထောက်ခံချက်။

(စ) CMP လိုင်စင်လျှောက်ထားမှု စိစစ်ထောက်ခံရေးအဖွဲ့၏ ထောက်ခံချက်။

(ဆ) လျှောက်ထားသည့် ကုမ္ပဏီ၏ ကိုယ်စားလှယ်ကဒ် မူရင်း/မိတ္တူ ။

(ဇ) သင်္ဘောတင်ပြီးစီးမှုကို ဌာနသို့ အထောက်အထားဖြင့် တင်ပြရန်။

ထန်းပင်ကို အညာဒေသတွင် ပဒေသာပင်ဟုခေါ်ဆိုပြီး နှစ်ရှည်သီးနှံအမျိုးအစားတွင်ပါဝင်သော ထန်းပင်တွေ ကို မြန်မာနိုင်ငံရှိ မြေပြန့်ဒေသများတွင် အများဆုံးတွေ့ရှိရပြီး မြန်မာနိုင်ငံအောက်ပိုင်းတွင် ထားဝယ်မြို့၊ အလယ်ပိုင်းတောင်ငူမြို့နှင့် အထက်ပိုင်းတွင်တောင်သာ၊ကျောက်ပန်းတောင်း၊မလှိုင်၊ရေစကြိုမြို့ များ ၌ ထန်းတော ကြီးများကို အများအပြား တွေ့ရပါတယ်။

ထန်းသီးများကို တော်သလင်း၊သီတင်းကျွတ်တွင် စိုက်ပျိုးလေ့ရှိကြပြီး အသီးများအနေဖြင့်မူ ဝါဆို၊ ဝါခေါင်လတွင်မှည့်ကြပါတယ်။ ထန်းပင်တစ်ပင်ဖြစ်ဖို့ ဆိုရင် ထန်းသီးစေ့ကို စိုက်ပျိုးရပြီး တစ်နှစ်ခန့်အကြာမှာ အပင်ပေါက်ကလေးဟာ မြေပေါ်ကို ထွက်လာပါတယ်။ အရွယ်ရောက်ထန်းပင်ကို ကုန်းပေါ်တွင် (၂၅)နှစ်သား အရွယ်တွင်လည်း ကောင်း၊ ချိုင့်ထဲတွင် (၁၅)နှစ်သားအရွယ်မှစ၍ ပန်းပြလေ့ရှိကြောင်းသိရပါတယ်။ ထန်းပင် သက်တမ်းဟာ နှစ် ၁၀၀ခန့်အထိ ရှိပါတယ်။ ထန်းသီးမှာ အဖိုပင် နှင့်အမပင် ရှိပါတယ်။ အဖိုပင်ရဲ့ ထန်းနို့ကို လှီးရင် ထန်းရည်ချို ထွက်ပြီး အမပင် က အသီးသီးပါတယ်။ အမပင်၏ ထန်းသီးခိုင်ကို ညှပ် နဲ့ညှပ်ပြီး ထန်းရည်ထုတ်ယူနိုင်ပါတယ်။ ထန်းမပင်များသည် တန်ခူးလပြည့်ကျော်မှ တော်သလင်းလအထိ ထန်းရည် ထွက်ပြီး ထန်းဖိုပင်များသည် ပြာသိုလနောက်ပိုင်းမှ ကဆုန်လကုန်အထိ ထန်းရည်ရရှိနိုင်ပါတယ်။ ထန်းပင် သက်တမ်း နှစ်(၆၀)ရှိလျှင် ထန်းရည်မရရှိတော့ခြင်း၊ ကြီးထွား ဖြစ်ထွန်းမှု မရှိတော့ဘဲ ပင်အိုအဖြစ် သတ်မှတ် ကြောင်းသိရှိရပါတယ်။

ထန်းပင်တစ်ပင်လုံးသည် လူသားများအတွက် အကျိုးပြုပါတယ်။ ထန်းပင်မှထန်းပင်ပေါက် (ထန်းပင် မြစ်)၊ထန်းလုံး(ပင်စည်)၊ထန်းရွက်၊ထန်းလက်၊ထန်းစစ်၊ထန်းသီး၊ထန်းနို့(အဖိုပွင့်အခိုင်)စသည်ဖြင့်အသုံးချ နိုင် ပါတယ်။ထန်းပင်ကို ခုတ်လှဲပြီး နှစ်ရက် အတွင်း အချောသပ်ရွေပေါ်ထိုးပြီး ပေါ်လစ်အရောင် တင်ဆီသုတ်လိုက် ရင် အင်မတန်လှပပါတယ်။ အမြင့် ခြောက်ပေ၊ ခုနစ်ပေလောက် အမြင့်ရဲ့ ထိပ်ဝကို အလယ်မှ ထွင်းပြီး ဟိုတယ်ကြီး နှင့် အိမ်ခြံဝင်း မြက်ခင်းပြင်တွေမှာ အလှပန်းအိုးအဖြစ်တခမ်းတနား အသုံးပြုကြသည်ကို တွေ့ဘူး ပါတယ်။ထန်းရည်ချိုဟာ အစာကြေညက်စေပြီး ထန်းရည်ခါးကတော့ဆီးရွှင်စေပါတယ်။ ထန်းပင်မြစ်ကို မီးဖုတ်လို့ဖြစ်စေ၊ပြုတ်လို့ဖြစ်စေ နှစ်ခြိုက်စွာ သုံးဆောင် နိုင်ပါတယ်။ ထန်းရွက်ကို ဇာတာ ဖွဲ့ခြင်း၊ အိမ်မိုးခြင်း၊ ကာခြင်းများပြုလုပ်ပါတယ်။ ထန်းလက်ကို ကုလားထိုင်လုပ်ခြင်း၊ ထန်းပင်စည်ကို အိမ်တိုင်၊ ထုတ်တန်း၊ ရက်မ၊

ကြမ်းခင်းအဖြစ် အိမ်ဆောက်ရာမှာ သုံးကြ ပြီး ထက်ခြမ်းခွဲပြီး ရေတံလျှောက်၊ နွားစားခွက်လဲ လည်း လုပ်နိုင် ပါသေးတယ်။ ထန်းသီးအား ဟင်းလျာ အဖြစ် ချက်ပြုတ်စားသောက်ခြင်းနှင့် မုန့်များတွင် ထည့်သွင်းအသုံးပြုကြ ပါတယ်။

ပင်လယ်ရေကြောင်းမှ ထန်းလျှက်တင်ပို့မှုကိုကြည့်ပါက (၂၀၁၀-၂၀၁၁) ဘဏ္ဍာနှစ်တွင် တန်ချိန် (၁၀၀၀)ကျော်ခန့်၊ (၂၀၁၁-၂၀၁၂) ဘဏ္ဍာနှစ်တွင် တန်ချိန် (၁၀၀၀၀)ကျော်ခန့်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် (ဒီဇင်ဘာလ ၁၄ ရက် နေ့ အထိ) တန်ချိန် (၁၀၀၀)ကျော်ခန့် တင်ပို့ခဲ့ ပြီး ထန်းသီး တင်ပို့မှု ကို ကြည့်ပါ က လည်း (၂၀၁၀-၂၀၁၁) ဘဏ္ဍာနှစ်တွင် တန်ချိန် (၂၀၀)ကျော်ခန့်၊ (၂၀၁၁-၂၀၁၂) ဘဏ္ဍာနှစ် တွင်လည်း တန်ချိန် (၂၀၀)ကျော်ခန့်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် (ဒီဇင်ဘာလ ၁၄ ရက် နေ့ အထိ) တန်ချိန် (၄၈)တန်ခန့် တင်ပို့ခဲ့ကြောင်းတွေ့ရှိရပါတယ်။ထန်းလျှက်ကို မလေးရှားနိုင်ငံ နှင့် ထန်းသီးကို တရုတ်နိုင်ငံတို့ အများဆုံး တင်ပို့သည်ကို တွေ့ရှိရပါတယ်။

ငွေကုန်ကြေးကျသက်သာသော အညာဒေသ၏ ထွက်ကုန်လေးများကလည်း သူ့နေရာနှင့်သူ အသုံးဝင်နေတာမို့လို့ တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ပြုပြင်ထုတ်လုပ် တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ပြီး သဘာဝသစ်တောတွေဟာ ရာသီဥတုအတွက် အင်မတန် အရေးပါသဖြင့် စိုက်ပျိုးရေး၊စီးပွားရေး၊လူမှုရေး၊ကျန်းမာရေး ရေရှည်တည်တံ့စေရေးအတွက် ထန်းပင်အိုများခုတ်လှဲနေသည့် နေရာများတွင်ထန်းပင်သစ်များကိုလည်းအစားထိုးဖြည့်စွက်စိုက်ပျိုးသင့်ပါတယ်။ထန်းပင်ကို ဧကဖွဲ့ စိုက်ပျိုးနိုင် သလို လယ်၊ယာ၊ အိမ်ခြံ များတွင် ခြံစည်းရိုးတစ်လျှောက် မြေနေရာသီးသန့်မယူဘဲ စိုက်ပျိုးနိုင်သဖြင့် ခြံစည်းရိုးမှ ဝင်ငွေရအောင် စိုက်ပျိုးနိုင်သော နှစ်ရှည်သီးနှံပင် တစ်မျိုးလည်းဖြစ်ပါတယ်။

အညာဒေသမှာ ရိုးရာအစားအစာအဖြစ် ထမင်းစားပြီးတိုင်း အချိုတည်းလေ့ရှိသော ရိုးရာမုန့်များ အတွင်း ထည့်သွင်းပြုလုပ်ရသော ချိုမြိန်သောအရသာရှိသည့် ထန်းလျှက်များကို ပြည်တွင်းစားသုံးမှုသာမက ပြည်ပသို့တင်ပို့ခြင်းဖြင့် ဝင်ငွေရရှိလျှက်ရှိပါတယ်။ ထန်းရည်အားကျိုချက်၍ ထန်းလျှက်ပြုလုပ်ရာတွင် ရိုးရာနည်းများအတိုင်း ထုတ်လုပ်နေခြင်းဖြစ်ရာ အရည်အသွေးမြှင့် ( Value Added ) ထုတ်လုပ်တင်ပို့နိုင်ရေး စက်ကရိယာနှင့် နည်းပညာများ ပံ့ပိုးပေးရန် အလုပ်ရုံဆွေးနွေးပွဲတစ်ခုအား ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရှိရသဖြင့် ရိုးရာထုတ်လုပ်မှုမှ ခေတ်မီစက်ကရိယာများဖြင့် အဆင့်မီထုတ်လုပ်နိုင်တော့မည့်                                                                         အလားအလာရှိနေပြီဖြစ်ရာ ပြည်တွင်းစားသုံးရုံသာမက နိုင်ငံခြားဝင်ငွေပါ ပိုမိုတိုးတက် ရှာဖွေပေးနိုင်လာ တော့မည့် ထုတ်ကုန်တစ်မျိုးဖြစ်ပါကြောင်း သတင်းကောင်း ရေးသား တင်ပြလိုက်ပါတယ်။

 

Source: စိုက်ပျိုးရေးဦးစီးဌာန၊

 

ခင်စန်းဝင်း(DOT)

(က) ကုမ္ပဏီ Letter Head ဖြင့် ထုတ်ကုန်လိုင်စင် လျှောက်ထားခြင်း။

(ခ) Online Application Form ။ ၆၀၀ ကျပ်တန် တံဆိပ်ခေါင်းကပ်ပြီးလျှောက်လွှာ။

(ဂ) ပြည်ပကုမ္ပဏီနှင့် ချုပ်ဆိုထားသော အရောင်းအဝယ်စာချုပ် (Sales Contract) (Invoice)။

(ဃ) သက်ဆိုင်ရာဌာန ထောက်ခံချက်တင်ပြရမည့် ပစ္စည်းများ-

(၁) သတ္တုတွင်းထွက်ပစ္စည်းများ - သတ္တုတွင်းဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန။

(၂) သာသနာရေးဆိုင်ရာ - သာသနာရေးဝန်ကြီးဌာန၊သာသနာရေးဦးစီးဌာန။

ပစ္စည်းများ

(၃) ရုပ်ရှင်ကားများဗီဒီယိုအခွေများ - မြန်မာ့ရုပ်ရှင်လုပ်ငန်း၊ ဗီဒီယိုဆင်ဆာအဖွဲ့။

(၄) တိရစ္ဆာန်အစားအစာနှင့် - မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန။

တိရစ္ဆာန်ထွက်ပစ္စည်းများ

(၅) မြန်မာ့ရိုးရာအစား - အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန(FDA)

အသောက်များ

(၆) မုတ်ခွံ၊ ပုလဲနှင့်ပတ်သက်သော - မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးဌာန။

ပစ္စည်းများ

(၇) ဝါ - မြန်မာ့အထည်အလိပ်လုပ်ငန်း၊ စက်မှုဝန်ကြီးဌာန

ထောက်ခံချက်။

(င) ထုတ်လုပ်သည့် ပစ္စည်းဖြစ်လျှင် တွက်ချက်မှုစာရင်း (Costing Sheet)

(စ) အမယ်သစ်(သို့)တင်ပို့မှုနည်းသည့် ပစ္စည်းများဖြစ်လျှင် ထွက်ရှိသည့်ဒေသ၊ ပြည်တွင်းဈေး အသုံးပြု

ပုံ ၊ Costing Sheet ၊ နမူနာပစ္စည်း၊ ဓါတ်ပုံတို့ ပူးတွဲတင်ပြရပါမည်။

(ဆ) ကုမ္ပဏီကိုယ်စားလှယ်ကဒ် မူရင်း/မိတ္တူ ။

(ဇ) သင်္ဘောတင်ပြီးစီးမှုကို ဌာနသို့ အထောက်အထားဖြင့် တင်ပြရန်။

Pages

Subscribe to ပညာပေး/လှုပ်ရှားမှုများ