ကုမဏီလုပ်ငန်းရှင်များသိသာရန်

Thu, 05/09/2013 - 04:25 -- admin

ကုမဏီလုပ်ငန်းရှင်များသိသာရန် Non Automatic Licensing စနစ်ဖြင့် လိုင်စင်ခွင့်ပြုပေးနေသော ပစ္စည်းများအား သက် ဆိုင်ရာ အသင်းအဖွဲ့များမှ နေ့စဉ်တွက်ချက်တင်ပြပေးနေသော အနိမ့်ဆုံးဈေးနှုန်းများထက် မလျော့သော ဈေးနှုန်းဖြင့်တင်ပြလျှောက်ထားကြရန် ဖြစ်ပါသည်။ ဥပမာ - ဆန်၊ ဆန်ကွဲ လျှောက်ထားမှုအားလုံး မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းချုပ်မှ တွက်ချက်တင်ပြပေးသော ဈေးနှုန်းနှင့် နှမ်းမျိုးစုံ၊ နှမ်းအခွံချွတ်၊ နှမ်းလှော်မှုန့်စသည်တို့ အတွက် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှတွက်ချက်တင်ပြပေးသော ဈေးနှုန်း များ၏ အနိမ့်ဈေးနှုန်းထက်မနည်းသော ဈေးနှုန်းများဖြင့်လျှောက်ထားကြရန်။ ဈေးနှုန်းလျော့နည်းလျှောက်ထားမှုများအား လက်ခံဆောင်ရွက်ပေးမည်မဟုတ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။ ပို့ကုန်လုပ်ငန်းဌာနခွဲ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန