ရေထွက်ပစ္စည်း ပို့ကုန်လိုင်စင်လျှောက်ထားရာတွင် ပါရှိရမည့်စိစစ်ချက်များ

Mon, 12/17/2012 - 10:24 -- Anonymous (not verified)

(က) ကုမ္ပဏီ Letter Head ဖြင့် ပို့ကုန်လိုင်စင်လျှောက်လွှာမူရင်း။ (ခ ) Online Application Form ။ ၆၀၀ ကျပ်တန် တံဆိပ်ခေါင်းကပ်ပြီး လျှောက်လွှာ။ (ဂ ) ပြည်ပ Buyer နှင့် အမှန်တကယ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း (Sale Contract) ပါ လုပ်ငန်းရှင်များ အမှန်တကယ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းအတိုင်း ပို့ကုန် လိုင်စင် လျှောက်ထားရန်။ (ဃ) ငါးလုပ်ငန်းဦးစီးဌာနမှ FIQC တံဆိပ်ပါသည့် Sale Contract မူရင်းနှင့်ဈေးနှုန်းမူရင်း။ (င ) တင်ပို့လိုသည့် ၁၀ နိုင်ငံ ဖော်ပြလျှောက်ထားနိုင်သည်။ (စ ) လျှောက်ထားသည့်ကုမ္ပဏီ၏ ကိုယ်စားလှယ်ကဒ်မူရင်း/မိတ္တူ။ (ဆ) Fish Meal ငါးမှုံ့နှင့် Prawn Shell ပုဇွန်ခွံမှုံ့ လျှောက်ထားမှုအတွက် မွေးမြူရေးနှင့်ကုသရေးညွှန်ကြားမှုဦးစီးဌာနမှ ထောက်ခံချက်။ (ဇ ) သင်္ဘောတင်ပြီးစီးမှုကို ဌာနသို့ အထောက်အထားဖြင့် တင်ပြရန်။