သစ်တောထွက်ကုန်ပစ္စည်းများ လိုင်စင်လျှောက်ထားရာတွင် တင်ပြရမည့်အချက်များ

Tue, 12/18/2012 - 10:27 -- Anonymous (not verified)

၁။ မြန်မာ့သစ်လုပ်ငန်းနှင့်ဖက်စပ်ဆောင်ရွက်နေသော ကုမ္ပဏီများအနေဖြင့်အောက်ပါ ထောက်ခံ ချက်များ ပူးတွဲတင်ပြရမည် ဖြစ်ပါသည် - (က) ကုမ္ပဏီ Letter Head ဖြင့် ထုတ်ကုန်လိုင်စင်လျှောက်ထားခြင်း။ (ခ ) Online Application Form ။ ၆၀၀ ကျပ်တန် တံဆိပ်ခေါင်းကပ်ပြီး လျှောက်လွှာ။ (ဂ ) သစ်တောရေးရာဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာန၏ သစ်ရောင်းချမှုနှင့် ဈေးနှုန်းမှန်ကန်ကြောင်း ထောက်ခံချက်။ (ဃ) အထက်ပါ ထောက်ခံချက်အား ထောက်ခံပေးထားသည့် စာချုပ်(သို့မဟုတ်) DO, Memo ။ (င ) သစ်လုပ်ငန်းနှင့်အကျိုးတူချုပ်ဆိုထားသော စာချုပ် ။ (စ ) ပြည်ပကုမ္ပဏီနှင့်ချုပ်ဆိုထားသော အရောင်းအဝယ်စာချုပ် (Sale Contract/Invoice) ။ (ဆ) လျှောက်ထားသည့်ကုမ္ပဏီ၏ ကိုယ်စားလှယ်ကဒ် မူရင်း/မိတ္တူ။ (ဇ ) သင်္ဘောတင်ပြီးစီးမှုကို ဌာနသို့ အထောက်အထားဖြင့် တင်ပြရန်။ ၂။ ပုဂ္ဂလိကဖြင့်ဆောင်ရွက်နေသော ကုမ္ပဏီများအနေဖြင့် အောက်ပါ ထောက်ခံချက်များ ပူူးတွဲ တင်ပြရမည်ဖြစ်ပါသည် - (က) ကုမ္ပဏီ Letter Head ဖြင့် ပို့ကုန်လိုင်စင်လျှောက်လွှာ။ (ခ ) Online Application Form ။ ၆၀၀ ကျပ်တန် တံဆိပ်ခေါင်းကပ်ပြီး လျှောက်လွှာ။ (ဂ ) ပြည်ပပို့ သစ်တောထွက်ပစ္စည်းများ စိစစ်ထောက်ခံရေးကော်မတီ(ပထစ) ထောက်ခံချက်။ (ဃ) မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းမှ ဈေးနှုန်းထောက်ခံချက်။ (င ) အထက်ပါထောက်ခံချက်အား ထောက်ခံပေးထားသည့် စာချုပ်(သို့မဟုတ်) Bill ။ (စ ) သစ်ခွဲသားဖြစ်ပါက ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာန စစ်ဆေးရေးဌာနခွဲ၏ ဈေးနှုန်း ထောက်ခံချက်။ (ဆ) ပြည်ပကုမ္ပဏီနှင့်ချုပ်ဆိုထားသော အရောင်းအဝယ်စာချုပ်(Sale Contract/Invoice)။ (ဇ ) လျှောက်ထားသည့်ကုမ္ပဏီ၏ ကိုယ်စားလှယ်ကဒ် မူရင်း/မိတ္တူ။ (ဈ) သင်္ဘောတင်ပြီးစီးမှုကို ဌာနသို့ အထောက်အထားဖြင့် တင်ပြရန်။ ၃။ ရာဘာသစ်လိုင်စင် လျှောက်ထားပါက အောက်ပါ ထောက်ခံချက်များ ပူးတွဲတင်ပြရမည် ဖြစ်ပါသည်- (က) ကုမ္ပဏီ Letter Head ဖြင့် ထုတ်ကုန်လိုင်စင်လျှောက်ထားခြင်း။ (ခ ) Online Application Form ။ ၆၀၀ ကျပ်တန် တံဆိပ်ခေါင်းကပ်ပြီး လျှောက်လွှာ။ (ဂ ) လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းမှ နှစ်ရှည်ပင်၏ သုတေသနနှင့် စက်ရုံများ ဌာနခွဲ၏ ထောက်ခံချက်။ (ဃ) မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းမှ ဈေးနှုန်းထောက်ခံချက်။ (င ) ပြည်ပကုမ္ပဏီနှင့်ချုပ်ဆိုထားသောအရောင်းအဝယ်စာချုပ်(Sale Contract/Invoice) ။ (စ ) လျှောက်ထားသည့်ကုမ္ပဏီ၏ ကိုယ်စားလှယ်ကဒ် မူရင်း/မိတ္တူ။ (ဆ) သင်္ဘောတင်ပြီးစီးမှုကို ဌာနသို့ အထောက်အထားဖြင့် တင်ပြရန်။ ပို့ကုန်လုပ်ငန်းဌာနခွဲ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန