အမျိုးသားပို့ကုန်မဟာဗျူဟာ လုပ်ငန်းစီမံချက် ဒုတိယအကြိမ်အလုပ်ရုံဆွေး နွေးပွဲကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည် များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် နိုင်ငံတကာ ကုန်သွယ်မှုစင်တာ တို့ပူးပေါင်း၍ ၂၀၁၃ခုနှစ်၊ အောက်တို ဘာ ၁ ရက်နေ့မှ ၁၁ ရက်နေ့ထိ ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ ကျင်းပခဲ့ပြီးဦးစားပေးကဏ္ဍ အလိုက်မျှော်မှန်းချက်၊ ဦးတည်ချက်များနှင့် အသေးစိတ် လုပ်ငန်းစီမံချက်များ ကို ရေးဆွဲ ချမှတ်နိုင်ခဲ့ပါသည်။

အမျိုးသားအဆင့်ပို့ကုန်မဟာဗျူဟာတတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံတကာကုန်သွယ်မှုစင်တာ နှင့်ပူးပေါင်း၍၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှ နိုဝင်ဘာလ ၂၆ ရက် နေ့ထိနေပြည်တော်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါသည်။ တတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲမှ ကဏ္ဍအလိုက် မဟာဗျူဟာမျှော်မှန်းချက်များ၊ ဦးတည်ချက်များနှင့် အသေးစိတ်လုပ်ငန်းစီမံချက်များကို ပေါင်းစည်း၍ အမျိုးသား ပို့ကုန်မဟာဗျူဟာ မူလမျှော်မှန်းချက်နှင့် ကိုက်ညီအောင် ပြန်လည် သုံးသပ်ဆွေးနွေးပြီး တစ်စုတစ်စည်းတည်းသော အမျိုးသားပို့ကုန်မဟာဗျူဟာ ဦးတည်ချက် နှင့်လုပ်ငန်းစီမံချက်ကိုရေးဆွဲချ မှတ်နိုင်ခဲ့ ပါသည်။