“DEIA နှင့် STIP အကောင်အထည်ဖော်ဆောင်ရွက်မည့်ကိစ္စ စာချုပ်ချုပ်ဆိုနိုင်ရေး အပြီးသတ်ညှိနှိုင်းအစည်းအဝေးပြုလုပ်”

 

EIF အစီအစဉ်အောက်ရှိ M-STEP စီမံကိန်းပါ Digital Economy and Innovation Advocacy (DEIA) Component နှင့် Myanmar Services Trade and Investment Portal (STIP) Component များ အကောင်အထည်ဖော်ဆောင်ရွက်ရန် တင်ဒါအောင်မြင်ခဲ့သည့် အဖွဲ့အစည်းများနှင့် စာချုပ် ချုပ်ဆိုနိုင်ရေး အပြီးသတ်ညှိနှိုင်း အစည်းအဝေးကို ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၁၂ရက် (ကြာသပတေးနေ့) နေ့လည်(၁၄:၀၀) နာရီခန့်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ နေပြည်တော်၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလေးက ဦးဆောင်၍ ဆွေးနွေးခဲ့ ကြပါသည်။

အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာ ဌာနခွဲအသီးသီးမှ တာဝန်ခံ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ Implementing Agency များမှ တာဝန်ရှိသူများ၊တင်ဒါအောင်မြင့်ခဲ့သည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ EIF Project မှ စီမံကိန်းမန်နေဂျာ၊ ပြည်တွင်းပညာရှင်များ တို့က တက်ရောက်ခဲ့သည်။