လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ခြင်း အဆင့် - ၁

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအကူအညီဖြစ်သော Enhanced Integrated Framework (EIF) အစီအစဉ်ပါ အကျိုးခံစားခွင့်ရှိသော ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အကူအညီများကို မြန်မာနိုင်ငံမှ ရယူခံစားနိုင်ရန် ကုန်သွယ်မှုဖွံ့ဖြိုးရေး အကူအညီ ဖြစ်သော EIF အစီအစဉ် လက်အောက်ရှိ Tier-1 လုပ်ငန်းစဉ်အတွက် ကမ္ဘောဒီးယားနိုင်ငံ၊ Siem Reap မြို့တွင် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပခဲ့ သည့် (၅) ကြိမ်မြောက် NIU Exchange Programme (Cambodia – Laos – Myanmar) သို့ ဒုတိယဝန်ကြီး၊ ဒေါက်တာပွင့်ဆန်း ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သွားရောက်ခဲ့ပါသည်။ EIF အစီအစဉ်အောက်ရှိ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံတို့၏ EIF အကောင် အထည်ဖော်မှုဆိုင်ရာ အတွေ့အကြုံ များ ရရှိဖလှယ်နိုင်ရေး သွားရောက်ခဲ့ပါ သည်။

ကုန်သွယ်မှုဆိုင်ရာပြည်ပအကူအညီများကို ထိထိရောက်ရောက် လက်ခံရယူ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ Ownership Right ကို အပြည့်အဝရယူကာ Driver Seat နေရာမှနေ၍ လိုအပ်သလို ဦးဆောင်သွားနိုင်ရေးအား အထောက်အကူပြုရန် ရည်ရွယ်ပါသည်။ ထို့အပြင် ပြည်ပအကူအညီများရယူကာ ဆောင်ရွက်နေရသည့် လုပ်ငန်းစဉ်များကို ဦးစီးဆောင်ရွက်နေရသော သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၏ Capacity နှင့် Awareness များကို မြှင့်တင်ပေးနိုင် ရန်လည်းရည်ရွယ်ပါသည်။

ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအကူအညီတစ်ရပ်ဖြစ်သောEnhanced Integrated Framework (EIF) လုပ်ငန်းစဉ်အောက်ရှိ Tier 1 Project Proposal အား EIF အတွင်း ရေးမှူးရုံးမှ သဘောတူပြီးဖြစ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ UNOPS တို့အကြား MoU ကိုဆောလျင်စွာ လက်မှတ်ရေးထိုးရန်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသို့ လက်မှတ်ရေးထိုးမည့် နားလည်မှုစာချွန်လွှာ (MoU) မူကြမ်းအပေါ် သဘောထားမှတ်ချက်များတောင်းခံကာ သက်ဆိုင်ရာကော်မတီနှင့် ၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင် စတင်ဆောင်ရွက်ခဲ့ပါသည်။

အကျိုးကျေးဇူးများ

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံသို့ Exchange Programme တက်ရောက်ခဲ့ခြင်းဖြင့် အောက်ဖော်ပြပါအကျိုးကျေးဇူးများကို ရရှိခဲ့ကြောင်းသုံးသပ် တွေ့ရှိရပါသည်-

(က) မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံသို့ Exchange Programme တက်ရောက်ခဲ့ခြင်းဖြင့် အောက်ဖော်ပြပါ အကျိုးကျေးဇူးများကို ရရှိခဲ့ကြောင်း သုံးသပ် တွေ့ရှိရပါသည်-
(ခ) ပြည်ပအကူအညီများ ရယူကာဆောင်ရွက်နေရသည့် လုပ်ငန်းစဉ်များ ကို ဦးစီးဆောင်ရွက်နေရသော သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၏ Capacity နှင့် Awareness များကို ပိုမိုမြှင့်တင်ပေး နိုင်မည့်အပြင် လိုအပ်သလိုပြန်လည်လက်ဆင့်ကမ်း မျှဝေပေးနိုင်ခြင်း။
(ဂ) အခြားနိုင်ငံများတွင် ချမှတ်ကျင့်သုံးလျက်ရှိသော ပြည်ပငွေကြေး အကူအညီနှင့်ပတ်သက်သော ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများကို လေ့လာမှတ်သားနားလည်ခဲ့ခြင်းဖြင့် မိမိနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ပိုမိုရှင်းလင်းလွယ်ကူစွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်မည့်စနစ်နှင့် လုပ်ငန်းစဉ်များ ဖြစ်ပေါ်လာနိုင်ရေးအပေါ် အထောက်အကူဖြစ်စေခြင်း။
(င) နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် မိတ်ဖက် နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာအားကောင်းလာစေပြီး ယင်းမှ တစ်ဆင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသို့ ဦးတည်စေ နိုင်ခြင်း။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) မှ ပေးအပ်သော ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အကူအညီဖြစ်သည့် EIF အစီစဉ်မှအကူအညီများကို ထိရောက်ရယူ အကောင်အထည်ဖော်ဆောင်ကာ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာ၍ ဆင်းရဲနွမ်းပါးမှု လျော့နည်းပပျောက်စေခြင်းဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံ အဖြစ် ဖြစ်ပေါ်လာစေရေး အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Tier1 အဆင့်

EIF ၏ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ် Tier 1 ဆောင်ရွက်ရာတွင် ဝန်ထမ်းစွးမ်ဆောင်ရည်မြှင်တင်ခြင်း လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ခြင်း အဆင့်-၁ (Tier-1 Project) အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် ကမ္ဘာ့ ကုလသမဂ္ဂ စီမံကိန်းဆိုင်ရာ ဝန်ဆောင်မှုရုံး (UNOPS) တို့အကြား နားလည်မှုစာချွန်လွှာရေးထိုးပြီး ၂၀၁၅ခုနှစ်၊ ဩဂုတ်လမှ ၂၀၁၉ခုနှစ်၊ ဩဂုတတ်လအထိ (၄)နှစ်တာ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။

အကျိုးရလဒ်များ

အဆိုပါ Tier 1 အဆင့်တွင် UNOPS နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အကြား ချုပ်ဆိုခဲ့သော နားလည်မှုစာချွန်လွှာအရ အဓိက Outcome ရလဒ် 4ခု မျှော်မှန်းထားခဲ့ပြီး ပထမအဆင့်အနေဖြင့် ကုန်သွယ်မှုနှင့် ဆက်နွယ်သော မဟာဗျုဟာများနှင့် စီမံကိန်းများအား အကောင်အထည်ဖော်နိုင်ရန်အတွက် ဖွဲ့စည်းပုံဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ လုံလောက်အောင် စွမ်းရည်တည်ဆောက်ခြင်းအဆင့်တွင် Aid for Trade Coordination Unit အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ပြည်တွင်းကျွမ်းကျင်ပညာရှင်များနှင့် နိုင်ငံခြားသား အကြံပေးတစ်ဦးတို့ လက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။ Aid for Trade Coordination Unit အတွက် ဝန်ထမ်းစွမ်းရည်သာမက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာအတွက် လိုအပ်သော ဘာသာစကားကျွမ်းကျင်မှုသင်တန်းများ၊ ကုန်သွယ်မှုနှင့် ဆက်နွယ်သည့် ဘာသာရပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ၊ အစည်းအဝေးများအား စနစ်တကျ Plan ဆွဲ၍ ဆောင်ရွက်နိုင်ခဲ့ပါသည်။

ဒုတိယရလဒ်အနေဖြင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းများ၊ အစီအစဉ်များအတွက် ဆောင်ရွက်နိုင်ရန် လုံလောက်အောင် စွမ်းရည်တည်ဆောက်ခြင်းအဆင့်တွင် DTIS နှင့် MTP အားထုတ်ပြန်အတည်ပြုချက်ရယူပြီး MTP မှ လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် မြန််မာနိုင်ငံ၏ ရေရှည်တည်တံ့ဖွံ့ဖြိုးသည့် စီမံကိန်း၏ မဏ္ဍိုင် ၊ သာယာဝပြောမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပန်းတိုင်၊ အလုပ်အကိုင်ဖန်တီးရေးနှင့် ပုဂ္ဂလိက ကဏ္ဍဦးဆောင်သည့် ဖွံ့ဖြိုးရေးတွင် DTIS နှင့် MTP တို့အး ရည်ညွှန်းအကောင်အထည်ဖော်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအပြင် သက်ဆိုင်ရာ ဆက်စပ် ဝန်ကြီးဌာနများမှ ဝန်ထမ်းများအတွက် Project Management ဆိုင်ရာသင်တန်းများ၊ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အကူအညီဖြင့် InternationalTradingSystem ၏ အလေ့အကျင့်များ သဘောတူညီချက်များကို လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ကမ္ဘာ့ကုန်သွယ်ရေးတွင် ပိုမိုလိုက်ပါလုပ်ဆောင်နိုင်စေရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်။

တတိယရလဒ်အနေဖြင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့် ဆက်နွယ်သော ဦးစားပေးလုပ်ငန်းစဉ်များအား ဆောင်ရွက်နိုင်ရန် အလှူရှင် မိတ်ဖက်များနှင့် ဆက်သွယ်ပြီး ဘဏ္ဍာရေးအရင်းအမြစ်များ ရှာဖွေနိုင်ရန်အတွက် DTIS Action Matrix အား ဖော်ထုတ်အသုံးချနိုင်ခြင်းအဆင့်တွင် ရလဒ်အနေဖြင့် DTIS နှင့် MTP အား ထုတ်ပြန်အတည်ပြုချက်ရယူခဲ့ပါသည်။

စတုတ္ထရလဒ်အနေဖြင့်  မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့် ဆက်နွယ်သော ဦးစားပေးလုပ်ငန်းစဉ်များအား ဆောင်ရွက်နိုင်ရန် အလှူရှင် မိတ်ဖက်များနှင့် ဆက်သွယ်ပြီး ဘဏ္ဍာရေးနှင့် နည်းပညာအထောက်အပံ့များ ရှာဖွေနိုင်သည့် စီမံချက်များအား အကောင်အထည်ဖော်နိုင်ခြင်းအဆင့်တွင် DTIS Action Matrix အကောင်အထည်ဖော်ခြင်းနှင့် ဦးစားပေးလုပ်ငန်းစဉ်များအား ထပ်မံဖော်ထုတ်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်နိုင်ရန်အတွက် ကုန်သွယ်မှုနှင့် ဆက်စပ်နေသောဝန်ကြီးဌာနများမှ ပေးပို့လာသော Quick Win Project (၂၁) ခုမှ ဘဏ္ဍာရေးနှင့်နည်းပညာအထောက်အပံ့များရရှိနိုင်ရန် အလားအလာရှိသည့် Quick Win Project (၉)ခုအားရွေးထုတ်၍ နိုင်ငံတော်အဆင့် Project Bank၏  Criteria များ၊ အလှူရှင် မိတ်ဖက်အဖွဲ့အစည်းများ၏ လိုအပ်သော Criteria များနှင့် ကိုက်ညီအောင် ရေးဆွဲနိုင်စေရန်အတွက် EIF Project  မှ နိုင်ငံသားကျွမ်းကျင်ပညာရှင်များ ပါဝင်သော အဖွဲ့အားလုပ်ထုံးလုပ်နည်းများနှင့် အညီ ငှားရမ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာဝန်ထမ်းများအား သင်ကြားရေးဆွဲ လေ့ကျင့်ပေးလျက်ရှိပါသည်။ ထို့အပြင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ခြင်းလုပ်ငန်းများ ဖြစ်သော ကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများဖွင့်လှစ်ခြင်း၊ အဂ်လိပ်ဘာသာစကား ကျွမ်းကျင်သင်တန်းများ ဖွင့်လှစ်ခြင်း၊ ကုန်သွယ်မှုနှင့် သက်ဆိုင်သောဝန်ကြီးဌာနများမှ သက်ဆိုင်ရာ ဝန်ထမ်းများအတွက် စီမံကိန်းရေးဆွဲခြင်း ဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။

အဆိုပါ သင်တန်းများအား စီမံကိန်း အကောင်အထည်ဖော်ရာတွင် ပါဝင်သည့် သဘောတူညီချက်ပါအတိုင်း ပြည်ပနှင့်ပြည်တွင်း ပညာရှင်များ ခန့်အပ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စီမံကိန်းတွင် ပါဝင်သည့် ဝန်ထမ်းများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းစသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်၊။

Medium Term Programme (MTP) ကာလလတ်စီမံကိန်း

Medium Term Programme (MTP) ကာလာလတ်စီမံကိန်းဆိုသည်မှာ EIF၏ လုပ်ငန်းစဉ် (၄) အနက်တစ်ခုဖြစ်သော ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘက်စုံလေ့လာမှု အဆင့် ( Diagnistic Trade Integration Study - DTIS) လုပ်ငန်းစဉ်၏ နောက်ဆက်တွဲ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ အဆိုပါ ကာလလတ်စီမံကိန်း (MTP) ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ကမ္ဘာဘဏ်တို့ ပူးပေါင်း၍ ၂၀၁၆ခုနှစ်၊ ဇွန်လမှ စတင်ရေးဆွဲခဲ့ပြီး ၂၀၁၇ခုနှစ်၊ မတ်လ (၁၇)ရက်နေ့တွင် ထုတ်ပြန်ခြင်း အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ပါသည်။ ယင်းကာလလတ် စီမံကိန်းအစီရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားကို နေပြည်တော်၌ ကျင်းပခဲ့ပြီး နိုင်ငံတော်ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေတက်ရောက်ခဲ့ပါသည်။

ကာလလတ်စီမံကိန်း(MTP) (၂၀၁၇-၂၀၂၁)သည် "Living Document" တစ်ခုဖြစ်ပြီး (၃)နှစ်မှ (၅)နှစ်တာ ကာလအတွင်း ဆောင်ရွက်ရန် သတ်မှတ်ပြီး ယင်း၌ မဏ္ဍိုင်ကြီး(၅)ခု၊ လုပ်ငန်းစဉ်အတွဲ(၂၃)ခုနှင့် လုပ်ငန်းစဉ်များ (၁၈၁)ခု ပါဝင်ပါသည်။ ကာလလတ်စီမံကိန်း အစီရင်ခံစာ (Medium Term Programme Report)ကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဖြန့်ဝေခဲ့ပြီး Action Plan (၁၈၁)ခုမှ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ဦးစားပေးဆောင်ရွက်လိုသည့် စီမံကိန်းများကို ရွေးချယ်ကာ EIF အတွင်းရေးမှူးရုံးသို့ ပေးပို့ခဲ့ပြီး ဝန်ကြီးဌာနအလိုက် သက်ဆိုင်ရာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

 MTP ပါ လုပ်ငန်းစဉ်များအပေါ် သက်ဆိုင်ရာဌာနများ၏ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သိရှိနိုင်ရန် အတွက် International Trade Advisor ဖြစ်သူမှ ရေးသားပြုစုထားသည့် MTP Stocktaking Template ကို ၂၀၁၈ခုနှစ်၊ ဧပြီလအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ကုန်သွယ်ရေးဦးစီးဌာနခွဲများကို ဖြန့်ဝေ၍ ဆောင်ရွက်နေမှု အခြေအနေများ တောင်းခံခဲ့ရပါသည်။ MTP ပါ လုပ်ငန်းစဉ်များကို ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများ၊ အဖွဲ့အစည်းများဖြစ်သော World Bank ၊ GIZ ၊ USAID ၊ EU ၊ Germany  ၊ DFAT/DFID တို့၏ ကူညီပံ့ပိုးမှုများကို တစ်စိတ်တစ်ပိုင်းအားဖြင့်သော်လည်းကောင်း၊ အပြည့်အဝအားဖြင့်သော်လည်းကောင်း၊ နောင်တွင် ထောက်ပံ့ပေးမည့်  လျာထားချက်ဖြင့်သော်လည်းကောင်း ရယူဆောင်ရွက်လျက်ရှိပါသည်။ ဌာနများမှ ပေးပို့လာသည့် အချက်များကို အခြေခံပြီး Basekin Target တို့နှင့် ချိတ်ဆက်မှုရှိစေရေး ညှိနှိုင်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။