၁။       အမျိုးသားအဆင့်ပို့ကုန်မဟာဗျူဟာ (National Export Strategy - NES) ရေးဆွဲ အကောင်အထည်ဖော်ရေးလုပ်ငန်း စီမံချက်ကို ၂၀၁၃ခုနှစ်ဧပြီလ၂၆ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု အစိုးရ အဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၁၃) ခွင့်ပြုချက်ဖြင့် ဂျာမဏီနိုင်ငံ GIZ ၏ အထောက် အပံ့နှင့် နိုင်ငံ တကာ ကုန်သွယ်မှုစင်တာ (International Trade Center - ITC) ၏ နည်းပညာ အကူအညီတို့ဖြင့် စတင် ဆောင်ရွက်ခဲ့ ပါသည်။

၂။       မြန်မာနိုင်ငံ၏အမျိုးသားအဆင့်ပို့ကုန်မဟာဗျူဟာရေးဆွဲခြင်းလုပ်ငန်းစီမံချက် စတင်ခြင်းနှင့် ပထမ အကြိမ်အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၃ ခုနှစ်၊ မေလ ၂ ရက်နေ့မှ ၄ ရက်နေ့ အထိ နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါသည်။ ပထမအကြိမ်အလုပ်ရုံဆွေးနွေးပွဲမှ အမျိုးသား ပို့ကုန်မဟာဗျူဟာအတွက် မျှော်မှန်းချက်၊ ဦးတည်ချက်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဦးစားပေး ကဏ္ဍ (၇)ခုနှင့် အထောက်အ ကူပြုကဏ္ဍ (၄) ခုတို့ကို ရွေးချယ်ဖော်ထုတ်နိုင်ခဲ့ပါသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ၏မျှော်မှန်းချက်မှာ-

ထွန်းသစ်စ မြန်မာနိုင်ငံအတွက် ပို့ကုန်ဦးဆောင်သော စဉ်ဆက်မပြတ် တိုးတက်မှု နှင့် ကြွယ်ဝမှုဆီသို့
“Sustainable export-led growth and prosperity for an emerging Myanmar”

အမျိုးသားပို့ကုန်မဟာဗျူဟာ၏ဦးတည်ချက်မှာ-

စဉ်ဆက်မပြတ်တိုးတက်မှုရှိပြီး၊အလုံးစုံပါဝင်ကာညီညွတ်မျှတမှုရှိသည့်ပို့ကုန်ဦးဆောင်သောတိုးတက်မှုကို ဖော်ဆောင်ရန်၊

-    ကျိုးကြောင်း ညီညွတ်ကာထိရောက်မှုရှိသော ကြိုတင်မှန်းဆနိုင်သော ပွင့်လင်းမြင်သာမှုရှိသော မူဝါဒနှင့် စည်းမျဉ်းမူ ဘောင်များ ပေါ်ပေါက် လာစေရန်၊

-    ထုတ်လုပ်မှုစွမ်းဆောင်ရည် တိုးချဲ့ခြင်းနှင့် တီထွင်ဖန်တီးမှုများကိုအာ ပေးမြှင့်တင်ခြင်းဖြင့် ယှဉ်ပြိုင်နိုင်မှုရှိသော၊ အရည်အသွေး ကောင်းပို့ကုန်များ အမျိုးအမည်စုံလင်စွာ တိုးတက်လာစေရန်၊

-    လက်ရှိ ပို့ကုန်လုပ်ငန်းရှင်များနှင့် ထွန်းသစ်စ ပို့ကုန်လုပ်ငန်းရှင်များ၏ လိုအပ်ချက်အမျိုးမျိုးကို ပူးပေါင်းဖြည့်ဆည်း ပံ့ပိုးပေးနိုင်မည့်ခေတ်မီကုန်သွယ်မှု အထောက်အကူပြု အဖွဲ့အစည်းများ ထူထောင်နိုင်ရန် ၊

-    ရုပ်ပိုင်းဆိုင်ရာကုန်သွယ်မှုအခြေခံအဆောက်အအုံများတည်ဆောက်ရန် ၊

၃။        NESအတွက် ရွေးချယ်ထားသောအကောင်အထည်ဖော် ဆောင်ရွက်မည့်ဦးစားပေး ကဏ္ဍများ မှာ-

           (က)   ဦးစားပေးကဏ္ဍများ (ကုန်စည်) (Priority Sector-Goods) (၅) မျိုး

                   (၁)     ဆန်

                   (၂)     ပဲအမျိုးမျိုးနှင့်ဆီထွက်သီးနှံ

                   (၃)     ရေထွက်ကုန်ပစ္စည်း

                   (၄)     အထည်အလိပ်နှင့် အဝတ်အထည်

                   (၅)     သစ်နှင့်သစ်တောထွက်ပစ္စည်း

          (ခ)     ဦးစားပေးကဏ္ဍများ(ဝန်ဆောင်မှု) (Priority Sector-Services) (၁) မျိုး ခရီးသွားလုပ်ငန်း

          (ဂ)     ဖွံ့ဖြိုးရန်အလားအလာရှိသည့်ကဏ္ဍ(Emerging Sector) (၁) မျိုး

                   (၁)     ရော်ဘာ

          (ဃ)    ဦးစားပေးကဏ္ဍများကိုအထောက်အကူပြုဝန်ဆောင်မှုကဏ္ဍများ(Cross-Sector)(၄) မျိုး

                   (၁)     ကုန်သွယ်မှုဆိုင်ရာငွေကြေးဝန်ဆောင်မှု

                   (၂)     ကုန်သွယ်မှုသတင်းအချက်အလက်နှင့်ကုန်သွယ်မှုမြှင့်တင်ရေး

                   (၃)     အရည်အသွေးစီမံခန့်ခွဲခြင်း

                   (၄)     ကုန်သွယ်မှုလျင်မြန်ချောမွေ့ခြင်းနှင့်ကုန်စည်သယ်ယူပို့ဆောင်ရေး

                             တို့ဖြစ်ပါသည်။