၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇  ရက်၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏ ဒုတိယအကြိမ် လုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပခြင်း 

၁။    ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကုန်သွယ်မှုဖွွံှ့ဖြိုးတိုးတက်ရေးအစီအစဉ်၏  ဒုတိယအကြိမ် လုပ်ငန်းကော်မတီအစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  အစည်းအဝေးကို စီမံကိန်းကော်မတီ ဥက္ကဌဖြစ်သူ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က သဘာပတိအဖြစ်  ဆောင်ရွက်ကာ  စီမံကိန်းမှ အကျိုးခံစားရသည့်  ဆက်စပ်ဝန်ကြီးဌာနများ ကော်မတီအဖွဲ့ဝင်များ၊ EU နှင့် GIZ အဖွဲ့အစည်းမှ တာဝန်ရှိသူများပူးပေါင်းပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

၂။    အစည်းအဝေးတွင် ယခင်ကာလက ဆောင်ရွက်ပြီးစီးအောင်မြင်ခဲ့သည့်  စီမံကိန်းအခြေ အနေများ အပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် နောက်လာမည့် အနာဂတ်အတွက် ဆက်လက် ဆောင်ရွက်မည့်  လျာထားချက်များ စသည်တို့ကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။